အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ကျောက်မဲ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ ကျောက်မဲ (၃)နှစ်ပြည့် နှစ်ပတ်လည် ညီလာခံ၏ သဘောထားကြေညာချက်
စာအမှတ် ၀၁/ကမ/ရမ/၀၁
ရက်စွဲ ၂၀၁၆ - ခုနှစ် ဒီဇင်ဘာ (၁၄)ရက်

၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ ကျောက်မဲမြို့နယ်သည် ဓမ္မဒိဋ္ဌာန်ကျကျ ဓမ္မ၀ိနယနှင့်အညီ မည်သည့်ပါတီ ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်မဆို လက်တွဲလုပ်ဆောင်မည့် အဖွဲ့အစည်းဖြစ်သည်။
၂။ ဥပဒေနှင့် မီဒီယာ အခြေခံသင်တန်းများကို ရှမ်း/မြောက်(မဘသ)နှင့်အတူ တောရော မြို့ပါမကျန် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
၃။ မည်သည့်လက်နက်ကိုင်အဖွဲ့မဆို အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ထိခိုက်စေခြင်း၊ အန္တရာယ်ပြုခြင်း မလုပ်ဆောင်ကြရန် အထူးမေတ္တာရပ်ခံသည်။

၎။ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ လက်တွဲဆောင်ရွက်ရေး မူ(၃)ချက်ကို အခြေခံဖွဲ့စည်းထားသော ရှမ်း/မြောက်(မဘသ) ညီညွတ် ငြိမ်းချမ်းမှုဖော်ဆောင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းစဉ်များကို အစွမ်းကုန် ကူညီဆောင်ရွက်သွားမည်။
၅။ ကမ္ဘာကျော် ဗုဒ္ဓသာသနာပြု ဓမ္မကာယကျောင်းတော်ကြီး ဖျက်ဆီးမခံရစေရေး ထိုင်းဗုဒ္ဓဘာသာဝင်များနှင့်အတူ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ ကျောက်မဲမြို့နယ်ကလည်း ဓမ္မ၀ိနယနှင့်အညီ ရပ်တည်ကူညီဆောင်ရွက်သွားမည်။
၆။ ဇီဝိတဒါန ကျွဲ၊ နွား ကယ်ဆယ်ရေးအတွက် ရှမ်း/မြောက် (မဘသ)နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျွဲ၊ နွား မှောင်ခိုလုပ်ငန်းများ ပပျောက်စေရေး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်။
၇။ ကျောက်မဲမြို့ပေါ်ရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ဝင်များအနေဖြင့်လည်း အမျိုး ဘာသာ သာသနာနှင့် ဆက်စပ်သော လုပ်ငန်းကိစ္စအ၀၀တွင် မိမိတို့စွမ်းနိုင်သမျှ အစွမ်းကုန် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းသည်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ကျောက်မဲ)
ဦးဝါသ၀ ဦးဣဿရိယ
အတွင်းရေးမှူး ဥက္ကဋ္ဌ
Share: