ပြည်တော်ပြန်ဆွေမျိုးများ ခေါင်းစဉ်နဲ့ စာရေးသူ ရေးသားခဲ့တဲ့ အကြောင်းအရာတွေကို ဒီသတင်းက ထောက်ခံပေးလိုက်တာပါပဲ။
===================================
===================================
ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာဝင်ကလေးငယ်များ အစ္စလာမ်ဘာသာသို့ အဓမ္မကူးပြောင်းခံနေရ
ဇန်နဝါရီ ၄၊ ၂၀၁၇
ဗုဒ္ဓဘာသာဝင်ကလေးငယ်များကို သွေးဆောင်ကာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခိုင်းပြီး လူကုန်ကူးကြသော ဂိုဏ်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ ဖော်ထုတ်လိုက်သည်။
Dhaka Tribune ၏ အဆိုအရ ယင်းရာဇဝတ်ဂိုဏ်းသည် ဆင်းရဲနွမ်းပါးသော တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်နှင့် ဟိန္ဒူကလေးငယ်များကို ပစ်မှတ်ထားလှုပ်ရှားပြီး ပြီးခဲ့သည့် ၇ နှစ်အတွင်း ယင်းဂိုဏ်းမှ အစ္စလာမ်သို့ အဓမ္မကူးပြောင်းခိုင်းခြင်းကို ခံခဲ့ရသော ကလေးငယ် ၇၂ ယောက် ရှိခဲ့သည်။
အစွန်းရောက်မူဆလင်အဖွဲ့တစ်ခုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘန်ဒါဘန်ခရိုင်အတွင်းမှ တိုင်းရင်းသားမျိုးနွယ်စုအသိုင်းအဝန်းအတွင်း တစ်အိမ်ပြီးတစ်အိမ် သွားရောက်ခဲ့ကြသည် စုံစမ်းစစ်ဆေးမှုတစ်ခုအရ တွေ့ရှိခဲ့ရသည်။ ထိုအဖွဲ့သည် ဆင်းရဲနွမ်းပါးသော မိသားစုများထံချဉ်းကပ်ကာ ကလေးငယ်များအား ၎င်းတို့ထံ ပေးအပ်လိုက်ရန်အကြောင်း၊ ကလေးများအနေဖြင့် ပညာကောင်းကောင်းသင်ရ၊ ကောင်းကောင်းစားရလိမ့်မည်ကြောင်း ယုံလောက်အောင်ပြောသွေးဆောင်ကြသည်။
သို့သော် ၎င်းတို့လက်တွင်း ကလေးများရောက်ပြီဆိုသည်နှင့် ဒါကာနှင့် နိုင်ငံအတွင်းမှ အခြားနေရာများသို့ နေရာရွှေ့ပြောင်းလိုက်ကြသည်။ ကလေးငယ်များကို အစ္စလာမ်သို့ ဘာသာကူးပြောင်းစေပြီး မဒရပ်ဆာ (အစ္စလာမ်ဘာသာရေးစာသင်ကျောင်း) ၌ ထားကြသည်။ ဇန်နဝါရီ ၁ နေ့က ရဲက စီးနင်းမှုတစ်ခုအတွင်း ဟိုတယ်တစ်ခုအတွင်းမှ ကလေးငယ် ၄ ဦးကို ကယ်တင်ခဲ့ရသည်။ ယင်းနှင့် ဆက်စပ်ပါတ်သက်နေသော ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်လူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို လူကုန်ကူးမှုဖြင့် တရားစွဲထားသည်။
ပြီးခဲ့သည့် ၇ နှစ်အတွင်း ရဲအဖွဲ့မှ ကလေးငယ် ၇၂ ဦးကို ကယ်တင်နိုင်ခဲ့သည်ဆိုသော်လည်း ယင်းဂိုဏ်းက ကလေးငယ် မည်မျှအထိ မှောင်ခိုကူးခဲ့သည်ဆိုသည်မှာ မသိနိုင်ပေ။ ယင်းလူမှောင်ခိုကူးမှုဖြစ်စဉ်မှာ ယခုမှ စဖြစ်သည်မဟုတ်ပေ။ ၂၀၁၀ ဇန်နဝါရီ ၁၀ ကလည်း ရာဇဝတ်သားများက မိဘများထံ ကလေးများကို ကျောင်းကောင်းကောင်းထားပေးမည် ဟူသော လှည့်ဖျားကတိပေးပြီး ဒါကာသို့ လူကုန်ကူးခြင်းကို ခံခဲ့ရသော ဗုဒ္ဓဘာသာဝင် ကလေးငယ် ၃၃ ဦးကို ကယ်တင်ခဲ့ရသည်။ ၂၀၁၃ ခုနှစ်ကလည်း ဗုဒ္ဓဘာသာကလေးငယ် ၁၃ ဦးသည် ၎င်းတို့အား စစ်တကောင်းမှ ဒါကာသို့အသွားလမ်းတွင် ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး ၎င်းတို့က ရဲကိုတိုင်ကြားခဲ့ရာ လူကုန်ကူးသူများလက်ထဲမှ နောက်ထပ်ကလေးငယ် ၆ ဦးကို ရဲက ကယ်တင်နိုင်ခဲ့သည်။
Buddhist Children Forced Into Islam In Bangladesh
Child Trafficking Victims Forced to Convert to Islam: Bangladeshi Police uncover a crime ring which lures Buddhist children and then converts them to Islam and trafficks them.
At least 72 children were converted to Islam and trafficked over the last seven years by a Bangladeshi criminal ring that preyed on impoverished, indigenous Buddhist and Hindu children, according to the Dhaka Tribune.
An investigation found an extremist Muslim group was going door to door among indigenous communities in the eastern Bandarban district on Burma-Bangladesh border. The group enticed impoverished families to hand over their children, saying they would receive better education and food.
However, once the ring was in possession of the children, they shipped them across the country to Dhaka and other places, converted them to Islam and placed them in madrasas. Police arrested two of those involved in the crime ring on January 1, in a raid in which they also rescued four children from a hotel. The two were charged with human trafficking.
Although police rescued 72 children from this ring over the past seven years, it is not known how many more children were trafficked by the gang. The phenomenon is not new. In January 2010, police rescued 33 Buddhist children who were trafficked to Dhaka after criminals told their families they would be placed in a good school. In 2013, 13 Buddhist children escaped while on route to Dhaka from Chittagong and alerted authorities, who were able to rescue six further children from the clutches of traffickers.
Credit to Thant Zin Htutt Thant