မစိုးရိမ်တိုက်သစ် ဆွမ်းလောင်း ဆွမ်းကပ် အလှူတော်


တပို့တွဲလဆန်း ၁ ရက်၊ (28.1.2017) မနက် ၇း၃၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ရှိ နာယက၊ စာချ၊ စာသင်သံဃာတော် ၂၅၁၃ ပါးတို့အား လောင်းလှူ ဆက်ကပ်ခြင်း ဖြစ်ပါတယ်။
ရွှေမန်းမစိုးရိမ်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအား အမှူထားလျက် မြန်မာ့ငြိမ်းချမ်းရေးနှင့် မိဘများကိုရည်စူး၍ ရန်ကုန်မြို့၊ အမှတ်(၉၇) ဝန်ဒါမီယာနေ ဦးအောင်ဝင်း+ဒေါ်ခင်ဌေး (ဆုပန်ထွာကုမ္ပဏီ) မိသားစုက လောင်းလှူ ဆက်ကပ်တာပါ။
မနက် ၁၀း၃၀ နာရီမှာ နာယကဆရာတော်များနှင့် စာချသံဃာတော်များကို ဓမ္မမဟိဒ္ဓိကျောင်ကြီးပေါ်မှာ နေ့ဆွမ်း ဆက်ကပ်ပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံမှ ငါးပါးသီလနှင့် အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူပါတယ်။



Share: