မြင်းခြံမြို့နယ် အနိမ့်ရွာ တရားပွဲ

တန်ဆောင်မုန်းလပြည့်ကျော်(၁၁)ရက်၊ 25.11.2016 ည ၇း၃၀ နာရီ၊ မြင်းခြံမြို့နယ်၊ သာပေါင်းအုပ်စု၊ အနိမ့်ရွာ တိုက်ကျောင်းဓမ္မာရုံ၊ အလှူဒါယကာကြီး ဦးသန်းကြည်+အလှူဒါယိကာမကြီး ဒေါ်ခင်ခင် သား အလှူဒါယကာ ဦးမင်းကိုကို၊ အလှူဒါယကာကြီး ဦးမောင်တော်+အလှူဒါယိကာမကြီး ဒေါ်အေးစန်း သမီး အလှူဒါယိကာမ ဒေါ်သင်းသင်းနွယ် မိသားစုတို့၏ ရှင်ပြုနားသ အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။
မြင်းခြံ မဘသ နောင်တော်ကြီး ဦးဇာဂရနှင့် ၀ိုင်းတော်သားများ လာရောက်ကြိုဆိုကြပါတယ်။ တိုက်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တတေဇနိယအား ဖူးမြော်ပူဇော်ပြီး စာအုပ်စာစောင်များ လှူဒါန်းပါတယ်။ တောသူတောင်သား ပရိသတ်များနှင့် သင့်တော်မည့် သုတ္တန်များဟောကြာခဲ့ပါတယ်။ သုတ်မဟာဝါပါဠိတော် သက္ကပဥှသုတ္တန်၊ မဇ္ဈိမပဏ္ဏာသပါဠိတော် ပိယဇာတိကသုတ္တန်၊ ဓမ္မပဒပါဠိတော် ဓနဉ္ဇာဏီဝတ္ထု၊ အဂုင်္တ္တိုရ်ပါဠိတော် ကာရဏပါဏီသုတ္တန် တရားလေးပုဒ်ကို အကျဉ်းချုံးကာ နမောတဿတန်ဖိုး အမည်နှင့် ဟောကြားခဲ့ပါတယ်။


(က) ဗုဒ္ဓတရားတော် ဆိုသည်မှာ အရသာကောင်းနှင့်တူလှစွာ။
အရသာကောင်းတွေ ပြည့်သူမှာ ညံ့သောအရသာ မတောင့်တပါ။
(ခ) ဗုဒ္ဓတရားတော် ဆိုသည်မှာ မုန့်ချိုခဲနှင့် တူလှစွာ။
မုန့်ချိုခဲကို စားသူမှာ စိတ်ရွှင်လန်းမှု ရရှိတာ။
(ဂ) ဗုဒ္ဓတရားတော် ဆိုသည်မှာ စန္ဒကူးနှင့်တူလှစွာ။
စန္ဒကူးနံ့သာ ရသူမှာ ၀မ်းပန်းတသာ ဖြစ်လှစွာ။
(ဃ) ဗုဒ္ဓတရားတော် ဆိုသည်မှာ ဆေးဝါးကောင်းနှင့်တူလှစွာ။
ဆေးဝါးကောင်းနှင့် တွေ့သူမှာ ရောဂါအားလုံးကင်းပျောက်မှာ။
(င) ဗုဒ္ဓတရားတော် ဆိုသည်မှာ စမ်းရေအေးနှင့်တူလှစွာ။
စမ်းရေအေးကို ချိုးသူမှာ ပူလောင်ခြင်းတွေ ကင်းပျောက်တာ။
နမော တဿ ရွတ်ပွားပါ၊ ဘေးရန်ကင်းလို့ ချမ်းသာမှာ။
ဘေးကင်းလုံခြုံ ပြည့်စုံရေး၊ နမော တဿ ရှိခိုးပေး။



Share: