ဝီရသူ ( မစိုးရိမ် )
28.1.2017
pm 5:27
28.1.2017
pm 5:27
====================================
အမျိုးစောင့်ဥပဒေတွေ ပြင်မယ်ဆိုတဲ့သတင်းထွက်ပြီးနောက်ပိုင်းမှာ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ဖို့အတွက် ပါဝင်လှုပ်ရှားတောင်းဆိုသူတွေက ဘာတွေပြင်ဆင်ထားပြီးပြီလဲဆိုတဲ့ မေးခွန်းက ဒီအချိန်မှာ အရေးကြီးလှပါတယ်။
အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး နုတ်ဆိတ်နေမိတာနဲ့ပတ်သက်ပြီး
ကိုယ်တစ်ယောက်တည်း ဆင်ခြေပေးမိ၊ ကိုယ်တစ်ယောက်တည်း အဲဒီဆင်ခြေတွေကို ပြန်သုံးသပ်မိတဲ့ စာပါ။

ဆင်ခြေ-၁
ပြင်မယ်လို့ပြောတာ၊ ဖျက်မယ်လို့ မပြောသေးဘူး
==================================
ဖျက်မယ်လို့မပြောသေးလို့ အေးဆေးပဲလို့ ငြိမ်နေတာမျိုးက မှားပါတယ်။
ပြင်မယ်ဆိုတာ အကုန်လုံးပြင်ပြစ်လိုက်တာမျိုးလဲဖြစ်နိုင်သလို အမြီးနုတ်၊ ခေါင်းနုတ်နဲ့ အနှစ်သာရမဲ့သွားအောင်လည်း ပြင်မယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ လုပ်နိုင်ပါတယ်။ လွှတ်တော်ထဲ အမျိုးစောင့်ဥပဒေ ပြင်ဖို့ဆိုတဲ့အဆိုရောက်သွားရင်တော့ သေချာပေါက် တစ်နည်းနည်းနဲ့ အပြင်ခံရမှာအသေအချာပါပဲ။

ဆင်ခြေ-၂
အစိုးရကို အနှောင့်အယှက်ပေးသလိုဖြစ်မှာစိုးတယ်
တစ်ခုခုဖြစ်ခဲ့ရင် မဘသကြောင့်လို့ ခေါင်းစဉ်တပ်ခံရမှာစိုးတယ်
============================================
အကြောင်းပြချက်ဟာ အကြောင်းပြချက်ပဲဖြစ်ပါတယ်။
အထက်ကအကြောင်းပြချက်နဲ့ မဘသက ငြိမ်နေရင် မဘသက ဦးဆောင်တောင်းဆိုခဲ့တဲ့ အမျိုးစောင့်ဥပဒေကို လက်မှတ်ထိုးပေးခဲ့တဲ့ လူ 10 သန်းလုံး မြောင်းထဲရောက်ကုန်ကြမယ့်သဘောပါ။
တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတဲ့ခေါင်းစဉ်အောက်က ၀င်လှုပ်ရှားရင် တိုင်းပြည်နဲ့လူမျိုးရဲ့ဆန္ဒသဘောထားတွေကို အထိအခိုက်ခံလို့ မရပါ။
အထူးသဖြင့် အမျိုးစောင့်ဥပဒေကို တို့ထိပယ်ဖျက်တာမျိုး လုပ်လာရင် သွေးနည်းလို့မရပါ။

ဆင်ခြေ-၃
စောင့်ကြည့်ဦးမယ်
==============
စောင့်ကြည့်နေယုံနဲ့မရ။ ကိုယ့်ဘက်က တပ်လှန့်နှိုးဆော်မှုတွေကို အချိန်မဆိုင်းဘဲ လုပ်ထားရလိမ့်မယ်။ ရပ်ကျေးကစလို့ ဗဟိုအထိ တံခါးပိတ်အစည်းအဝေးတွေလုပ်ပြီး ဘာလာရင် ဘာလုပ်မယ်၊ ဘာလုပ်ရင် ဘာထုတ်မယ်ဆိုတဲ့ အစီအစဉ်တွေ အချိန်မဆိုင်းဘဲလုပ်ကြရင်း စောင့်ကြည့်မှသာ စောင့်ကြည့်ဦးမယ်ဆိုတဲ့ အသံက လူထုရင်ထဲ ရောက်ပါလိမ့်မယ်။

ဆင်ခြေ-၎
အစိုးရနဲ့ထိပ်တိုက်မတွေ့ချင်ဘူး
======================
လူထုကို ဦးထိပ်ထားရင် အစိုးရနဲ့ ထိပ်တိုက်မဟုတ်ဘူး တစ်ချို့တစ်လေကိစ္စတွေမှာ စီးချင်းပါ ထိုးရပါလိမ့်မယ်။ အမျိုးစောင့်ဥပဒေဟာ လူထုအရေးကိစ္စလေးတင်မဟုတ်ဘဲ အမျိုး ဘာသာ သာသနာအရေးတွေ ရောယှက်ပါဝင်နေတာမို့ အန္တရာယ်အနည်းဆုံးလမ်းကို ရွေးလျှောက်တာထက် အထိရောက်ဆုံးလမ်းကို ရွေးလျှောက်တာမျိုးက ပိုမှန်ပါလိမ့်မယ်။

ဆင်ခြေ-၅
သူတို့ဆင်ထားတဲ့ ထောင်ခြောက်ထဲ ကျွံဝင်သွားလို့မဖြစ်ဘူး
=========================================
မဘသ မလိုတော့ဘူးဆိုတဲ့ စကားနောက်က မဘသလှုပ်ရှားမှုတွေကိုကြည့်ရင် သည်းခံနိုင်တာထက်ပိုသည်းခံခဲ့ကြတယ်ဆိုတာ ရှင်းရှင်းလေးမြင်နိုင်ပါတယ်။
မေးစရာရှိလာတာက ဒီထက်ပို သည်းခံနိုင်ကြသေးတယ်လား။
မေးစရာရှိလာတာက မဘမလိုဘူး၊ မျိုးစောင့်ဥပဒေလည်းပြင်မယ်လို့ ပြောတာကို ဆက်သည်းခံကြဦးမှာလားဆိုတာပါ။

ဟုတ်ကဲ့။
ဆင်ကိုပြုတ်စားမယ်လို့ ပြောခဲ့ဖူးတာတွေအတွက်
တချို့လည်း အိုးကိုချင့်ပြီး မယုံမရဲဖြစ်နေကြပါပြီ။

ငြိမ်းချမ်းသာ
ဇန်န၀ါရီ-28
ဇန်န၀ါရီ-28