ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားပွဲ


ပြာသိုလဆန်း ၇ ရက်၊ 5.1.2017 ည ၈း၃၀ နာရီ၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ တိမ်ကြားမင်းခေါင်လမ်း၊ ဗုဒ္ဓသာသနာ့အလင်းတန်း ပရဟိတအသင်း၊ ဒုတိယအကြိမ် ဓမ္မပူဇာ အထူးတရားပွဲ။
ရန်ကုန်လေဆိပ်မှ တရားပွဲသို့ လာရာလမ်းတစ်လျှောက် မကြုံစဖူး ဆောင်းမိုးရွာတာနဲ့ ကြုံပါတယ်။ တရားပွဲနီးလာလေ မိုးကြီးလာလေပါပဲ။ တရားပွဲပျက်မှာလိုလို ဖြစ်မှာလိုလိုနဲ့ ပွဲစီစဉ်သူတွေ ဖျာခင်းလိုက် ဖျာသိမ်းလိုက်နဲ့ ဆောင်းမိုးကတော့ ဒုက္ခလှလှပေးနေလေရဲ့။ 
ပရိသတ်တွေကလည်း မပြန်၊ တရားပွဲကလည်း သုံးညတိုင်တိုင် ကျင်းပပြီးဖြစ်တာမို့ စတုတ္ထညအဖြစ် အပျက်မခံဘဲ မိုးတိတ်မှ ကျင်းပဖြစ်ပါတယ်။ ကေသရာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက မျိုးချစ်ဆရာတော် နောင်တော်ကြီး အရှင်ကေသရ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီမြှောက်ကြပါတယ်။ မိုးကအေအေး တရားက နွေးနွေးနဲ့ အရှေ့ဒဂုံသူတွေ မဝတဝ တရားနာလိုက်ရတဲ့ပွဲပါ။ မြေခွေးလူသား ရှောင်ကြဉ်ထား တရားတော် ဟောကြားခဲ့ပါတယ်။ ကျေးဇူးမဲ့ဝါဒကျင့်သုံးတယ်၊ စားပြီးနားမလည်။ မြေခွေးတွေလို လူသားများ၊ ဝေးဝေးကရှောင်ရှား။


Share: