ဦးသိန်းစိန်ရွာ တရားပွဲ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာ တရားပွဲပါ။ (9.2.2017 ည 8:00)
ပုသိမ်ကနေ အတော်သွားရပါတယ်။ ပုသိမ် မဘသ ညီနောင်များ၊ ဧရာညွန့် မျိုးချစ်မောင်မယ်များ လိုက်ပို့ကြပါတယ်။ ကျုံကူးတိုက်နယ်ကြီးပါ။ စိတ္တသုခကျောင်းမှာ တည်းပါတယ်။

ဦးသိန်းစိန်ဇာတိရွာဖြစ်ပေမယ့် ဆွေမျိုးရင်းချာတွေတော့ မရှိတော့ပါဘူး။ နီးစပ်ရာရွာတွေတင်မကဘဲ အတော်ဝေးလံတဲ့ ရွာတွေကလည်း စက်လှေတွေနဲ့ လာကြပါတယ်။ 
အချို့ဆို မြစ်နှစင်း သုံးစင်း ဖြတ်ကျော်ခဲ့ရတာပါ။ တောသူတောင်သား ရွာသူရွာသားတွေဆိုတော့ ဟောလို့ကောင်းတာပေါ့ဗျာ။ ပထမအကြိမ်တရားပွဲဖြစ်လို့ စီစဉ်သူတွေ အတော်ပင်ပန်းပုံရပါတယ်။ အချို့ ည ၁၂း၀၀ ကျော်မှ ထမင်းစားနေကြတာ တွေ့ရလို့ပါ။

ဓမ္မပူဇာ တစ်ဦးချစ်ကပ်လှူကြလို့ ပလ္လင်ပေါ်မှာ ပူထူနေအောင် ထိုင်ခဲ့ရတာ အမှတ်တရပေါ့ဗျာ။ သုံးနာရီကျော် ပလ္လင်ပေါ်ထိုင်ခဲ့ရတဲ့ပွဲပေါ့။ ၁၁း၃၀ မှ အားလုံးပြီးပါတယ်။ ကျုံကူးသူတွေကတော့ အီတဲ့သူကအီ လီတဲ့သူက လီပေါ့။ ကြိုက်တဲ့သူတွေက ဝအီသွားကြတဲ့ မကြိုက်တဲ့သူတွေက လီဆယ်ပြီး ဖွကြတာကို ဆိုလိုတာပါ။



Share: