ပြာသိုလဆန်း ၂ ရက်၊ 30.12.2016 သောကြာနေ့ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာ၊ သိမ်တော်ကုန်းကျောင်းတိုက်၊ “သပြေဝ ခေတ်သစ်အင်အား” ပရဟိတလူငယ်အသင်း (၁)နှစ်ပြည့် အထိမ်းအမှတ် အထူးဓမ္မသဘင်။
ခေတ်သစ်အင်အား ပရဟိတအသင်းသူအသင်းသားများ တရားပွဲပါ။ သိမ်တော်ကုန်းကျောင်းတိုက် ဆရာတော်လေး ဦးကဝိန္ဒ ဦးစီးပြီး မိတ္ထီလာ၊ သာစည်၊ ဟံဇား မဘသ ဆရာတော်များ ကူညီအားဖြည့်ကြပါတယ်။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများလည်း ကြွရောက်ချီးမြှောက်ကြပါတယ်။ အသင်းအဖွဲ့ဆိုင်ရာ တရားတော်များ ဟောကြားခဲ့ပါတယ်။ အပြန်မှာ သပြေဝရွာ အေးမေတ္တာထမင်းဆိုင်မှာ ခဏနားပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၏ ရဟန်းဒါယိကာမ မိသားစုပိုင် ထမင်းဆိုင်မို့ ဝင်နှုတ်ဆက်တာပါ။


