မပြောမပြီး မတီးမမြည်ဆိုတော့လည်း ပြောရသေးတာပ။ ယခင်အစိုးရ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ ထူးထူးခြားခြား ဥပဒေ(၄)ရပ်အကြောင်း သိကြမှာပါ။ သိတဲ့နေရာတွေမှာလည်း သိတယ်။ နယ်စွန်နယ်ဖျားက မသိတဲ့ လူတွေလည်း ရှိကြမှာပါ။ ဥပဒေ (၄)ရပ်က "တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ"တွေ ဖြစ်ပါတယ်။
ဒီဥပဒေကို တောင်းဆိုသူများဘက်က အမျိုးစောင့်ဥပဒေလို့ ခေါင်းစဉ်တပ်တော့ အော်တိုမက်တစ် အမျိုးမစောင့်ခဲ့တဲ့သူတွေ၊ တစ်လင်တစ်မယားနဲ့ အားမရလို့ နှစ်လင်သုံးလင်၊ နှစ်မယား သုံးမယား လွတ်လပ်စွာ ဖင်သရမ်းချင်သူတွေက နိုင်ငံတကာစံနှုန်းနဲ့ မညီဘူး၊ အမျိုးသမီး အခွင့်အရေးချိုးဖောက်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်ပါတယ် ဆိုတဲ့ ဖင်တစ်ခွန်းခေါင်းတစ်ခွန်းပြောပြီး အဖွဲ့အစည်းတွေကို ငွေပေး၊ မဟာမိတ်လုပ်ပြီး ငွေယူထားတဲ့ အဖွဲ့မှန်သမျှ ကန့်ကွက်ကြ လုပ်ခဲ့တဲ့ ဇာတ်လမ်းလေးတွေလည်း ကြားရဖူးတယ်ဗျ။
ကျွန်တော်ပုဂ္ဂလိကအ​နေနဲ့တော့ အမျိုးစောင့်ဆိုတဲ့ ခေါင်းစဉ်ကို ဖယ်ပြီး ဥပဒေတစ်ရပ်ချင်းစီမှာ ပါတဲ့ ပြဌာန်းချက်တွေဟာ အကာအကွယ်ရသင့်သူတွေအတွက် အကာအကွယ်ပေးထားတယ်ဆိုရင် လျော်ကန်သင့်မြတ်တဲ့ ဥပဒေလို့သာ မြင်ပါတယ်။
ပြီးတော့ ဥပဒေဆိုတာ တစ်စုံတစ်ယောက်အတွက် အဟုတ်သလို၊ အဖွဲ့အစည်းတစ်ခု လူမှုအသိုက်အဝန်း တစ်ခုအတွက်လည်း ရည်ရွယ်ပြဌာနးလို့ မရပါဘူး။
ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဆိုတဲ့ စကားအရ လွတ်တော်အမတ်တွေသည် မယားကြီးရှိပါလျှက် မယားငယ် ထားတယ်ဆိုရင် တစ်လင်တစ်မယားစနစ်ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ လွတ်တော်အမတ်မတွေသာမက သမ္မတအထိ အကြုံဝင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီဥပဒေတွေအရ နောက်လင်၊ နောက်မယား မယူရလို့ ပိတ်ပင်ထားတာလည်း မရှိပါဘူး။ ဇနီး၊မယား/ ခင်ပွန်း အကြောင်းမတိုက်ဆိုင်လို့ တရားဝင်ကွာရှင်း ပြတ်ဆဲပြီးချိန်မှာ ယူပါ။ ဒီဥပဒေတွေနဲ့ အရေးယူလို့ မရပါဘူး။ တရားဝင် ဇနီး၊မယား/ ခင်ပွန်း ရှိပါလျှက်နဲ့တော့ ဖင်မသရမ်းကြနဲ့ပေါ့။
ဒီဥပဒေတွေကို တလွဲဆံပင်ကောင်း လုပ်ပြီး အသံကောင်းဟစ်လို့ရတဲ့ ခေါင်းစဉ်တွေ တတ်ပြီးတော့သာ ကန့်ကွက်နေကြတာ ရိုင်းရိုင်းပြောရရင်တော့ ဖာထဖို့ မလွပ်လပ်လို့ ကန့်ကွက်နေကြခြင်း ဖြစ်တယ်လို့ ပြောရမှာပါ။
ဒီဥပဒေ(၄)ရပ်မှာ ရည်ရွယ်ချက်တွေ ပြဆိုထားပြီးသားပါ။ တစ်ခုရှိတာက ဒီဥပဒေ(၄)ရပ်ကို ကန့်ကွက်သူတွေထဲမှာ လက်ရှိအာဏာရ NLD ပါတီက ဒေါ်စန္ဒာမင်းတို့လည်း အဓိက ပါဝင်ခဲ့ကြပါတယ်။ 
အာဏာမရခင်က အတိုက်အခံ လုပ်တာ မအောင်မြင်ခဲ့တဲ့ အတွက် အာဏာရတဲ့အခါ အောင်မြင်စွာ ဖျက်စီးတော့မယ့် သဘောလား ဆိုတာတော့ ၎င်းတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ။ ဒေါ်စန္ဒာမင်းဟာ ယခင်လွှတ်တော် သက်တမ်းမှာ "ပြည့်တန်ဆာအခွင့်အရေး" အတွက် ဥပဒေပြဌာန်းနိုင်ရေး အလေးထား လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြည့်တန်ဆာလေးတွေ အခွင့်အရေး အတွက်တောင်းဆိုပေးသေးတာပဲ။ အမျိုးကောင်းသားသမီးတွေကို ကာကွယ်တဲ့ ဥပဒေတွေရော ရှိနေရင် မသင့်လျော်ဘူးလား။ စာရှုသူတို့ ကိုယ်တိုင်သာ စဉ်းစားကြည့်ပါ။ သုံးသပ်ကြည့်ပါ။ ​အော်​ ပူးတွဲပါ မျိုး​စောင့်​ဥပ​ဒေ ကန့်​ကွက်​သူ အ​ကျော်​အ​မော်​အချို့လည်း ရှိပါ​သေးတယ်​။ အမျိုး​စောင့်​ ဥပ​ဒေကို ကန့်​ကွက်​ပြီး​တော့ NLD ပါတီထဲက​နေ ​ရွေး​ကောက်​ပွဲဝင်​ကြ အလျှိုလျှို လွှတ်​​တော်​ထဲ ​ရောက်​သွားကြတယ်​ဗျ။
၂၄-၁-၂၀၁၇ ရက်နေ့ RFA သတင်းမှာတော့ "မျိုးစောင့်ဥပဒေလေးခုကို ၂ဝ၁၇ ခုနှစ်အတွင်း ပြင်ဆင်သွားမယ်လို့ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာမြသောင်း က ပြောပါတယ်။" ဖော်ပြထားတာ တွေ့ရပါတယ်။
ဆိုတော့ကာ ထောက်ပြပြောဆိုချင်တာက ဒီလိုပါ။ နိုင်ငံရေးသမားတွေက သူတို့ရဲ့ ပုဂ္ဂလိက ရန်ညှိးရန်စ အမုန်းအာဃာတတွေကို ရှေ့တန်းတင်ပြီး ဧည့်စာရင်း ဥပဒေဆိုလည်း ဖျက်လိုက်ဟ၊ နောက်ယောင်ခံ သတင်းရယူခြင်းကလည်း လွပ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ်ဟ ဆိုပြီး ဖျက်လိုက်ကြပြန်ရော။ ဒါတွေဖျက်လိုက်တော့ လွပ်လပ်သွားပါတယ်။ စစ်ဆေး မေးမြန်းခံခြရခြင်းမှ ကင်းဝေးသွားပါတယ်။ တိုင်းရင်းသား ပြည်သူအတွက်က ရတယ်။ တိုင်းတစ်ပါးသား ခိုးဝင်တွေကြတော့ရော။ ဘယ်လို စိစစ်မလဲ။ ဘယ်လို စစ်ဆေးမလဲ။ ဒီဥပဒေတွေကို အခွင့်ကောင်းယူပြီး စစ်ဆေးမေးမြန်းမရှိနေနိုင်ပြီ၊ အကြမ်းဖက်သမားကိုလည်း ဖွက်ထားပေးလို့ရပြီ။ သူတို့အတွက် အကြိုက်တွေ့မနေပေဘူးလား။ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလ လွတ်လပ်ခွင့်အတွက် ကောင်းပါတယ်။ အမျိုးသား လုံခြံရေးဘက်က ကြည့်ရင် ဟာကွက်ကြီး ဖြစ်မနေဘူးလား။ ဒီလိုမျိုး ဘက်စုံထောင့်စုံကနေ စဉ်းစားဖို့လဲ လိုတယ်လို့ မြင်ပါတယ်။ ဒီဥပဒေတွေ ရှိနေတော့လည်း ရဲ၊ အုပ်ချုပ်ရေးတွေက ဥပဒေလက်တစ်လုံးခြား ငွေညှစ်စားကြတာလည်း ရှိတယ်ဗျ။ မသိ နားမလည်ရင် ပိုပြီး ဒုက္ခပေးတယ်။ တိုင်းတပါး ခိုးဝင် တရားမဝင် ဆိုရင် ငွေများများရရင် ရသလို လုပ်လိုက်ကြ။ ကိုယ့်တိုင်းရင်းသား ပြည်သူဆို ထောင်ထဲထည့်ထားကြ။ အဆိုးမြင်ဝါဒီမဟုတ်ပါဘူး။ ဖြစ်လေ့ ဖြစ်ထ လုပ်လေ့ လုပ်ထ ရှိတာတွေကို ပြောလိုတာပါ။ မကောင်းတဲ့ ရည်ရွးချက်နဲ့ တလွဲအသုံးချရင် ဥပဒေက ဘယ်လောက်ကောင်းကောင်း မြောင်းထဲရောက်သွားရတာပဲ။
ယခင်အစိုးရလက်ထက်က ပြဌာန်းထားတာမှ မကြာသေးဘူး။ သူတို့မကြိုက်တဲ့ အမျိုးစောင့်ဥပဒေ ခေါင်းစဉ်အောက်က ဥပဒေ(၄)ရပ်ကို ပြင်ဆင်မယ်လို့ အသံထွက်လာပြီဗျ။ လက်နဲ့ရေးရင် ခြေနဲ့ဖျက်တယ် လို့ ပြောပြန်ရင်လည်း သူတို့လောက် ကိုယ်တွေက နားမလည်လို့ပဲ ဇွတ်ထောက်ခံနေကြတယ်လို့ ပြောအုံးမယ်။ စာရေးသူလည်း အိမ်ထောင်ရှင်တစ်ယောက်ပါ။ သူတို့လို ဖာတွေး နှာတွေးနဲ့ တွေးရင် ဒီဥပဒေ မရှိလေ ကြိုက်လေပေါ့ဗျာ။
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှ လူမျိုးမတူ ဘာသာ မတူ၊ ယဉ်ကျေးမှုပုံစံတွေ မတူကြလို့ ကိုယ့်နိုင်ငံ ကိုယ့်ဥပဒေနဲ့ နေကြ ထိုင်ကြတယ်။ ကိုယ့်အမျိုးသားနိုင်ငံတော်ကို နိုင်ငံခေါင်းဆောင်များက ရှေ့ဆောင်လမ်းပြ ကာကွယ်ကြတယ်။ ဥရောပနိုင်ငံတွေ ဆိုရင် ခရစ်ယာန် လူမှုအသိုင်းအဝိုင်း များတယ်။ ခရစ်ယာန် လူမှုအသိုင်းအဝိုင်းက လိုလားတဲ့ ဥပဒေတွေနဲ့ နေထိုင်ကြတယ်။ အရှေ့အလယ်ပိုင်းမှာ အစ္စလာမ်းမစ်နိုင်ငံတွေများတယ်။ သူတို့ရဲ့ ဘာသာရေးဥပဒေနဲ့ လူမှုအသိုက်အဝန်းကို ချုပ်ကိုင်ထားတယ်။ ယနေ့ ကျုပ်တို့မြန်မာနိုင်ငံရေးသမားတွေ အလေးထားတဲ့ နိုင်ငံတကာစံနှုန်းဆိုတာ ဥရောပတိုင်းပြည်တွေ ကျင့်သုံးနေတဲ့ မူကို ပြောတာလား၊ အစ္စလာမ်းမစ်တိုင်းပြည်တွေ ကျင့်သုံးနေတဲ့ မူတွေကို နှစ်သက်တာလား။
ခရစ်ယာန်တိုင်းပြည်တွေမှာ Living Together နေကြတာရှိတယ်။ ကလေးရပြီးမှ လက်ထပ်ကြတာရှိတယ်။ ယျေဘုယျအားဖြင့်တော့ ယောက်ျား၊ မိန်းမ ပေါင်းသင်းဆက်ဆံရေးမှာ လွယ်ကူတယ်။ အစ္စလာမ်းမစ်နိုင်ငံတွေမှာ ဆိုရင်တော့ ၆နှစ်အထက်ဆို အရွယ်ရောက်ပြီးပြီလို့ သတ်မှတ်တယ်။ အဖိုးအို သက်ကြားရွတ်တွင တဏှာရမ္မက်ထပြီး ကိုယ့်မြေးအရွယ် ဆယ်နှစ်၊ ဆယ့်နှစ်နှစ်သမီး သိမ်းပိုက်လို့ ရတယ်။ ယေညက်ျားများက မိန်းမ(၄)ယောက် တရားဝင် ယူလို့ရတယ်။ မိန်းမကို မနှစ်သက်တော့ရင် တွလ္လာက် သုံးကြိမ်ပြောပြီး အိမ်ပေါ်က မောင်းချလိုက်လို့ရတယ်။
ဘယ်ဟာတွေကို နိုင်ငံတကာစံလို့ ပြောနေကြတာလဲ။ အထက်မှာ ပြဆိုခဲ့တဲ့ အရာတွေက နိုင်ငံတကာစံလို့ ဆိုရမှာလား။ ကိုယ့်လူမှုအသိုက်အဝန်းနဲ့ကိုယ် ပြဌာန်းဆောင်ရွက်နေကြတာ မဟုတ်ဘူးလား။ စဉ်းစားကြည့်ကြ။ အဖြေရှာ ကြည့်ကြပါအုံး။
RFA သတင်းမှာ ဒေါက်တာမြသောင်းက "မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကလည်း မျိုးစောင့်ဥပဒေလေးခုကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။" လို့ ဖော်ပြထားတာ တွေ့ရတယ်။
ရန်ဟီးလီ ဆိုတဲ့အမျိုးသမီး လာသည့်အခါတိုင်း မြန်မာတိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက်ကို အလေးထားပြောသလား၊ ခိုးဝင်တွေရဲ့ အခွင့်အရေးအတွက် အလေးထားပြောသလား။ ဒါကို ထောက်ရှုဆင်ခြင်သင့်ပါတယ်။ ရန်ဟီးလီပြောတိုင်း လိုက်လုပ်မှာလားလို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ သူပြောတဲ့အတိုင်း လိုက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်ဆိုရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူများသည် တိုင်းရင်းသား ပြည်သူတွေအပေါ်မှာ သစ္စာမဲ့ရာကျတဲ့ လုပ်ရပ်တွေ မကြာမှီကာလအတွင်း လုပ်ဆောင်လာကြပါလိမ့်မယ်လို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို အသိပေးရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေး၊ ခိုးဝင်ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ ရန်ဟီးလီတိုက်တွန်းသလိုသာ ကျုပ်တို့အစိုးရ တာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ကြမယ်ဆိုရင် မခက်ပေဘူးလား။ ဒါလေးတွေကို ကြိုတွေး စဉ်းစားထားဖို့ လိုပါတယ်။
မျိုးစောင့်ဥပဒေ ပြဌာန်းပေးဖို့ တင်ပြထားစဉ် လိုက်လံ ရှင်းလင်း ဟောပြောရာမှာ ကျွန်တော်တို့အထဲက ကိုသီရိ ဒီဥပဒေတွေအကြောင်း အများသူငါ သိရှိအောင် တဖွဖွ ရှင်းလင်း ပြောဆိုပါတယ်။ ဘာသာရေးအကြမ်းဖက် အစွန်းရောက်အန္တရာယ်တွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပြောတယ်။ သူက ဒါကိုပဲ တစိုက်မတ်မတ်ပြောတယ်။ ဒီလိုလုပ်ခဲ့ တာတွေဟာလည်း ရွှေတံဆိပ်ကြီးတွေ ရချင်လို့လည်း မဟုတ်ဘူး။ အစိုးရရဲ့ ဂုဏ်ပြုခြင်းကို ခံရဖို့လည်း မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ပြည်သူတွေအပေါ် အိမ်ထောင်ရေးကို အကြောင်းပြုပြီး ဘာသာရေးဝါးမြိုမခံရလေအောင်၊ ဘာသာရေးအဓမ္မသိမ်းသွင်းမှုတွေကို ဥပဒေနဲ့ ကာကွယ်လို့ ရအောင် ပြဌာန်းဖို့ ကြိုးစားနေခြင်းကို သိရှိနားလည်အောင်လို့ပါ။
အဲဒီအချိန်တုန်းကလည်း လူ့အခွင့်အရေး ယောင်ယောင်၊ အမျိုးသမီးအခွင့်အရေး ယောင်ယောင် ကိုတတ်ပ၊ မတတ်ပ တွေက နားကို ဂွမ်းစို့ပြီး မျက်စိစုံမှိတ် ကန့်ကွက်တယ်ဆိုတာကို တွင်တွင် ပြောကြတာပါ။ ဘယ်အချက်ကို ကန့်ကွက်တာလဲ မေးရင် ခွေးအကြီး လှည်းနင်းသလို မဆိုင်တာတွေ ပြောကြပြန်ရော။
ဆိုတော့လေ၊ ကျွန်တော်ပြောလို့လည်း ဒီဥပဒေ(၄)ရပ်ကို မထောက်ခံနဲ့။ ကန့်ကွက်ပါတယ်ဆိုတဲ့ ဖာထချင်တဲ့ အဝှာကိုကို အဝှာမမတွေ ပြောတာကိုလည်း တစ်ဖက်ပိတ် မယုံနဲ့။ လေ့လာကြည့်။ ဆင်ခြင်သုံးသပ်ကြည့်။ တိုင်းပြည်နဲ့ လူမျိုးအတွက် လျော်ကန်သင့်မြတ်တယ် ဆိုရင် ဘယ်သူဖျက်ဖျက် မပျက်စီးစေနဲ့။ ဗိုလ်ချုပ်က နိမိတ်ဖတ်ခဲ့တာပဲ။ ဖာတိုင်းပြည်က ဖြစ်ကိုဖြစ်ရမှာ ဆိုရင်လည်း ခင်ဗျားသဘောရှိ။
တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူတွေ အကျိုး ရှေးရှုပြီး ဆောင်ရွက်ခဲ့ကြသူတွေအတွက်တော့ နောက်တစ်ကွက် မျက်လှည့်ပြဖို့ ကနဦးခြေလှမ်းဆိုတာ အသိပေးလိုခြင်း ဖြစ်လေတော့သတည်း။
နောင်တော်လေး (ဘိုကလေး)
Share: