အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဆင့်မြင့်သင်တန်းကြီး နောက်ဆုံးနေ့

ပြာသိုလဆုတ်(၁၁)ရက်၊ 23.1.2017 ရက်နေ့၊ တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးသားရေးသင်တန်းကြီးရဲ့ ပဉ္စမနေ့ (နောက်ဆုံးနေ့)ပါ။
မနက်ပိုင်းမှာ ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော်နိုင်ငံရေး သင်တန်းပြလိုက်၊ မေးခွန်းဖြေလိုက် လုပ်ပါတယ်။ 
လက်ခုပ်တဖြောင်းဖြောင်းပါပဲ။

နေ့ခင်း ၁၂း၀၀ မှ မွန်းလွဲ ၁း၀၀ နာရီထိ ဆရာဦးထိန်လင်းက သတင်းလိုက်ပုံ သတင်းရေးပုံ အဆင့်ဆင့် လေ့ကျင့်ခန်းလုပ်ပေးပါတယ်။ ညနေပိုင်းမှာ ဆရာစိုးသူရ (မဟာဝိဇ္ဇာ)က ကျေးဇူးဆပ်ခွင့်ပြုပါအဖေ ခေါင်းစဉ်နဲ့ ဟောပြောရာမှာ သံဃာတော်များ နှစ်ထောင်းအားရ အားပေးကြတာ တဝါးဝါး တဟားဟားပါပဲ။

ဆရာမကြီး ဒေါ်ခင်ဝိုင်းကြည် လွှတ်တော်အတွေ့အကြုံနှင့် ဥပဒေပြုလုပ်ငန်းအဆင့်ဆင့်ကို ဆက်လက်ပို့ချပါတယ်။ အဝေးကလည်း လာရ၊ အသက်အရွယ်ကလည်း ရလာပေမယ့် အပင်ပန်းခံပြီး တနင်္သာရီတိုင်း မဘသ အဓိဋ္ဌာန်သုံးချက် သံပြိုင်ရွတ်ဆိုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြပါတယ်။

'တနင်္သာရီ မဘသ အဓိဋ္ဌာန်'
တနင်္သာရီ ကမ္ဘာစည် ဗုဒ္ဓသာသနာတည်ရမည်။
တနင်္သာရီ ကမ္ဘာရှည် ငါတို့လူမျိုး တည်ရမည်။
တနင်္သာရီ မြန်မာပြည် ကမ္ဘာတည်သရွေ့ တည်ရမည်။


Share: