ပညာပါရမီ ပြည့်ဝလိုသူများ

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသားတစ်ယောက်ပါ။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာက ၇၃ မှတ်စီနဲ့ လွဲချော်ခဲ့တာပါ။ ၉ တန်းမှာ ထူးချွန်လို့ ဘော်ဒါတစ်ခုက အခမဲ့ ကျောင်းထားပေးလို့ ဂုဏ်ထူးထွက်ခဲ့တာပါ။

အဖေမရှိတော့ပါဘူး။ အမေနှင့် အဒေါ်သာရှိပါတယ်။ တောင်သူလယ်သမားတွေပါ။ မိခင်က သားငယ်နှစ်ဦးအတွက်ပဲ တတ်နိုင်ပါတယ်။ သားကြီးဖြစ်သူ ဆေးကျောင်းသားကြီးအတွက် အခက်အခဲဖြစ်နေပါတယ်။ 

လောလောဆယ် ဘော်ဒါကဆုချတဲ့ငွေနဲ့ ကျောင်းအပ်ထားပါပြီ။ သူကလေးရဲ့ ရှေ့ရေးအတွက် လာရောက် အကူအညီတောင်းခြင်း ဖြစ်ပါတယ်။ ပညာပါရမီ ကုသိုလ်ယူလိုသူများ ဆက်သွယ်နိုင်ပါတယ်။ ဆေးကျောင်းသားလေးနှင့် မိသားစုများကို တိုက်ရိုက်ဆက်သွယ်ပေးပါမည်။ (အမှတ်စာရင်းမှာ ကျောင်းသားအမည်နှင့် မိဘအမည်များ ချန်လှပ်ထားပါသည်။ ကျောင်းသားရှေ့ရေးအတွက် ဖြစ်ပါသည်။)


ဆက်သွယ်ရန်
ဦးတေဇောဘာသ 09-781857969


Share: