ဓမ္မဓရ ဝါဆိုကျောင်း စာအောင်သံဃာ ပူဇော်ပွဲ

ပြာသိုလဆုတ် ၁၄ ရက်၊ 26.1.2017 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော် တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်း ဓမ္မဓရဝါဆိုကျောင်းတိုက်မှာ ကျင်းပပါတယ်။
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၊ မစိုးရိမ် ပါဠိဆရာတော်ကြီးအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောကချီိးမြှင့်ကြပါတယ်။ 
စာရေးသူနှင့်အတူ မစိုးရိမ်တိုက်ကြီးနှစ်တိုက်မှ နာယက ဆရာတော်အချို့ တက်ရောက်ကြပါတယ်။ 
သာမဏေကျော်စာမေးပွဲများမှ စာအောင်သံဃာများအပြင် ထေရဝါဒ ပရိယတ္တိသာသနဟိတ စာမေးပွဲ ပါဠိပါဒက ပထမတန်း စာမေးပွဲအောင် သံဃာတော်များအားလည်း အောင်လက်မှတ်နှင့် ဆုငွေများ ဆက်ကပ်လှူဒါန်းပါတယ်။



Share: