မြနန်းဆရာတော်၏ မယ်တော်ပျံ တရားပွဲ


1.2.2017 ရက်နေ့၊ ည ၉း၀၀ နာရီ၊ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ သီးပင်ရွာ၊ မယ်တော်ကြီး ဒေါ်တင်ရီနေအိမ်မှာ ကျင်းပပါတယ်။
တရားပွဲ ဒုတိယညပါ။ စာရေးသူဟောဖို့ အစီအစဉ်မရှိပေမယ့် ပုသိမ်တရားပွဲပျက်သွားတာကြောင့် မြနန်းဆရာတော်ကို သွားရောက်အားပေးဖြစ်ပါတယ်။ ၎င်းညမှာ ဟောဖို့ကြိုတင်ကြေညာထားတာက ရမည်းသင်းမြို့မှ ဆရာတော်ဦးဝိစိတ္တ ပါ။ ဦးဝိစိတ္တဟောပြီးမှ စာရေးသူဟောပါတယ်။ တစ်ညတည်း ဦးဝိစိတ္တနှစ်ပါး တရားတော်များ နာကြားကြရတဲ့ပွဲပါ။အမိဝမ်းတိုက်မှာ လူသားစတင်ဖြစ်ပေါ်လာပုံနှင့် အမြဲမပြတ် ဆင်ခြင်ရမမည့် တရားငါးပါး ဟောကြားခဲ့ပါတယ်။ အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရား၊ ကွေကွင်းခြင်းတရား၊ ကံတရား တို့ပါပဲ။ သက်သောင့်သက်သာသေချင်တယ်ဆိုရင် သေမင်းနဲ့ မိတ်ဖွဲ့ထားပါ။ သေမင်းကို မိတ်ဆွေတော်ချင်တယ်ဆိုရင် သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်ပါ။ ငါသည် သေခြင်းတရားရှိ၏။ သေခြင်းတရားကို မလွန်ဆန်နိုင်ပါတကား။



Share: