“တရား မျှတ မှန်ကန်”

“တရား မျှတ မှန်ကန်”
=============

မျှတမှုဆိုတာ တရားသော မျှတမှုနှင့် မတရားသော မျှတမှုရယ်လို့ နှစ်မျိုးရှိပါတယ်။
တရားသော မျှတမှုမှ မှန်ကန်တာပါ။
မတရားသော မျှတမှုဆိုရင်တော့ မမှန်ဘူးပေါ့။
ဥပမာ နွားထီး ငါးကျပ်၊ နွားမ ငါးကျပ် ဈေးဖြတ်တာဟာ တရားသော မျှတမှု မဟုတ်ပါဘူး။


ဒီအတွက် နွားထီးတွေ အများကြီးနစ်နာပါတယ်။
နောက်တစ်ခုက ရန်ဖြစ်ရင် နှစ်ယောက်စလုံးကို အရေးယူခြင်းပါပဲ။
တကယ်တော့ ရန်စသူ ရန်လုပ်သူ ကျူးကျော်သူ အနိုင်ကျင့်သူကိုပဲ ကြီးလေးသော ပြစ်ဒဏ်ပေးရမှာပါ။
ဒါကိုပဲ ချိတ် ချိတ်ချင်း ချိတ်တယ်ဆိုပြီး နှစ်ယောက်စလုံးကို နင်ထုတ်လိုက်တာဟာ မျှတတယ်ထင်ရပေမယ့် မတရားရာ ရောက်ပါတယ်။
အားကစားမှာတောင် အိမ်ရှင်နှင့် ဧည့်သည် အိမ်ကွင်းနှင့် အဝေးကွင်း အခွင့်အရေးချင်း မတူပါဘူး။
အဲဒီလိုပဲ အိမ်ရှင်နှင့် ဧည့်သည် သားသမီးအရင်းနှင့် မွေးစားသားသမီး ဆွေးမျိုးနှင့် သူစိမ်း တိုင်းရင်းသားနှင့် နိုင်ငံသား နိုင်ငံသားနှင့် ဧည့်နိုင်ငံသား ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား ကတ္တားတွေ အများကြီး ခြားထားပါတယ်။
ဒါကြောင့် မျှတမှုဆိုတဲ့ စကားကို အရမ်းကြီးမသုံးကြပါနဲ့။
အိမ်ရှင်နစ်နာလွန်းလို့ပါ။

ဝီရသူ (မစိုးရိမ်)
12.10.2016

PM-9:30
Share: