သတ်သူနဲ့သေသူ

သတ်သူနဲ့ သေသူရှိရာမှာ
သတ်သူတိုင်း ဆိုးတာမဟုတ်သလို
သေသူတိုင်း ကောင်းတာမဟုတ်ဘူး။
ဗိဠာရဝတဇာတ်တော်မှာ
ကြွက်မင်းက
မြေခွေးကို ကိုက်သတ်ပစ်လိုက်တယ်။
မြေခွေးက
သူတော်ယောင်ဆောင်ပြီး
ကြွက်မျိုးသုဉ်းအောင် သတ်စားပစ်လို့။
ရဲဘော်သုံးကျိပ်လူသတ်ခဲ့တယ်။
သူတို့သတ်လိုက်တဲ့ထဲမှာ
ကျေးဇူးရှိတဲ့ ဆရာတွေတောင်ပါတယ်။
ရဲဘော်သုံးကျိပ်လူကောင်း
ဂျပန်လူဆိုး။
ဝီရသူ ( မစိုးရိမ် )
25.2.2017
pm 11:37
Share: