မတွေ့ဆုံရသေး
အဆက်အသွယ် မရှိသေးသည့် မိတ်ဆွေပါ။
အမှန်တရားဘက်တော်သားတစ်ဦးရဲ့ လက်ရာ ဖြစ်ပါတယ်။
မြည်းကြည့်ပါဦး)
************************************
အဆက်အသွယ် မရှိသေးသည့် မိတ်ဆွေပါ။
အမှန်တရားဘက်တော်သားတစ်ဦးရဲ့ လက်ရာ ဖြစ်ပါတယ်။
မြည်းကြည့်ပါဦး)
************************************
■ဘင်္ဂလားဒေ့ရှ်/မြန်မာ နယ်စပ်တင်းမာမှု
ရိုဟင်ဂျာအကြမ်းဖက်များကို ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ထောက်ပံ့ကူညီမှုဖြင့် လေ့ကျင့်သင်တန်းပေးခြင်းက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပဋိပက္ခဖြစ်ပွားစေသော အကြောင်းတရားများထဲမှတစ်ချက်ဖြစ်သည်။ လတ်တလောတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တင်းမာမှုများ မြင့်တက်နေသည်။ ၎င်း၏ ‘The Politics of Refugees in South Asia- Identity, Resistance and Manipulation’ စာအုပ်တွင် နာဘိုင်း မာရှစ်ဒ် Narvine Murshid က ဤသို့ရေးသားထားသည်။
မကြာသေးမီက မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးသည် ဘင်္ဂလားပင်လယ်အော်အတွင်း ဓာတ်ငွေ့ရှာဖွေခြင်းနှင့်ပတ်သက်ပြီး ငြိုးမယ်ဖွဲ့ရန်စောင်လာခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်၏ အဆိုအရ မြန်မာသည် စိန့်မာတင်ကျွန်းပတ်လည်ရှိ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကို ထိပါးခဲ့သည်ဟုဆိုသည်။ သို့သော် စုံစမ်းစစ်ဆေးမှုများပြုပြီးသောအခါ ယင်းဧရိယာည် မြန်မာ့ရေပိုင်နက်နယ်နမိတ်အတွင်း ကျရောက်နေသည်ဟု ပင်လယ်ရေကြောင်းဆိုင်ရာ အထူးတရားရုံးက ကြေငြာခဲ့သည်။
တောင်အာရှ ဒုက္ခသည်နိုင်ငံရေး
-----------------------------------------
-----------------------------------------
၂၀၁၂ က ရာမူးနှင့် ဘင်္ဂလားဒေ့ရှ်တွင် မူဆလင်လူအုပ်ကြီးက ဗုဒ္ဓဘာသာဘုရားကျောင်းကန်များ၊ နေအိမ်များကို ဖျက်ဆီးပြီး ဗုဒ္ဓဘာသာဝင် အလုပ်သမားများကို တိုက်ခိုက်ခဲ့ကြသည်။ အချို့ကလည်း ယင်းအမုန်းတရားအကြောင်းခံရာဇဝတ်မှုများ hate crimes သည် မြန်မာပြည်တွင်း၌ ရိုဟင်ဂျာမူဆလင်များအပေါ် ဖိနှိပ်မှုများ ရှိနေစဉ်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်က နယ်စပ်ကို ပိတ်ထားခဲ့ရာ ရခိုင်ပြည်နယ်တွင်းဝင်ကာ ၎င်းတို့၏ မူဆလင်ရဲဘက်ရိုဟင်ဂျာ(ဘင်္ဂါလီ)များကို ကာကွယ်ခွင့်မရသည့်အတွက် ဖြစ်ပွားရသည်ဟု ဆင်ခြေပေးကြသည်။ ရိုဟင်ဂျာအမည်ခံဘင်္ဂါလီအကြမ်းဖက်အဖွဲ့များကို ဘင်္ဂလားဒေ့ရှ်တွင် လက်နက်တပ်ဆင် လေ့ကျင့်ပေးသည်ဟု ယုံကြည်ရသော ပြည့်စုံလုံလောက်သော အကြောင်းတရား ရှိပေသည်။ ဘင်္ဂါလီများ လက်နက်ငယ်များကို ကိုင်ဆောင်နေနိုင်ခြင်းမှာ အများသိသောလျှို့ဝှက်ချက်ခြင်းဖြစ်သည်ဟု နာဘိုင်း မာရှစ်ဒ် က ပြောကြားခဲ့ဖူးသည်။ အနောက်အင်အားကြီးနိုင်ငံများသည် မြန်မာဗုဒ္ဓဘာသာများ ရခိုင်ပြည်နယ်တွင်း လူမျိုးတုန်းသတ်ဖြတ်ခံနေရသည်များကို မသိမမြင်ယောင်ဆောင်ကာ၊ မြန်မာအစိုးရ၏ ဖိနှိပ်မှုအတွင်း သေဆုံးခဲ့ရသူများမှာ အယ်လ်ကိုင်ဒါနှင့်ချိတ်ဆက်အကြမ်းဖက်သမားများဖြစ်သည် ဟူသည့်အချက်ကို လစ်လျူရှုကာ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများအား လေ့ကျင့်ပေးနေသည့်ကိစ္စကို ဝိုင်းဖာပေးနေကြသည်။
မြန်မာ့အရေးတွင် မီဒီယာဘက်လိုက်မှုများရှိနေ
---------------------------------------------------------
---------------------------------------------------------
မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်လုံး ဗုဒ္ဓဘာသာပြည်သူ့စစ်များ ပေါ်ထွက်လာခဲ့ကြသည်။ ၎င်းတို့က မြန်မာနိုင်ငံသားများကို လက်နက်ကိုင်စွဲ၍ အမျိုးဘာသာ သာသနာကို ကာကွယ်ရန်၊ အမိမြေကို ဘင်္ဂါလီကျူးကျော်မှုမှ ကာကွယ်ရန် သတိပေးကြသည်။ အတိတ်ကလည်း ဘာသာရေးနှင့် လူမှုရေးတင်းမာမှုများကို အနောက်မှ ချယ်လှယ်သည်များ ရှိခဲ့ဖူးသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ အနောက်အကျိုးမျှော် အစိုးရဆန့်ကျင်ရေးဖြစ်သော ၂၀၀၇ "ရွှေဝါရောင်တော်လှန်ရေး" ကို CIA မှ ကြိုးကိုင်ခဲ့ခြင်းများ ရှိခဲ့ဖူးသည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူကို လူမျိုးရေးအမုန်းတရားသွေးထိုးမှုနှင့် မူဆလင်များအား အစုအပြုံလိုက်သတ်ဖြတ်မှုကို ဖြစ်စေရန် သွေးထိုးမှုများဖြင့် စွပ်စွဲကြသည်။ Time မဂ္ဂဇင်းက ၎င်း၏ဓာတ်ပုံကို မျက်နှာဖုံးစာမျက်နှာ၌ 'The face of Buddhist terror’ ဟု ဖော်ပြခဲ့ဖူးသည်။ သို့သော် အရင်းစစ်လျှင် အစ္စလမ္မစ်အကြမ်းဖက်မှုမှ ဗုဒ္ဓဘာသာဝင်များကို ကာကွယ်နေကြောင်းရှင်းလင်းသည့် ဦးဝီရသူ၏ ပြောစကားများကို မီဒီယာသတင်းများ၊ စာတမ်းများ၌ မဖော်ပြဘဲချန်လှပ်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓဘာသာဝင်များက မူဆလင်များကို ကျူးလွန်သည့်ပြစ်မှုမျိုးဆိုလျှင် စစ်ဆေးမေးမြန်းမရှိ အတည်ပြုသည်။ မူဆလင်များက ဗုဒ္ဓဘာသာဝင်များကို ကျူးလွန်သည့်သတင်းမျိုးဆိုလျှင်တော့ ဘာလာလာ ပယ်ချသည်။
BBC မှ ဦးဝီရသူအကြောင်း Our World: Myanmar’s Extremist Monk ခေါင်းစဉ်ဖြင့် သတင်းဖော်ပြဘူးသည်။ ထို၌ ဗုဒ္ဓဘာသာဝင်များက မူဆလင်များကို ကျူးလွန်သည်ဆိုသော လူသတ်မှုများကို ကျယ်ကျယ်ပြန့်စုံစမ်းစစ်ဆေးသည်၊ မိသားစုဝင်များကို အင်တာဗျူးသည် စသည်ဖြင့် ဖော်ပြထားသည်။ သို့သော် မူဆလင်သတ်ခြင်းခံရသော မည်သည့်ဗုဒ္ဓဘာသာဝင် မိသားစုကိုမှ တွေ့ဆုံမေးမြန်းခြင်းမပြု။ ဤတွင် အာဏာပိုင်များက မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေသော BBC ရုပ်သံအဖွဲ့ကို တွေ့ဆုံမေးမြန်းခွင့်မပေးတော့ဘဲ နှင်ထုတ်လိုက်သည် ဆိုသည်။ BBC ဆိုချင်သည်က မြန်မာအစိုးရသည် တစ်ခုခုကို ဖုံးကွယ်နေသည်ဟု သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည်။ သို့သော် ရှင်းနေသည်က BBC သည်ပင် သတင်းအချက်အလက်တစ်စုံတစ်ရာကို ဖုံးကွယ်နေခြင်း ဖြစ်တော့သည်။ BBC မှ မည်သည့် သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးတစ်လေကိုမှ တွေ့ဆုံမေးမြန်းခြင်းမပြုခဲ့။ ၎င်းတို့၏ အမြင်ရှုထောင့်ပိုင်းဆိုင်ရာကို လုံးဝချန်လှပ်ထားခဲ့ပေသည်။
အစ္စလမ္မစ်ကျူးကျော်မှုအတွင်း အခံဘက်ကနာခံရသောသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်ဟူ၍ BBC စသော မီဒီယာက ဖော်ပြသည်ကို စာရေးသူတို့ မတွေ့ရှိစဖူး။ BBC ကတော့ ဆိုပါသည်။ ဦးဝီရသူဖော်ပြသော ဓာတ်ပုံများမှာ ပိုးစိုးပက်စက် အော်ဂလီဆန်ဖွယ်ဖြစ်နေ၍ မဖော်ပြခြင်းဟူ၏။ BBC ၏ သတင်းမှတ်တမ်းရုပ်ရှင်အရ ၎င်းပြောချင်သည်က ဦးဝီရသူသည် မူဆလင်ဒုက္ခရောက်သူများကို စာနာစိတ်မရှိဟူ၍ဖြစ်သည်။ သို့ဆိုလျှင် ဦးဝီရသူမှလည်း BBC သည် ဗုဒ္ဓဘာသာဝင် ဒုက္ခရောက်သူများကို စာနာစိတ်မရှိဟု ၎င်းစကားအတိုင်း ပြန်ပြော၍ရသည်။ မိတ္ထီလာ၌ ဗုဒ္ဓဘာသာဝင်များ၏ ဗလီဖျက်ဆီးမှုများကို မီဒီယာများမှ သက်သေအနေနှင့်တင်ပြသည်များ စာရေးသူတို့အထပ်ထပ်တွေ့ရသည်။ သို့သော် ယင်းမီဒီယာများသည် ရခိုင်ပြည်နယ်တစ်လွှားရှိ ဗုဒ္ဓဘာသာ ဘုရားပုထိုးစေတီကျောင်းကန်များအား မူဆလင်များမှ မရေမတွက်နိုင် ဖျက်ဆီးနေသည်များကိုမူ အဘယ်ကြောင့် တစ်ခုတစ်လေမျှတောင် မဖော်ပြကြပါသနည်း?
BBC မှ သတင်းထောက် ဂျိုနာ ဖစ်ရှာ က ၎င်း၏ 'evil monk' ဟူသော ဗွီဒီယိုရုပ်သံမှတ်တမ်း၌ ဦးဝီရသူအား အရှင်ဘုရား၏ ဟောကြားမှုများကြောင့် အကြမ်းဖက်မှုများ ဖြစ်ရပါသလားဟု မေးမြန်းလျှောက်ထားသည်။ အကြမ်းဖက်မှုကို အပြစ်တင်ပြီးနောက် ဦးဝီရသူမှ ယင်းသို့ပြန်လည်ဖြေကြားသည်။
"ဘုန်းကြီးဟောတဲ့တရားကြောင့် ဘုန်းကြီးဟောတဲ့ဒေသတွေမှာ ပဋိပက္ခဖြစ်တယ်ဆိုရင် ဘုန်းကြီးတို့ဖက်က စတာပဲဖြစ်မှာပေါ့။ ဒါပေမယ့် ဖြစ်ခဲ့တာတွေက ဒီလိုမဟုတ်ဖူးလေ။ သူတို့က တိုက်ခိုက်တယ်။ ဒီဖက်ကလည်း ပြန်တုံ့ပြန်တယ်။ ဘုန်းကြီးမြင်တာကတော့ ဒါပါပဲ"
CIA ကြိုးကိုင်ခဲ့သော "၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး" တွင် ပါဝင်ခဲ့သော ရဟန်းအချို့ကမူ အနောက်လေသံအတိုင်း သံယောင်းဝါး၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှက်အတားအဆီးဖြစ်သည်ဟု ယူဆကာ ဦးဝီရသူ၏ ၉၆၉ လှုပ်ရှားမှုကို လုံးဝဖျက်ဆီးပစ်လိုကြသည်။ အမှန်တော့ ပထဝီနိုင်ငံရေးအရ ဦးဝီရသူ၏ အမျိုးသားရေးဝါဒသည် အနောက်၏ မြန်မာနိုင်ငံအား ဒုတိယဘော်လကန်ဒေသဖြစ်စေရေး စီမံကိန်းတွင် အဓိက အတားအဆီးကြီးဖြစ်နေသည်။ သို့အတွက်လည်း ဦးဝီရသူကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။
ဦးဝီရသူမှ မူဆလင်အမျိုးသားများ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား လက်ထပ်မှုကို တရားမဝင်ဖြစ်စေလိမ့်မည်ဖြစ်သော ဥပဒေကို အဆိုပြုသည်။ လက်မှတ် နှစ်သန်းကို ကောက်ခံကာ လွှတ်တော်သို့ ပို့ဆောင်နိုင်ခဲ့သည်။ ယင်းဥပဒေသည် လူမျိုးရေး-ဘာသာရေးဆန်သည်၊ လူမျိုးရေးရာခွဲခြားမှုဖြစ်သည်ဟု အနောက်တိုင်းဝေဖန်ရေးသမားများက ဆိုကြသည်။ သို့သော် ဗုဒ္ဓဘာသာ အမျိုးသားရေးရှုထောင့်က ကြည့်လျှင်မူ ယင်းမှာ လုံးဝကျိုးကြောင်းဆီလျော်သော အဆိုပြုမှုဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးအများအပြားမှာ အစ္စလာမ်သို့ ကူးပြောင်းခြင်းခံရပြီး အစ္စလာမ်လူဦးရေမှာ အလွန်လျင်မြန်စွာ မြင့်တက်လာသည်။ တိုင်းရင်းသားများမှာ ခြိမ်းခြောက်ခံနေရသည်ဟု ခံစားနေကြရပြီး မိမိတို့ယဉ်ကျေးမှုနှင့် အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပြင်ဆင်ကြသည်။ အလားတူဥပဒေစည်းမျဉ်းများသည် အစ္စလမ္မစ်နိုင်ငံများတွင်လည်း ရှိသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ပြောဆိုဝေဖန်ခြင်းမပြုကြ။ ဥဒဟရုဏ်ဆိုရလျှင် အစ္စလမ္မစ်နိုင်ငံ အီရန်တွင် မူဆလင်အမျိုးသားများသည် မူဆလင်မဟုတ်သူအမျိုးသမီးများကို လက်ထပ်ခွင့်ရှိသည်၊ တစ်ခုရှိသည်က လက်ထပ်သူအမျိုးသမီးသည် အစ္စလာမ်သို့ ကူးပြောင်းရမည်ဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံတော်ဘာသာအဖြစ် အစ္စလာမ်တည်ရှိမှုကို စဉ်ဆက်မပြတ် တည်မြဲစေတော့သည်။
အနောက်မီဒီယာများက ညွှန်းဆိုကြသည်က ဦးဝီရသူသည် အမုန်းတရားရှိသည်၊ အကဲဆတ်သည်ဟူ၍ဖြစ်သည်။ မှန်ပါသည်။ သို့သော် ဦးဝီရသူမုန်းသည်က မြန်မာနိုင်ငံကို အစ္စလာမ်ပြုခြင်းကိုဖြစ်သည်။ အစ္စလာမ်အကြမ်းဖက်ဝါဒီများ၏ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှုများကို သည်းမခံတတ်။ ဦးဝီရသူဖြစ်စေချင်သည်က မူဆလင်များသည် လူနည်းစုပီပီ သူ့တို့နေရာသူတို့ နေစေချင်သည်။ ဦးဝီရသူအနေဖြင့်လည်း မူဆလင်များအပေါ် အကြမ်းဖက်အပြုအမူများကို ပြစ်တင်ရှုတ်ချခဲ့သည်သာဖြစ်သည်။
လတ်တလောနှစ်များအတွင်းက အမေရိကန်သည် တရုတ်နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့နေသော သဘောဆောင်သည့် တောင်ပစိဖိတ်သမုဒ္ဓရာအတွင်း တပ်ဖွဲ့များ ချထားခဲ့သည်။ အမေရိကန်၏ တရုတ်အပေါ် စစ်ရေးမဟာဗျူဟာ၌ အစ္စလမ္မစ် အကြမ်းဖက်မှုနှင့် လားမားဝါဒအကြမ်းဖက်မှုတို့မှာ အရေးကြီးသောဒေါက်တိုက်ကြီးနှစ်ခု ဖြစ်ကြသည်။ CIA ပေးစာကမ်းစာဖြင့် လှုပ်ရှားနေသူတစ်ဦးမှာ ဒလိုင်းလားမားဖြစ်ကာ မြန်မာအစိုးရ၏ ရိုဟင်ဂျာအမည်ခံဘင်္ဂါလီမူဆလင်များအပေါ် ဖိနှိပ်မှုကို လူသိရှင်ကြား ပြစ်တင်လေ့ရှိသည်။
CIA သည် တရုတ်လွတ်လပ်ရေးရသည့် ၁၉၅၀ ကစပြီး အကြမ်းဖက်သောင်းကျန်းသူများကို ငွေကြေးထောက်ပံ့လာခဲ့သည်။ ဗုဒ္ဓဘာသာစစ်စစ်များက လွန်စွာမုန်းတီးကြသည့် ဒလိုင်းလားမားသည် တိဘက်တွင် လားမားအကြမ်းဖက်ဝါဒကို ဖောင်ဆောင်ကာ ရှင်ကျန်ပြည်နယ်တွင် တရုတ်တပ်မတော်ကို ဒုက္ခပေးခြင်းအားဖြင့် အစ္စလာမ်အကြမ်းဖက်သမားများ၏ လက်ဝေခံတစ်ယောက်အဖြစ် ရပ်တည်နေသည်။ ဆိုလိုသည်က အမေရိကန်သည် ရှင်ကျန်တွင် ဒလိုင်းလာမားကို တစ်စင်ထောင်ပေး၊ ရှင်ကျန်အကြမ်းဖက်သမားများကို လက်သပ်မွေးကာ ဂျီဟာ့ဒ်ဆင်နွှဲစေခြင်းဖြင့် တရုတ်ကို အနှောင့်အယှက်ပြုထားသလို ဘင်္ဂလားပင်လယ်အော်တွင်လည်း တရုတ်သြဇာလွှမ်းမိုးမှုကို တားဆီးနိုင်ရန် ရခိုင်ပြည်နယ်ကို တည်ကြက်အဖြစ်သဘောထား ဂျီဟာ့ဒ်ပြုကာ မြန်မာနိုင်ငံအပေါ် လက်သီးပုန်းထိုးနေသော ဘင်္ဂလားဒေ့ရှ်ကို ထောက်ခံပေးနေသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ဒေါ်နယ်လ်ထရမ့်ပ်အနိုင်ရ၍ သဘောထားပြောင်းမည့်လက္ခဏာ မြင်နေရသော်ငြား CIA သည် သမ္မတထရမ့်ပ်နှင့် နိုင်ငံခြားရေးဝါဒနှင့်ပတ်သက်၍ သဘောထားအကြီးအကျယ်ကွဲလွဲနေရာ ဝါဒပိုင်းဆိုင်ရာအပြောင်းအလဲကို သိပ်မျှော်လင့်၍မရနိုင်ပေ။
၁၉၄၂ က ရခိုင်ပြည်နယ်၊ မောင်တောတွင် ရိုဟင်ဂျာအမည်ခံဘင်္ဂါလီမူဆလင်များက ဗုဒ္ဓဘာသာဝင် ၅၀၀၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသည်။ လတ်တလောနှစ်များတွင်လည်း ဗုဒ္ဓဘာသာဝင်အရပ်သားပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ရစ်ခ် ဟိုင်ဇ်မန်း Rick Heizman သည် လက်ရှိဖြစ်ပွားနေဆဲ အနောက်ထောက်ခံ ရိုဟင်ဂျာအမည်ခံဘင်္ဂါလီမူဆလင်များက ဆင်းရဲနွမ်းပါးသော ဗုဒ္ဓဘာသာလယ်သမားများအား လူမျိုးတုန်းသတ်ဖြတ်မှုကို စာတမ်းပြုစုနေသည့်ေေ အနည်းငယ်သော သုတေသနပညာရှင်များထဲမှတစ်ယောက်ဖြစ်သည်။ ၎င်း၏လုပ်ဆောင်မှုကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးနှစ်ခုဖြစ်သော နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့မှ လစ်လျူရှု မသိမမြင်ယောင်ဆောင်ခဲ့ကြသည်။ အမှန်တော့ ဟိုင်ဇမန်၏ Arakan Human Rights and Development Organisation အတွက် စာတမ်းသည် စေ့စေ့စပ်စပ် သေသေချာချာ သုတေသနပြုထားခြင်းဖြစ်သည်။ အထက်တွင် စာရေးသူကိုးကားခဲ့သည့် ဒေါက်တာ လိုင်ဒါသည်လည်း ရိုဟင်ဂျာပြဿနာကို သိပ္ပံနည်းကျကျ ချဉ်းကပ်လေ့လာနေသူဖြစ်သည်။ ဒေါက်တာလိုင်ဒါက နိုင်ငံတကာမီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ခံစားချက်အခြေခံ ဘက်ယိမ်း သုံးသပ်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဒေါက်တာ လိုင်ဒါမှ မြန်မာမီဒီယာများကို "သတင်းသမားဆိုတာ ဘက်စုံထောင့်စုံက ကွဲပြားခြားနားတဲ့ သတင်းရင်းမြစ်တွေအပေါ်ကို ပိုပြီးတော့ အာရုံစိုက်သင့်တယ်" ဟု ပြောကြားခဲ့သည်။

