ပြာသိုလဆန်း ၁၂ ရက်၊ 9.1.2017 ရက်နေ့၊ ည ၇း၃၀ နာရီ၊ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ရွာ၊ သဘာဝတရားရိပ်သာ၊ အထူးဓမ္မသဘင်။
ပင်လယ်ရေချိုး၊ ပင်လယ်လေရှူ ပင်လယ်အုန်းရည်သောက်ပြီး ပင်လယ်ကမ်းစပ်ရွာမှာ ဟောရတဲ့ပွဲပါ။
အနှောက်အယှက် အဟန့်အတား အခက်အခဲတွေကြားထဲက ဖြစ်မြောက်သွားတဲ့ တရားပွဲပါ။ ဖျာပုံ မဘသ နောင်တော်များ လာရောက်စောင့်ရှောက်ကြပါတယ်။ 8.1.2017 ဒေါ်ညိမ်းရွာ တရားပွဲပရိသတ်များနှင့် အခြားပရိသတ်များ သဘာဝတရားရိပ်သာမှ ယောဂီများ နာယူကြတဲ့ပွဲပါ။ ရွာမှာ ကျန်းမာရေးအတွက် လူနာတင်ယာဉ်ရှိသော်လည်း နာရေးအတွက် နိဗ္ဗာန်ယာဉ်မရှိသေးတာကြောင့် သွားလေသူတို့ နိဗ္ဗာန်ယာဉ်စီးခွင့်မရသေးပါဘူး။
နိဗ္ဗာန်ယာဉ်ပေါ်ပေါက်လာဖို့အတွက် စုပေါင်းအားနှင့် ထောက်ပံ့ကြဖို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။ တရားရိပ်သာလည်းဖြစ်၊ အဖွဲ့အစည်းတွေလည်း ရှိ၊ နိဗ္ဗာန်ယာဉ်လည်း လိုအပ်နေတာကြောင့် လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တရားတော် ဟောကြားခဲ့ပါတယ်။
မေတ္တာသုံးလီ သီလမြဲလို့၊ မျှဝေခွဲလို့် သုံးစွဲမယ်။ ပန်းတိုင်တူရင် ဗျူဟာကွဲလည်း အစွဲကင်းအောင် ဆောင်ရွက်မယ်။ သာရဏီယတရား လက်ကိုင်ထားမှ ကမ္ဘာလောကကြီး ငြိမ်းချမ်းမယ်။ လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တက်လှမ်းနိုင်ဖို့ရွယ်။