ရန်ကုန်တိုင်း မဘသ လပတ်အစည်းအဝေး

တပို့တွဲလဆန်း ၄ ရက်၊ (31.1.2017)၊ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ နိကာယ်စာသင်တိုက်မှာ ကျင်းပပါတယ်။ 
တိုင်းဥက္ကဋ္ဌဆရာတော် ဒေါက်တာအရှင်နန္ဒက အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ပါတယ်။
အစည်းအဝေးမှာ ရေတိုလုပ်ငန်းများ၊ ရေရှည်လုပ်ငန်းများ ချမှတ်နိုင်ခဲ့ပြီး မဘသ(ဗဟို)ကို ဝန်းရံဖို့ ရန်ကုန်တိုင်း လေးခရိုင်မှ တိုင်းဦးဆောင်ဆရာတော် ၁၂ ပါး ရွေးချယ်နိုင်ခဲ့ပါတယ်။ အရှေ့ပိုင်းခရိုင် ၃ ပါး၊ အနောက်ပိုင်းခရိုင် ၃ ပါး၊ တောင်ပိုင်းခရိုင် ၃ ပါး၊ မြောက်ပိုင်းခရိုင် ၃ ပါး၊ ရက်သတ္တ တစ်ပတ်လျှင် တစ်ခရိုင်စီ မဘသ(ဗဟို)မှာ ရုံးထိုင်ပြီး အမျိုးဘာသာ သာသနာရေးရာများကို ကူညီဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။



Share: