တပို့တွဲလဆုတ် ၈ ရက်၊ (19.2.2017) မနက် ၉း၀၀ နာရီ၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်နှင့် ယဇနလွမ်းထောင့် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
ဦးမဏိဇောတ၊ ဦးဝေပုလ္လ၊ ဦးဓမ္မသာမိ၊ ကျောင်းအုပ်ကြီး ဦးမြင့် အမှူးပြုသော ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။
သံဃာတော်များအား လှူဖွယ်များ ဆက်ကပ်အပြီးမှာ ဆရာ ဆရာမများအား လက်ဆောင်များ လှူဒါန်းကြပါတယ်။
ဆရာတော်များ၊ ဆရာ ဆရာမများက တစ်ဦးချင်းစီ ဆုပေးရင်း အားပေးစကားပြောကြပါတယ်။
စာရေးသူက အာစရိယ အဓိပ္ပါယ် ဖွင့်ဆိုပြပြီး စာမေးပွဲနီးချိန်မှာ အိပ်ရေးဝအောင်အိပ်ဖို့ စိတ်အေးအေးထားဖို့၊ ဘုရား တရား လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ကျောင်းအုပ်ဆရာလေး ဦးမိုးအောင် မိသားစုက အအေးနှင့် မုန့် လှူဒါန်းကျွေးမွေးပါတယ်။

လောကအလင်း ပညာဒါန ကျူရှင်ကျောင်းမှ
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်မှာ (၁၅)ဦးအောင်ပြီး (၁)ဦး ဂုဏ်ထူးတစ်ခု ရပါတယ်။
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှာ (၂၀)ဦး အောင်ပါတယ်။
၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်မှာ (၁၃)ဦး အောင်ပါတယ်။
၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်မှာ (၁၂)ဦးအောင်ပြီး တစ်ဘာသာစီ ဂုဏ်ထူး (၂)ဦး ရပါတယ်။
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်အတွက် ဆရာတော်လေးတွေရော ဆရာကြီးနှင့် ဆရာ ဆရာမတွေရော နေ့ရော ညပါ ကြီးကြပ်သင်ကြားပေးနေကြပါတယ်။
စာမေးပွဲနီးပါပြီ။
အောင်မြင်ကြပါစေ။