ပေါင်မြို့နယ် ကြခတ်ငူ-လက်ပန်ရွာ တရားပွဲ

ပြာသိုလဆန်း ၃ ရက်၊ 31.12.2016 ည ၇း၃၀ နာရီ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြခတ်ငူကျေးရွာအုပ်စု၊ လက်ပန်ရွာ အားကစားကွင်း၊ ထိုင်းနိုင်ငံရောက် ကြခတ်ငူ-လက်ပန်ရွာသူ ရွာသား လူငယ်မောင်မယ်များ ကြီးမှူးကျင်းပတဲ့ တတိယအကြိမ် မိဘကျေးဇူးဆပ် အထူးတရားပွဲ ဓမ္မသဘင်။
လက်ပန်ရွာ ဝေဠုဝန်ကျောင်းမှာ ခဏနားပါတယ်။ ထိုင်းနိုင်ငံမှာနေတဲ့ ဆရာတော်လေး ဦးကုမာရ ဦးဆောင်ကျင်းပတာပါ။ 
မော်လမြိုင်နှင့် ဇင်းကျိုက်မှ ပရိသတ်များလည်း လာရောက်နာယူကြပါတယ်။ ဥတ္တရာမြို့လေးမှ လူငယ်မောင်မယ်များလည်း အင်မတန်နိုးကြားတက်ကြွစွာ လာရောက်စောင့်ရှောက်တာ တွေ့ရပါတယ်။ အမျိုးသားရေး သွေးအေးမနေဖို့ သွေးနွှေးပေးခဲ့ပါတယ်။ တရားနာပရိသတ်ရော၊ တရားပွဲစီစဉ်သူတွေပါ အားတက်သရော ရှိလှတဲ့ တရားပွဲကြီးတစ်ခုပါ။ ဦးဆောင်ဆရာတော်လေး ဦးကုမာရနှင့် ထိုင်းနိုင်ငံရောက် လူငယ်မောင်မယ်များရဲ့ မိဘကျေးဇူးဆပ်တရားပွဲကတော့ ကျေနပ်စရာပါပဲ။ လူသားတိုင်း ကြခတ်ငူ-လက်ပန်လူငယ်မောင်မယ်များလို မိဘကျေးဇူး ဆပ်နိုင်ကြပါစေ။



Share: