အကြီးတန်းညဝါ ပဋ္ဌာန်းစာဝါ

၁၃၇၉ ခု၊ ကဆုန်လပြည့်ကျော်(၄)ရက် 14.5.2017 ည 6:30 နာရီ ဓမ္မဂါရဝကျောင်းမှာ ပို့ချပါတယ်။

ပထမကြီးတန်း စာသင်သား သံဃာများအား ညဝါအဖြစ် ပို့ချတာပါ။
စာသင်သားသံဃာ ၁၅၀ ကျော်ရှိပါတယ်။
ကျေးဇူးရှင် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီး တီထွင်ခဲ့တဲ့ ပဋ္ဌာန်းနှစ်ချက်စုကို အာစရိယအမွေအဖြစ် ဆက်ခံသင်ကြားပို့ချပေးပါတယ်။
ပဋ္ဌာန်းကျမ်းဟာ ခက်ခဲနက်နဲသော်လည်း နှစ်ချက်စုနည်းနှင့်လေ့လာလိုက်လျှင် သဘောပေါက်တာများပါတယ်။
နွေပဋ္ဌာန်းဆိုပေမဲ့ ဝါမဆိုခင် ပြဋ္ဌာန်းစာမကုန်နိုင်ပါဘူး။
ဝါတွင်းရောက်မှ ကုန်မှာပါ။



Share:

ကံလေးမျိုးနှင့် မင်းဆိုးအမွေ တရားတော်

၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ရက်၊ ၂၀၁၂ ဒီဇင်ဘာလ ၃ ရက် မန္တလေးမြို့ အကွက် ၄၀၂ ၌ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်) ဟောကြားတော်မူအပ်သော ကံလေးမျိုးနှင့် မင်းဆိုးအမွေ တရားတော်။
Share:

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၁)

3.5.2017 ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်သို့ ရောက်ရှိပါတယ်။ စစ်တွေသို့ ကြွရောက်ကြမည့် သံဃာတော်များနှင့် မျိုးချစ်ဇာနည်များ စံတော်ဝင်ထမင်းဆိုင်မှာ စုစည်းကြပါတယ်။ သံဃာတော်(၁၀)ပါးနှင့် အမျိုးသား(၈)ဦးပါ။

ရန်ကုန်တိုင်း မ.ဘ.သ မှ ဆရာတော်ဦးကလျာဏ၊ ဦးဣန္ဓ၀ုဓ၊ တိုက်ကြီး မ.ဘ.သ မှ ဦးဇနိတ၊ ဦးနေမိန္ဒ၊ မျိုးချစ်သမဂ္ဂမှ ဦးကေတုမာလာ၊ ဦးသုစိတ္တ၊ ဦးတေဇဝန္တ၊ အဓမ္မဝါဒတိုက်ဖျက်ရေးနာယက ဦးကေသရ တို့ ပါဝင်ကြပါတယ်။
အမျိုးသားတွေထဲမှာတော့ ဝီရသက်မျိုးဦးနှင့် ဓမ္မဝံသာနုအဖွဲ့သားများ၊ မျိုးချစ်ဇာနည်များပါဝင်ကြပါတယ်။
နေ့ဆွမ်းစားအပြီးမှာ ရန်ကုန်လေဆိပ်မှ စစ်တွေသို့ ထွက်လာခဲ့ကြပါတယ်။ မွန်းလွဲပိုင်းမှာ စစ်တွေမြို့သို့ရောက်ရှိပါတယ်။ ရခိုင်လူငယ်အဖွဲ့မှ ကိုဖိုးသားဦးဆောင်သော ဌာနေတိုင်းရင်းသားများ၊ အလိုတော်ပြည့်ဆရာတော် ဦးပညာဇောတဦးဆောင်သော သံဃာတော်များ လာရောက်ကြိုဆိုကြပါတယ်။
အလိုတော်ပြည့်ကျောင်းမှာခဏနားပြီး မောင်တောခရီးစဉ် စတင်ပါတော့တယ်။ စစ်တွေဆိပ်ကမ်းမှ စက်လှေဖြင့် ရေချင်းပြင်ဆိပ်ကမ်း၊ ထိုမှတစ်ဆင့် အငူမော်လမ်းအတိုင်း ကားဖြင့် မောင်တောမြို့သို့ သွားရောက်ကြမှာဖြစ်ပါတယ်။ စာရေးသူ အိုးဘိုထောင်မှ ပြန်ရောက်လာကတည်းက ၂၀၁၂ မှ ၂၀၁၇ အထိ တစ်နှစ်တစ်ခါ ရခိုင်ပြည်ကို ကြွရောက်ခဲ့ပါတယ်။
ရခိုင်ပြည်သူများအတွက် လှူဒါန်းထားကြသူများ၊ မြန်မာပြည်တစ်ဝှမ်း လှည့်လည် တရားဟောလို့ ရရှိထားတဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဆင်းရဲနွမ်းပါးသော အနောက်တံခါးမှူးများကို အမြဲလာရောက်ထောက်ပံ့တာပါ။
ဒီနှစ် ၂၀၁၇ ခုမှာတော့ အရပ်သားဒီမိုကရေစီအစိုးရရဲ့ကျေးဇူးကြောင့် ဓမ္မပူဇာအလှူငွေများ မရရှိတော့လို့ ရခိုင်ပြည် မသွားဖြစ်တော့ဘူးထင်မိတာပါ။ အခုတော့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတ အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ မဟော်သဓာကျောင်းဒကာကြီး ဦးစိုးထွန်းရှိန် ကျေးဇူးကြောင့် ရခိုင်ပြည်ကြီးသို့ မထင်မှတ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလို့ လာခဲ့ပါပြီ။ 
ခါတိုင်းဆို မတ်လနှင့်ဧပြီလမှာ သွားဖြစ်ပါတယ်။ ဒီနှစ်တော့ မေလဆန်း(၃)ရက်မှ စတင်နိုင်တာပါ။ ရခိုင်ပြည်မှ အမျိုးတွေရေ တောင့်ထား။


ဝီရသူ(မစိုးရိမ်)
14.5.2017
PM 8:36




Share: