မဟာချူလာလောင်ကွန်း ညီတော်များနှင့်အတူ


29.1.2017 ရက်နေ့၊ ညနေပိုင်းမှာ မဟာချိုင်မှ မဟာချူလာသို့ သွားရောက်ခဲ့ပါတယ်။ ညီတော်လေး ဓမ္မနွယ်လိုက်ပို့တာပါ။
မဟာချူလာမှာ အမိမြေမှ ညီတော်လေးများ အများကြီးရှိပါတယ်။ နှုတ်ဆက်စကားဆိုကြ၊ မေးကြ ဖြေကြနဲ့ ပွဲကျနေကြပါတယ်။ 
ပြီးခဲ့တဲ့ ၂၀၁၆ ဖေဖော်ဝါရီလတုန်းက မဟာချူလာမှာပဲ We Love Wirathu ဆိုင်းဘုတ်ကိုင် အခမ်းအနားတက်ခဲ့ကြတဲ့ ညီတော်လေးတွေပါ။ စုပေါင်းဓာတ်ပုံရိုက်အပြီးမှာ ကျန်းမာရေးနဲ့ပတ်သက်တာလေးတွေ သြဝါဒပေးမိပါတယ်။ မဟာချိုင်ရဲ့ အောင်မြင်မှုကို မဟာချူလာမှာ အောင်ပွဲလာခံနေတာပါ။ မှတ်မှတ်ရရ မြန်မာတစ်မျိုးသားလုံးအတွက် အောင်ပွဲနေ့ကြီးတစ်ခုပါပဲ။



Share: