အင်္ဂလန် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီးနှင့် စကားစမြည်

25.11.2016 ရက်နေ့မှာ ရောက်လာတာပါ။ ပြင်သစ်ဒါရိုက်တာကြီးရဲ့ မိတ်ဆွေလို့ သိရပါတယ်။ အသက် (၆၉) နှစ်အရွယ်ရှိပါပြီ။ အနုပညာသက်တမ်း (၃၀)ကျော်ပြီလို့ ဆိုပါတယ်။ အမည်က Ms.Marella Oppenheim ပါ။

စာချနေပုံတွေလည်း ရိုက်ကူးသွားပါတယ်။ ဘုရားမှာ တရားထိုင်နေပုံတွေနဲ့ ပန်းခြံထဲမှာ ရွတ်ဖတ်ပူဇော်နေပုံတွေလည်း ရိုက်ကူးသွားပါတယ်။ ဟာသဥာဏ်အတော်ရွှင်ပြီး ရွှင်လန်းတက်ကြွနေလို့ (၆၉)နှစ် အရွယ်မှန်းတောင် မရိပ်မိပါဘူး။

နိုင်ငံတကာမှာ စာရေးသူနဲ့ပတ်သက်တဲ့ ကောလာဟလတွေကို အရင်မေးပါတယ်။ အကြောင်းရင်း သတင်းမှန်ကိုသိချင်လို့ မေးတာပါ။ ပထမပိုင်းတော့ ကုလားအသိုင်းအ၀ိုင်းလို့ အောက်မေ့မိပါတယ်။ ရေနွေးပွဲချကျွေးမှ ဗုဒ္ဓဘာသာမှန်းသိလိုက်ရတာပါ။ သတ်သတ်လွတ်စားတယ်ဆိုလို့ မေးကြည့်တော့ လည်ပင်းမှာဆွဲထားတဲ့ ကျောက်စိမ်းရုပ်ပွားတော်လေးကို ပြပါတယ်။ စာရေးသူကို ဓာတ်ပုံရိုက်ရင်လည်း ရယ်အောင် စနှောက်ပြီးမှ ရိုက်ပါတယ်။ ရယ်ရယ်မောမော် ပေါ့ပေါ့ပါးပါး ပုံလေးတွေ ပြချင်လို့လို့ ဆိုပါတယ်။ ဗုဒ္ဓဘာသာခံယူထားတာ တစ်နှစ်ကျော်ကြာပေမဲ့ ခြင်ကိုက်ရင်တော့ သတ်မိတယ်လို့ ဆိုပါတယ်။ အကျင့်ပါနေလို့ ဖြစ်မှာပါလို့ ပြောပါတယ်။ စာရေးသူက သူ့အသက်ကိုမသတ်မိအောင် ရှောင်ကြဉ်တဲ့အဆင့် သုံးဆင့်ရှိကြောင်းပြောပြလိုက်တော့ သူရှက်မိတယ်လို့ ဆိုရှာပါတယ်။

၁။ အပြစ်ဖြစ်မှာ၊ ငရဲကြီးမှာကြောက်လို့ ရှောင်ကြဉ်တာ။
၂။ သနားလို့ ရှောင်ကြဉ်တာ။
၃။ အသက်တစ်ချောင်းကို တန်ဘိုးထားလို့ ရှောင်ကြဉ်တာ။



Share: