25.11.2016 ရက်နေ့ မြင်းခြံမြို့နယ် အနိမ့်ရွာ တရားပွဲမှအပြန် မြင်းခြံ မဘသ ၀ိုင်းတော်သားများနှင့်အတူ မြင်းခြံမြို့ ရွှေပဒေသာ ဧည့်ရိပ်မွန်မှာ ခဏနားပါတယ်။
ရွှေပဒေသာဧည့်ရိပ်မွန် ပိုင်ရှင် ကိုကျော်ကျော်ဦး+မမြမျိုးမွန် မိသားစုဆိုတာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မုန့်ဟင်းငါးအချိန် (၁၅၀) စတုဒိသာကျွေးတဲ့ အလှူရှင်တွေပါ။
အခုချိန်ထိ မစ္စတာထရမ့်ပုံ ဗွီနိုင်းပိုစတာကြီးရှိပါသေးတယ်။ ဒါကြောင့် မြန်မာထရမ့်ဟိုတယ်လို့ တင်စားလိုက်တာပါ။ မြန်မာထရမ့်ဟိုတယ်မှာ မြင်းခြံမိသားစု အသီးသီးက အလှူငွေများ ကပ်လှူကြပါတယ်။
(၁) ကိုကျော်ကျော်ဦး+ မမြမျိုးမွန် သမီး ကျော်ရတနာမျိုး၊ ယွန်းဝတီကျော်ဦး ရွှေပဒေသာဧည့်ရိပ်မွန် မိသားစုက အလှူငွေ (၁) သိန်းကျပ်နှင့်
(၂) ဦးလှရွှေ+ဒေါ်အေးအေးဝင်း (မိုးကောင်းကင်) မိသားစုက အလှူငွေ (၁) သိန်းကျပ်။
(၃) ကိုခင်မောင်ညို+မစိမ်းလဲ့လဲ့မင်း သမီး သိမ့်သဒ္ဒါမောင်(ဟိဏ်းမြတ်) မိသားစုက အလှူငွေ (၅) ငါးသောင်းကျပ်။
(၄) ကိုနေလင်း+မနှင်းနှင်းဝေ မိသားစုက အလှူငွေ (၁) သောင်းကျပ်။
စုစုပေါင်း ၂၆၀၀၀၀ိ (နှစ်သိန်းခြောက်သောင်းကျပ်) လှူဒါန်းကြပါတယ်။
အလှူရှင်များနှင့်အတူ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင် ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။


