ပေါက်မြို့ မဘသ (၃)နှစ်ပြည့် နှစ်ပတ်လည်နှင့် ပခုက္ကူခရိုင် မဘသ (၆)လပတ် အစည်းအဝေး

၁၃၇၈-ခု၊ တပို့တွဲလဆန်း ၂ ရက်၊ 29.1.2017 ရက်နေ့၊ မကွေးတိုင်း၊ ပေါက်မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ပေါက် မဘသ) (၃)နှစ်ပြည့် နှစ်ပတ်လည် အထူးအစည်းအဝေး အခမ်းအနားနှင့် ပခုက္ကူခရိုင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (၆)လပတ် အစည်းအဝေးကို ပေါက်မြို့၊ ကံစွယ်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
မဘသ(ဗဟို)ဦးဆောင် ရှင်မတောင်ဆရာတော် ဘဒ္ဒန္တကဝိန္ဒောဘာသ၊ ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသအမှူးပြုသော မန်း မဘသ ဝိုင်းတော်သားများ၊ ပခုက္ကူခရိုင် မဘသ အဖွဲ့ဝင်များအပါအဝင်များနှင့် ရဟန်းရှင်လူ ပရိသတ် ၅၀၀ ခန့် တက်ရောက်ကြပါတယ်။ မနက် ၈း၀၀ နာရီမှာ ပေါက်မြို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပပါတယ်။ 
မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၏ သဝဏ်လွှာနှင့် ပေါက်မြို့နယ် မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသပေးပို့သော သြဝါဒကထာကို ဖတ်ကြားခြင်း၊ မဘသ(ဗဟို)ဦးဆောင် ရှင်မတောင်ဆရာတော် ဘဒ္ဒန္တကဝိန္ဒောဘာသ၊ မဘသ(ဗဟို)ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံ၊ ပေါက်မြို့နယ် မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကေသရတို့မှ သြဝါကထားများ မိန့်ကြားခြင်း၊ ဦးသုဇန (ဝီရ ရာဇာ)မှ အမျိုးသားကာကွယ်ရေး ဗျူဟာ(၅)ရပ် လျှောက်ထားခြင်းနှင့် သစ္စာအဓိဋ္ဌာန်(၃)ချက် တိုင်တည်ရွတ်ဆိုခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ပါတယ်။
၎င်းနောက် ပခုက္ကူခရိုင် မဘသ (၆)လပတ် အထူးအစည်းအဝေး ဆက်လက်ကျင်းပပါတယ်။ မွန်းလွဲ ၁း၀၀ နာရီမှာ ပေါက်မြို့ မဘသ (၃)နှစ်ပြည့် နှစ်ပတ်လည် အထူးအစည်းအဝေး ဆက်လက်ကျင်းပပါတယ်။ ရေဘေးကယ်ဆယ်ရေး စာရင်းရှင်းတမ်းများ ဖတ်ကြားလျှောက်ထားခြင်း၊ ဒု ဥက္ကဋ္ဌဆရာတော်နေရာ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း၊ ဘဏ္ဍာထိန်း၊ စာရင်းစစ်၊ သတင်းနှင့်ပြန်ကြားရေးများ ခန့်အပ်တာဝန်ပေးခြင်း၊ ရံပုံငွေ အသစ်ထပ်မံစိုက်ထူလှူဒါန်းခြင်း အစီအစဉ်များဖြင့် အောင်မြင်စွာ စည်းဝေးဆုံးဖြတ်ခဲ့ကြပါတယ်။

-ဝီရ ခေမိန်-





Share: