ကယား မဘသနှစ်ပတ်လည်ညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့ တပ်ဦးကျောင်းတိုက်တွင်(27-11-2016)ရက် နေ့(12)နာရီက ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည် ။ ထိုအခမ်းအနားတွင် - သက်တော်ရှည် မင်းကျောင်းဆရာတော် ရတနာသီရိဆရာတော် ဟော်ကြီးဆရာတော်မှ အဆုံးအမသြဝါဒများ ပေးတော်မူခဲ့ပါသည် ။
မဘသဗဟို ရွာမဆရာတော်ဘုရား၏ သဝဏ်လွှာကို ဟိုဖိတ်ဆရာတော်မှ ဖတ်ကြား၍ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့၏ သဝဏ်လွှာကို အရှင်တေဇဝံသမှ ဖတ်ကြားခဲ့ပါသည် ။ ကယားပြည်နယ်အတွင်း ဖွင့်လှစ်ထားသော ဓမ္မစကူလ်းကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကိုယ်လက်မသန်စွမ်းသော်လည်း ဘဝကိုအရှုံးမပေး၁၀တန်းကို အောင်မြင်ခဲ့သော မနော်ဒါးခူအား ဆုငွေများ ဆုချဂုဏ်ပြုခဲ့ပါသည်။ ရှင်မတောင်ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသဒေါက်တာသောပါက MRTV-4ဆရာတော် အရှင်ကဉ္စနောဘာသ ရမည်းသင်းမဘသ ရန်အောင်မင်းကျောင်းဆရာတော် အရှင်စန္ဒောဘာသ အရှင်နာယက (ဗုဒ္ဓတက္ကသိုလ်) ဒေါ်ပေါရွှေတို့မှ အသိပညာပေးဟောပြောခဲ့ပါသည် ။
ဆက်လက်၍ ... ကယားပြည်နယ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယဉ်ကျေးလိမ္မာညီလာခံကြီးအတွက် ပါရမီဆရာတော်မှ ဆွေးနွေးခဲ့ပြီး ဟော်ကြီးဆရာတော် လွိုင်လင်လေးဆရာတော်အရှင်ရာဇိန္ဒတို့မှ အကြံပြုဆွေးနွေးခဲ့ကြပါသည် ။
ထိုနောက် ... ဆရာတော်အရှင်ဝိသုဒ္ဓ (တောင်သာ)ဒေါ်နန်းသင်းသင်းယု တို့မှ ဆွေးနွေးတင်ပြကြပြီးကယားမဘသအဖွဲ့၏ သဘောထားကြေငြာချက် (၆)ချက်ကိုသတ္တဗလူဆရာတော်မှ ဖတ်ကြားတင်ပြကာ ညီလာခံအနှစ်ချုပ်ကို အရှင်ရာဇိန္ဒမှ ပြန်လည်တင်ပြပါသည်။ ထို့နောက် ... အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ၃ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည် ။
ညီလာခံမစတင်မှီနှင့်ညီလာခံအပြီးတွင် တေးသံရှင်လင်းထိုက်မှ တေးသီချင်းများဖြင့် ပူဇော်ခဲ့ပါသည် ။
မှတ်ချက် /
ညီလာခံ ပြီးမြောက်အောင်မြင်စေရန် အတွက်
နေရာပေးခဲ့ပါသော တပ်ဦးဆရာတော်
ဘဏ္ဍာရေး ပရဟိတရေး ပြင်ဆင်ရေး စသဖြင့်
ဆောင်ရွက်ကူညီခဲ့ကြသော သံဃာတော်များ
ပရဟိတအသင်းအဖွဲ့များ နှင့်တကွ ဧည့်ပရိသတ်များ
အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း
ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသတည်း ။
သတင်းနှင့် ပြန်ကြားရေးအဖွဲ့
ကယား မဘသ


