(၁)
ကမ္ဘာပေါ်၌ စက်မှုထွန်းကားပြီး ငြိမ်းချမ်းကြွယ်ဝသော နိုင်ငံများတွင် ဂျာမနီနိုင်ငံလည်းပါဝင်သည်။
ဂျာမနီနိုင်ငံသည် အာဏာရှင်ဟစ်တလာကြောင့် ဒုတိယကမ္ဘာစစ်အတွင်း၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများက ကြောက်ရွံ့ရသော နိုင်ငံဖြစ်သည်။ ဂျာမနီနိုင်ငံသားများ၏ကြိုးစားမှု၊ ပညာတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ညီညွတ်မှုများကြောင့် အခြားနိုင်ငံကြီးများကလေးစားခဲ့ကြရလေသည်။
(၂)
သို့သော်လည်း ဂျာမနီနိုင်ငံကို ဝန်ကြီးချုပ် အင်ဂျလာမာကယ် အုပ်ချုပ်သောအခါသူမ၏ သနားညှာတာတတ်မှုများကြောင့် မွတ်ဆလင်နိုင်ငံများနှင့် အာရပ်နိုင်ငံများစသောစစ်မက်ဖြစ်ပွားသော နိုင်ငံများမှ ဒုက္ခသည်များကိုလက်ခံရန် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလတွင်ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ပြီးနောက် ဒုက္ခသည်များကို လက်ခံခဲ့သည်။
သူမ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း ကာကွယ်ပြောကြားခဲ့သည်။
''ကျွန်မတို့ အလက်ပိုမြို့ ဗုံးကြဲခံရတဲ့ဓါတ်ပုံတွေကို ကြည့်တဲ့အချိန်မှာ ကျွန်မတို့ရဲ့ကာကွယ်ပေးမှုတွေကို လိုအပ်တဲ့နေလူတွေကိုကူညီပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့တာဟာ ဘယ်လောက်အရေးကြီးပြီး မှန်ကန်လဲဆိုတာ ထပ်ပြောလိုပါတယ်လို့ ''မာကယ်ကဆိုသည်။
မာကယ်သည်လူသားချင်းစာနာသောစိတ်ဖြင့် ဒုက္ခသည်များကို လက်ခံခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းမာကယ်မှာ 'မှန်းချက်နှင့်နှမ်းထွက်မကိုက်လို့'ဆိုရမည်။
အဘယ့်ကြောင့်ဆိုသော် မာကယ်မှာ လူသားချင်းစာနာစိတ်ဖြင့် လက်ခံခဲ့သော်လည်း ဒုက္ခသည်များမှာ လူစိတ်မရှိကြဘဲ ဒေသခံဂျာမနီများအား အကြမ်းဖက် ဗုံးခွဲကြ၊ မုဒိမ်းကျင့်ကြသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လူကိုလူလိုမြင်ကြပါလို့ ပြောဆိုနေကြသော ဒီမိုကရေစီတစ်ဖက်ကန်းသမားတို့ အယူအဆများမှားယွင်းကြောင်း ဂျာမနီဖြစ်ရပ်က သက်သေထူနေပေသည်။
ထို့ကြောင့် မြန်မာအစိုးရနှင့် ပြည်သူများသည် လူကိုလူလို့မြင်ပြီး ဒုက္ခသည်များကို လက်ခံလျှင် ဂျာမနီတွင် တွေ့ကြုံသော ဒုက္ခဆိုးများခံစားကြရမည်ဖြစ်ပေသည်။
(၃)
လွန်ခဲ့သောနှစ်က ဂျာမနီနိုင်ငံ၌ ခိုလှုံခွင့်ငြင်းပယ်ခံထားရသူ အသက် ၂၇ နှစ်အရွယ်ဆီးရီးယား နိုင်ငံသားတစ်ဦးက ဘာဗာရီးယားရလူစည်ကားရာ ဂီတပွဲတော် အပြင်ဘက်၌ ဗုံးဖောက်ခွဲသူကြောင့် လူ(၁၂)ဦးတို့ ဒဏ်ရာရရှိခဲ့ကြသည်။
ဖောက်ခွဲမှုသည် တစ်ပတ်အတွင်းဖြစ်ပွားခဲ့သော လူ(၁၂)ဦးဒဏ်ရာ ရရှိခဲ့သည့်အကြမ်းဖက်မှုများအနက် စတုတ္ထမြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်။
ထို့အပြင် အမေရိကန်လေတပ်အခြေစိုက်စခန်းလို့ လူသိများသော နုရင်ဘတ်မြို့၊ အရှေ့တောင်ဘက်လူပေါင်း ၄ဝဝဝဝ နေထိုင်ရာ အန်းဘတ်ဒေသ၌လည်း ဒုက္ခသည်တစ်ဦးက အကြမ်းဖက်တိုက်ခိုက်ရာ လူ(၁၂)ဦးဒဏ်ရာရပြီး၊ (၃)ဦးမှာမူဒဏ်ရာပြင်းထန်လှသည်။
ထို့ကြောင့် အဆိုပါဖြစ်ရပ်များမတိုင်မီ လွန်ခဲ့သည့်နှစ်က အာဖကန်၊ဆီးရီးယားနှင့်အီရတ်နိုင်ငံတို့မှ ရွှေ့ပြောင်းဒုက္ခသည်တစ်ဦးအား လက်ခံရန်ခွင့်ပြုပေးခဲ့သည့်ဝန်ကြီးချုပ်မာကယ်၏ ဒုက္ခသည်လက်ခံရေးတံခါးဖွင့်မူဝါဒအပေါ် ဝေဖန်မှုများတိုးလာသည်။
အသေခံဗုံးခွဲတိုက်ခိုက်သူ အများစုတို့သည် အနည်းဆုံး(၂)ကြိမ်တိုင်တိုင် ကြိုးစားလေ့ရှိကြကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး ဂျိုချင်းဟာမန်က သတင်းထောက်များအားပြောကြားခဲ့သည်။
ထို့အပြင် ဂျာမနီတောင်ပိုင်း မြို့တော်မြူးနစ်၌သောကြာနေ့ ညပိုင်းက ကုန်တိုက်တစ်ခုအနီးတွင် အသက်(၁၈)နှစ်သာရှိသေးသောဂျာမန်-အီရတ်ကပြားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ရာ လူ(၉)ဦးသေဆုံးပြီး၊ (၁၆)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ထံမှသိရသည်။
ဤကဲ့သို့ အပစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှုကို အမေရိကန်က ပြင်းထန်စွာရှုတ်ချကြောင်း အိမ်ဖြူတော်ကပြောခဲ့လေသည်။
(၄)
ဒုက္ခသည်အမည်ခံ အကြမ်းဖက်သမားများစွာ ရှိသည့်အနက် တာလီဘန်အကြမ်းဖက်သမားများသည်၁ဝ၊ ၁ဝ၊ ၂ဝ၁၆ ရက်နေ့တွင်အာဖဂန်နစ္စတန်တောင်ပိုင်း၊ မဇာအိုင်ရှရစ်မြို့၌ ထရပ်ကားပေါ်ဗုံးများအပြည့်တင်ပြီး ဂျာမနီကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခဲ့ရာ လူနှစ်ဦးထက်မနည်းသေဆုံးပြီး၊ လူနှစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။
မှန်အားဖြင့် အေးချမ်းငြိမ်သက်လျက်ရှိနေသည့် ထိုမြို့ထဲတွင် ပထမဆုံးကြီးမားသည့်ပေါက်ကွဲမှုကြီး ဖြစ်ပြီးနောက် သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည
အနီးနားရှိ ဈေးဆိုင်များတွင် ပြတင်းပေါက်များ ပျက်စီးနေပြီး ဒေသခံပြည်သူများမှာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသည်။
''ကောင်စစ်ဝန်ရုံးကတော့ တော်တော်လေးပျက်စီးသွားပါတယ်။
အာဖကန်အရပ်သားနှင့် လုံခြုံရေးတွေ ဘယ်လောက် သေကျေဒဏ်ရာရခဲ့သလဲဆိုတာ မသိရသေးပါဘူး'' ဟု ဂျာမနီနိုင်ငံသားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဂျာမနီနိုင်ငံသည် ဒုက္ခသည်ပေါင်းများစွာကို လူသားချင်းစာနာစိတ်ဖြင့်လက်ခံခဲ့သော်လည်း ဒုက္ခသည်တို့၏ လူမဆန်သောအကြမ်းဖက်မှုများကြောင့် ဂျာမနီပြည်သူများမှာ အသက်သေကြရ၊ ဒဏ်ရာရခဲ့ကြလေသည်။
ပြည်တွင်းနေ ဂျာမနီများသာမက ပြည်ပနိုင်ငံအသီးသီး ရောက်နေကြသော ဂျာမနီများပါ အကြမ်းဖက်ခံကြရသဖြင့် ဘယ်နေရာကိုရောက်ရောက် ဂျာမနီတို့ ကိုယ်ရောစိတ်ပါမလုံမခြုံခံစားနေကြရလေသည်။
(၅)
ဒုက္ခသည်များသည် ဂျာမန်များကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြရုံသာမက နှစ်သစ်ကူးဂျာမန်ပြည်သူများ ပျော်ရွှင်နေကြချိန်တွင် ဂျာမန် ပြည်သူ အယောက်(၂ဝ)ကျော်တို့အားစိတ်ကြိုက် မုဒိမ်းကျင့်အကြမ်းဖက်ပြီး သတ်ဖြတ်ခဲ့ကြပြန်သည်။
ထို့ကြောင့် ဂျာမန်ပြည်သူများက ဒုက္ခသည်အသံကိုကြားရလျှင် အော့နှလုံးနာကြသည်။ ဒုက္ခသည်များကို ဂျာမနီမှနှင်ထုတ်ရန်ပင် လက်ရှိအစိုးရကို ဆန္ဒပြတောင်းဆိုကြသည်။
သဘောမနောကောင်းသောဂျာမနီဝန်ကြီးချုပ်နှင့် ဂျာမနီပြည်သူများသည်အကြိမ်ကြိမ် ဂျီဟတ်အလုပ်ခံရခြင်း ဖြစ်၍တုန်လှုပ်ချောက်ချားလျက် ရှိကြပေသည်။
သို့သော် ဂျာမနီဝန်ကြီးချုပ် မာကယ်ကမူ ဂျီဟတ်တို့၏ အကြမ်းဖက်မှုများကို ရင်ဆိုင်ရာတွင် ဂျာမန်ပြည်သူများအနေဖြင့် ဒီမိုကရက်တစ်စံနှုန်းများကို မြဲမြံစွာလက်ကိုင်ထားကြရန်(၃၁-၁၂-၂ဝ၁၆) ရက်နေ့ကပြောခဲ့သည်။
ထို့အပြင် ဂျာမန်တို့သည် အမုန်းတရားများနှင့်ပြည့်နှက်နေသည့် လူသတ်သမားများအား ကရုဏာတရား၊ စည်းလုံးခြင်းတို့ဖြင့် ရင်ဆိုင်ရန်လည်းတိုက်တွန်းထားသည်။
ဂျာမန်ပြည်သူတို့သဘောမနောကောင်းကြသော်လည်း ဒုက္ခသည်များမှာ ဂျာမန်တို့အား ဒုက္ခပေးလို့ အားမရကြပေ။
(၆)
တူနီးရှားမှ ပြောင်းရွှေ့လာသော ဒုက္ခသည်တစ်ဦးက ဘာလင်မြို့တော်၌ ခရစ်စမတ်ပွဲဆင်နွှဲရန် ပြင်နေကြစဉ် ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ကုန်တင်ကားတစ်စီးကို အပိုင်စီး၍ ခရစ္စမတ်ဈေးတန်းအား ဝင်တိုက်ခဲ့ရာလူ(၁၂) ဦးသေဆုံးခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် မိမိတို့မှာ တာဝန်ရှိကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကုန်တင်ကားဖြင့်တိုက်ခိုက်သူလို့ သံသယရှိသူသည် အီတလီနိုင်ငံမီလန်မြို့၌ အီတလီရဲများက ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သည်။
နောက်တစ်ရက်အကြာ ဒီဇင်ဘာ(၂၄) ရက်နေ့တွင် တိုက်ခိုက်သူနှင့် ကြံရာပါဖြစ်နိုင်သူများကို ဂျာမနီက လိုက်လံရှာဖွေခဲ့သည်။ ဂျာမနီဝန်ကြီးချုပ် မာကယ်ကလည်းအီတလီကို ကျေးဇူးတင်ကြောင်း ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ပြောကြားခဲ့သည်။
ထွက်ပြေးသူဟာ သေဆုံးပြီဖြစ်တဲ့အတွက် ဆက်လက်ပြီးခြိမ်းခြောက်မှုတွေ လုပ်နိုင်မှာ မဟုတ်တဲ့အတွက်စိတ်သက်သာမှု ရခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
''သို့သော်လည်း အကြမ်းဖက်မှုအန္တရာယ်ဟာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ဂျီဟတ်တွေကိုစောင့်ကြည့်နေသည့်ကြားက ဘယ်နည်းဘယ်ပုံ လွတ်မြောက်သွားသည်ဆိုတာကို မသိရပေမယ့် ယင်းဖြစ်စဉ်ကို
ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်မယ်'' လို့လည်း မာကယ်က ကတိပေးခဲ့သည်။
ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်မယ်'' လို့လည်း မာကယ်က ကတိပေးခဲ့သည်။
အဲဒီ အကြမ်းဖက်သမားအမည်မှာအမ်မရီ ဖြစ်ပြီး ဂျာမနီမှ ထွက်ပြေးပြီးနောက်အီတလီနိုင်ငံ၊ မီလန်မြို့ရှိ ဆက်စတိုဆန်ဂျီယိုဗန်နီ ဘူတာရုံ၌ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင်တာဝန်ရှိသူများက ပုံမှန်စစ်ဆေးမှုများပြုလုပ်နေစဉ် ပစ္စတိုသေနတ်ဆွဲထုတ်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများက`၎င်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
(၇)
ဂျာမန်ပြည်သူများ၏ နာတာလူးပွဲတော်ရက်များတွင် ပျော်ရွှင်ကြမယ်လို့ ရည်မှန်းထားချက်များသည် ကုန်တင်ယာဉ်နှင့်ဝင်တိုက်၍ လူ(၁၂) ဦးသေဆုံးခဲ့ရသောဖြစ်ရပ်ကြောင့် ဝမ်းနည်းကြေကွဲမှုများဖြစ်ပွားခဲ့ရသည်။
မိမိကိုယ်ကိုမိမိ မလုံခြုံဟူသော အသိစိတ်ကြောင့် ဘူတာရုံ၊ ပလက်ဖောင်းပေါ်၌ ရထားလာစောင့်နေကြသော ပြည်သူအချို့သည်လည်း '' မိမိတို့ကို အကြမ်းဖက်သမားများက တစ်နေရာရာကစောင့်ကြည့်နေကြတယ်'' ဟူသော စိုးရိမ်စိတ်များဝင်လာပြီး ထိတ်လန့်နေကြသည်။
အကြမ်းဖက်တိုက်ခိုက်မှုများသည် ၂ဝ၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပမည့်ရွေးကောက်ပွဲတွင် ဘယ်လိုသက်ရောက်မှုရှိမလဲဟု စိုးရိမ်နေကြသည်။
အချို့ဂျာမန်များက ကျွန်တော်တို့တစ်တွေ ဒုက္ခသည်တွေကို အကူအညီပေးခဲ့ကြတယ်။
ဘာလို့သူတို့က အကြမ်းဖက်တိုက်ခိုက်ကြတာလဲဟု မချိတင်ကဲဝမ်းနည်းပက်လက်ပြောဆိုခဲ့ကြသည်။
အချို့ဂျာမန်များကမူ '' ဘာတွေပဲဖြစ်ပါစေ၊ ငါတို့ဟာ တစ်စုတစ်စည်းတည်းရှိကြတယ်၊ ငါတို့ဟာသန်စွမ်းကြတယ်၊ဆိုတဲ့ ဆိုင်းဘုတ်ကိုကိုင်ဆောင်ပြီး အခင်းဖြစ်ပွားရာနေရာ၌ ငြိမ်သက်စွာရပ်နေကြပါတယ်။
အချို့ကတော့ ဘာလင်မြို့ရှိ အချို့နေရာများ၌ မွတ်ဆလင်ဒုက္ခသည်များအား ဆန့်ကျင်သောစာများရေးကြသည်။
ထို့အပြင် ၂ဝ၁၅ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်မှ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ထိ၊ မြောက်အာဖရိက ဒုက္ခသည်များပါဝင်သော လူငယ်များသည် ကိုလုံးမြို့ရှိ ဘူတာရုံ၌ ဂျာမန်အမျိုးသမီး ရာပေါင်းများစွာတို့အား အဓမ္မတိုက်ခိုက်ပြီး မတရားပြုကျင့်ခဲ့ကြသည်။
ဤဖြစ်ရပ်များကြောင့် ဂျာမန်ပြည်သူများသည် ပြည်ပမှ ဝင်ရောက်လာကြသောဒုက္ခသည်များအား ဆန့်ကျင်သောအယူအဆများ ပိုမိုများပြားလာကြသည်။
မာကယ်အစိုးရ၏ ဒုက္ခသည်မူဝါဒကြောင့် ယခုလို ဒုက္ခ၊ သုက္ခများကြရတယ်ဆိုပြီး မာကယ်အပေါ်အပစ်တင်ကြသည်။
ထို့အပြင် ဂျာမန်မြေပေါ်ရောက်ရှိနေကြသည့် ဒုက္ခသည်များကိုလည်း ဂျာမန်အစွန်းရောက်များက တန်ပြန်တိုက်ခိုက်လာကြလေသည်။
(၈)
ဒီဇင်ဘာ(၁၈)ရက်နေ့က ဖြစ်ခဲ့သောကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြသည့် ပြည်သူများက ''မာကယ်ဟာ လူသတ်သမားတွေကိုဂျာမနီကိုခေါ်လာတယ်၊ လူသတ်သမားတွေဟာ မာကယ်ရဲ့ မရဏသားသတ်ရုံထဲမှာရောက်နေကြပြီ '' စသောအရေးအသားများလည်း ရေးသားလာကြသည်။
ဂျာမန်ပြည်သူတို့၏ ဒေါသများသည် လျော့ကျသွားခြင်းမရှိ၊ပြည်ပ ဒုက္ခသည်များသည် ဝင်ရောက်မှုကိုဆန့်ကျင်သောပါတီများက ဝန်ကြီးချုပ်မာကယ်၏ ရုံးရှေ့၌ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်ခံရသူများ၏ ဆွေမျိုးများကလည်းဘာလင်မြို့ရှိ အထင်ကရ ရင်ပြင်တော်ကြီး၌စုရုံး၍ သေဆုံးသူများအား လွမ်းသူပန်းခွေများချကာ သောကမျက်ရည် ဝေခဲ့ကြသည်။
ဂျာမန်ပြည်သူများသည် သူတို့အကြမ်းဖက်မခံရမီက နယူးယောက်၊ လန်ဒန်၊ မက်ဒရစ်၊ ပါရီ၊ဘရပ်ဆဲလ် စသောအရပ်များ၌ အကြမ်းဖက်
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ကို သတင်းကြားခဲ့ကြသည်။ တီဗွီသတင်းကိုလည်း ကြည့်ဖူးကြသည်။
တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ကို သတင်းကြားခဲ့ကြသည်။ တီဗွီသတင်းကိုလည်း ကြည့်ဖူးကြသည်။
ထို့ကြောင့် သူတို့ကိုယ်တိုင်အကြမ်းဖက်ခံရသောအခါ သင်ခန်းစာယူနိုင်ကြသည်။
အကြမ်းဖက်မှုနှင့် လက်တုံ့မပြန်ရန်လည်း ထိန်းသိမ်းတတ်ကြသည်။
အကယ်၍သာ အခြားအရပ်များ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကိုမကြားရ မမြင်ရလျှင်မူ ဂျာမန်ပြည်သူတို့ ရူးသွားလောက်ပေသည်။
(၉)
ဘာသာခြားများသည် အင်အားနည်းပါးချိန်၌ အခြားနိုင်ငံ၊ အခြားနယ်မြေများသို့သစ်ကုလားအုပ်ပုံပြင်ပမာ အောက်ကျို့ဝင်တတ်ကြ၏။ အင်အားများလာသောအခါ၌မူအင်အားပြ၍ စစ်တိုက်ပြီးနယ်မြေချဲ့ထွင်
ခဲ့ရာအစ္စလာမ် နိုင်ငံပေါင်း (၅၇)နိုင်ငံအထိ ကျယ်ပြန့်လာသည်။ ယခုအခါ နယ်ချဲ့၍ မရသောနိုင်ငံများကိုလည်း ဒုက္ခသည်တံဆိပ်ကပ်၍ဝင်ရောက်နယ်ချဲ့ရန် ကြိုးစားနေကြသည်။
ခဲ့ရာအစ္စလာမ် နိုင်ငံပေါင်း (၅၇)နိုင်ငံအထိ ကျယ်ပြန့်လာသည်။ ယခုအခါ နယ်ချဲ့၍ မရသောနိုင်ငံများကိုလည်း ဒုက္ခသည်တံဆိပ်ကပ်၍ဝင်ရောက်နယ်ချဲ့ရန် ကြိုးစားနေကြသည်။
မွတ်ဆလင်နိုင်ငံများ စစ်မက်ဖြစ်ပွား၍ဒုက္ခရောက်နေကြလျှင် မွတ်ဆလင်နိုင်ငံများကသာ ကူညီရန်တာဝန်ရှိသည်။ သို့သော်လည်းအမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီစသော ခရစ်ယာန်နိုင်ငံကြီးများသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပြီး၊ လူ့အခွင့်အရေးကိုတန်ဖိုးထားသည်။
ဒုက္ခသည်များကို မျှဝေလက်ခံလိုကြသည်။ ဓါးခုတ်ရာ လက်လျှိုချင်ကြသည်။ သို့သော်လည်း သူတို့လက်ခံသောဒုက္ခသည်များမှာ ဧည့်သည်လိုမနေကြဘဲ အကြမ်းဖက်တိုက်ခိုက်ကြပြီး ဒုက္ခပေးနေကြသည်။
အဆိုပါနိုင်ငံများမှာ ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ခေါင်းခဲနေကြရလေသည်။
မြန်မာနိုင်ငံသည်လည်း လှေစီးဒုက္ခသည်ဟန်ဆောင်၍ ခိုးဝင်လာကြသောဘင်္ဂါလီများကြောင့်ခေါင်းခဲလျက်ရှိသည်။ သူတို့အပေါ်မြန်မာတို့ကသဘောမနောကောင်းစွာ လက်ခံထားကြသော်လည်း ကျေးဇူးမတင်ဘဲ လူသတ်၊ မုဒိမ်းကျင့်၊ ဗုံးဖောက်ခွဲကာ အကြမ်းဖက်လျက်ရှိကြသည်။
မျိုးချစ်စိတ်ဓါတ် ခေါင်းပါးသော မြန်မာအချို့တို့က 'ကုလားလည်းလူ မြန်မာလည်းလူ' လူသားခြင်းအတူတူလို့ သဘောထားကြကာအခွင့်အရေး အပြည့်အဝပေးလိုကြ၏။
အကယ်၍ပေးလျှင် လူသတ်၊ မုဒိမ်းကျင့်၊ ဗုံးဖောက်ခွဲကာ အကြမ်းဖက်၍ဖြစ်စေ၊ လူလူချင်းဝါးမျို၍ ဖြစ်စေ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကွယ်ပျောက်စေရန်အစွမ်း ကုန်ကြိုးစားကြမည်သာ။
ထို့ကြောင့် ဂျာမနီနိုင်ငံ၏ ဖြစ်ရပ်ကို သင်ခန်းစာယူ၍ ဘင်္ဂါလီများအား အခွင့်အရေးမပေးကြရန် သတိပြုရမည်ဖြစ်သည်။
သတိမပြုလျှင်မူ ဂျာမနီခေါင်းခဲနေရသကဲ့သို့ ဗုဒ္ဓဘာသာရွှေမြန်မာများလည်း အမြဲတမ်း ခေါင်းခဲနေကြရဦးမည်ဖြစ်ကြောင်း သတိ မီးမောင်းထိုးပြနေပေသည်။
အရှင်စန္ဒဇောတိ(ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံဆောင်)
သာကီသွေးဂျာနယ်အတွဲ(၄)အမှတ်(၁၇)
''#မဘသ(ဗဟို)_Online_Media''
