တပို့တွဲလဆန်း(၁၂)ရက်၊ (8.2.2017) ည ၈း၃၀ နာရီ၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၀ ရပ်ကွက်၊ အပိုင်း ၁၂ မိသားစု တနင်္လာဆွမ်းလောင်းအသင်း မျိုးချစ်လူငယ်ပရဟိတအဖွဲ့ ပဉ္စမအကြိမ်ဓမ္မသဘင်။
ဘိဝံသတွေလည်း ပါတယ်။ ကမ္မဋ္ဌာန်းဆရာတွေလည်း ပါတယ်။ ဒေါက်တာတွေလည်း ပါတယ်။ တရားပွဲ (၇)ညမှာ စာရေးသူက လေးညမြောက်ပါ။
ပရိယတ္တိ၊ ပဋိပတ္တိ၊ အမျိုးသားရေး၊ ပညာရေး၊ ပရဟိတ စသည့် ဓမ္မကထိကဆရာတော်များရဲ့ တရားအစုံအလင် နာယူကြရတဲ့ ပရိသတ်ပါ။
သာရဏီယတရား ၆ ပါး ဟောကြားခဲ့ပါတယ်။ ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုတဲ့ ဘုရားတည် ကျောင်းဆောက်နည်းနဲ့ သာသနာပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ ပရဟိတလူငယ်တွေ အင်မတန်စည်းလုံး နိုးကြားတဲ့ပွဲလေးဖို့ အားတက်စရာပါ။
"သာရဏီယ တရား(၆)ပါး"
မေတ္တာသုံးလီ၊ သီလမြဲလို့၊
မျှဝေခွဲလို့ သုံးစွဲမယ်။
ပန်းတိုင်တူလျှင် ဗျူဟာကွဲလည်း၊
အစွဲကင်းအောင် ဆောင်ရွက်မယ်။
သာရဏီယတရား လက်ကိုင်ထား၊ ငြိမ်းချမ်းကြစေကွယ်။
မျှဝေခွဲလို့ သုံးစွဲမယ်။
ပန်းတိုင်တူလျှင် ဗျူဟာကွဲလည်း၊
အစွဲကင်းအောင် ဆောင်ရွက်မယ်။
သာရဏီယတရား လက်ကိုင်ထား၊ ငြိမ်းချမ်းကြစေကွယ်။
၁။ ကာယကံမေတ္တာ ကိုယ်စီထားမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ၊ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ၊ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၂။ ဝစီကံမေတ္တာ ကိုယ်စီထားမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ၊ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ၊ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၃။ မနောကံမေတ္တာ ကိုယ်စီထားမှ အဖွဲ့အစည်းများညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၎။ ညီတူမျှတူ ခွဲဝေသုံးမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၅။ ကိုယ်ကျင့်တရားကို တန်ဖိုးထားမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
၆။ ရည်မှန်းချက်တွေ တူညီကြမှ၊ အဖွဲ့အစည်းများ ညီညွတ်မယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း၊ တက်လှမ်းနိုင်ဖို့ရွယ်။
လူ့အဖွဲ့အစည်းတွေ ညီညွတ်ကြမှ လောကလူ့ဘောင်ငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း၊ တက်လှမ်းနိုင်ဖို့ရွယ်။


