မန္တလေး၊ ဇန်နဝါရီ ၁၂
မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်မှ စာအောင်သံဃာများကို ဆုချီးမြှင့်နိုင်ရေး စာအောင်ဆု ထာဝရငွေပဒေသာပင် ကျပ်သိန်း တစ်သောင်း စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ ကျပ်သိန်း ၄၀၀၀ ကျော် ရထားပြီးဖြစ်ကြောင်း ယင်းကျောင်းတိုက် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘဏ်တိုးဖြင့် စာအောင်သံဃာများကို နှစ်စဉ်လှူဒါန်းနိုင်ရန် မစိုးရိမ်တိုက်သစ် သာသနာနုဂ္ဂဟဂေါပကအဖွဲ့က လွန်ခဲ့သော နှစ်လခန့်ကတည်းက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ထာဝရငွေပဒေသာပင်အဖြစ် ကျပ်တစ်သိန်းနှင့် တစ်သိန်းအထက် လှူဒါန်းနိုင်ကြောင်း ယင်းဂေါပကအဖွဲ့ဝင် ဦးဌေးအောင်က ပြောကြားသည်။
မစိုးရိမ်ကျောင်းတိုက်တွင် နာယက၊ စာချ သံဃာတော် အပါး ၃၀၀၀ ခန့် နှစ်စဉ်သီတင်းသုံးလျက်ရှိပြီး ၂၀၁၆ ခုနှစ်အတွင်း ကျင်းပသည့် အဂ္ဂအဟာအကျော်အပါအဝင် စာမေးပွဲအသီးသီးတွင် ဖြေဆိုအောင်မြင်ခဲ့သည့် သံဃာတော်အပါး ၄၀၀ ကျော်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အခမ်းအနားဖြင့် စာအောင်ဆုနှင်းသဘင် ကျင်းပမည်ဖြစ်သည်။
စာအောင်ဆု ထာဝရငွေပဒေသာပင် ကျပ်သိန်းတစ်သောင်း စီမံကိန်းအတွက် လှူးဒါန်းလိုပါက ဂေါပကအဖွဲ့ဝင်များဖြစ်သည့်
ဦးလှအောင် ဖုန်း 092003229၊ဦးသိန်းဌေးအောင် ဖုန်း 092009790
ဦးမြဇော် ဖုန်း 092007364
ဦးကင်းဝန် ဖုန်း 095302137
တို့ထံ ဆက်သွယ်နိုင်သည်။
13.1.2017 The Voice Daily
