“မုဒိတာရပ်ဝန်း”
(သွေးလှူဒါန်းပွဲ
န၀ကမ္မအလှူ)
8.9.2016
ရက်နေ့ မာလကာခြံရပ်ကွက်မှာ ကျင်းပမည့် ပါရမီပျိုးခင်း သွေးလှူအသင်း (၁၄)ကြိမ်မြောက်
သွေးလှူဒါန်းပွဲအတွက် မန္တလေးမြို့၊ ဧရာထွန်းတိုက်ခန်းနေ ဦးသန်းဇော်+ဒေါ်ဝင်းဝင်းမာ၊
သမီးလေး မေမြတ်နိုး မိသားစုတို့က အလှူငွေ (၁)သိန်းကျပ် လှူဒါန်းပါသည်။ ( 7.9.2016)
ပါရမီပျိုးခင်း
သွေးလှူအသင်းကို စာရေးသူ တည်ထောင်ထားတာပါ။
၂၀၁၂-ခုနှစ်မှပြီး
အခုချိန်ထိ (၁၃)ကြိမ် လှူဒါန်းပြီးပါပြီ။
မနက်ဖြန်
သွေးလှူပွဲနဲ့ဆိုရင် (၁၄)ကြိမ် ပြည့်ပါပြီ။
မန္တလေး၊
မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပမှာပါ။
မနက်
၇း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါတယ်။
သွေးလှူရှင်များအား
စာအုပ်၊ ဒီဗွီဒီ၊ ရေသန့်ဘူး၊ အအေးဘူး၊ အားဆေးများနှင့်အတူ မနက်စာ အစားအစာများ လှူဒါန်းမှာ
ဖြစ်ပါတယ်။
သွေးလှူဒါန်းပွဲအတွက်
န၀ကမ္မ (၁)သိန်းကျပ် လှူဒါန်းသော အလှူရှင် ဦးသန်းဇော်+ဒေါ်ဝင်းမာ မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော
ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ
ပြည့်ဝကြပါစေ…။