ပြာသိုလဆန်း ၁၁ ရက်၊ 8.1.2017 ရက်နေ့၊ ည ၈း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာ၊ ဘုရားကြီးကျောင်းတိုက်၊ အထူးတရားပွဲ ဓမ္မသဘင်။
ဒေါ်ညိမ်းဆိုတာ ဒိုင်နယ် (တိုက်နယ်)ရွာကြီးပါ။ ပင်လယ်ကမ်းစပ်မှာ တည်ရှိပါတယ်။ ဖွံ့ဖြိုးစည်ကားပါတယ်။ ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်လေး ဦးသူရိယက မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်း တပည့်လေးပါ။
ဓမ္မစကူးလ်ကျောင်းသူကျောင်းသားလေးများ ဆရာ ဆရာမများက တစ်ခြမ်း၊ ရွာသူရွာသားပရိသတ်များက တစ်ခြမ်း၊ ကလေးလူကြီး စုံလင်လှတဲ့ တရားပွဲကြီးပါ။
ဖျာပုံ မဘသ ဆရာတော်များ လာရောက်စောင့်ရှောက်ကြပါတယ်။ ချစ်စရာလေးတွေ ဖြစ်စေဖို့ မေတ္တာတေးတွေ ဆိုကြစို့ တရားတော် ဟောကြားခဲ့ပါတယ်။
ချစ်စရာမိသားစုတစ်ခု ဖြစ်ဖို့အတွက် လူမှုဆက်ဆံရေးရယ်၊ တာဝန်ဝတ္တရားရယ်၊ ပညာရေးရယ်၊ စီးပွားရေးရယ်၊ အမျိုးသားရေးရယ်၊ ဘာသာရေးရယ် ပြည့်စုံဖို့လိုသလို ကမ္ဘာသူ ကမ္ဘာသားများထံ မိမိရင်ထဲက မေတ္တာတရားတွေ ဖြန့်ကျက်ဖို့ လိုအပ်ကြောင်း ဟောကြားခဲ့ပါတယ်။
“ချစ်စရာလေးတွေဖြစ်စေဖို့ မေတ္တာတေးတွေ ဆိုကြစို့”
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။