
တပို့တွဲလဆန်း ၇ ရက်၊ 3.2.2017 ည ၈း၀၀ နာရီ၊ ပဲခူးတိုင်း၊ ဖြူးမြို့၊ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်၊ မဟာပုညမြတ်မုနိစေတီတော်ရင်ပြင်၊ ဖြူး မဘသ လေးနှစ်ပြည့်အခမ်းအနား အကြိုဓမ္မသဘင်။
ညနေ ၅း၀၀ နာရီခန့်မှာ ၉၅ မိုင်ကို ရောက်ပါတယ်။ ကြိုဆိုရေးအဖွဲ့နှင့်အတူ ကညွတ်ကွင်း၊ ညောင်ပင်သာတို့ကို ကျော်ဖြတ်ပြီး ဖြူးမြို့ကိုရောက်ပါတယ်။
ဆိုင်ကယ်တန်း ကားတန်းကြီးတွေနဲ့ စည်ကားလှပါတယ်။ ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တစိန္တိတာဘိဝံသ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ)ကိုယ်တော်တိုင် ကြိုဆိုတာကြောင့် မြို့နယ်အုပ်ချုပ်ရေး လုံခြုံရေးအကြီးအကဲတွေလည်း ဆရာတော်ကြီးနှင့်အတူ လာရောက်ကြိုဆိုကြပါတယ်။
ဖြူး မဘသ ညီတော်လေးတွေနဲ့ ဝိုင်းတော်သားတွေက အင်မတန်နိုးကြားတက်ကြွကြပါတယ်။ ဖြူး မဘသ အတွင်းရေးမှူး ဦးကောဝိဒ (သာယာကုန်းရွာ)က စာရေးသူရဲ့ လက်ရုံးကြီးပါ။ ၂၀၀၁ ခုနှစ်ကတည်းက အမျိုးသားရေးတွဲလုပ်ခဲ့သူပါ။
ဒကာမောင်ဝင်းကျော် (Thar Kiya)က အတုမရှိ၊ မဟာဝီရ ဖြန့်ချီရေးမှူးပါ။
ပုသိမ်သမိုင်း ရာဇဝင်မှာရိုင်းခဲ့သလိုမျိုး မဖြစ်ရအောင် ဖြူးသမိုင်းကို ရေးကြသူများ ဖြစ်ပါတယ်။ ဘုရားဝန်း ရင်ပြင်တော်မှာ တရားဟောပါတယ်။ နယ်သူနယ်သား တောသူတောင်သားတွေမို့ ပွင့်ပွင့်လင်းလင်းရှိကြပါတယ်။ ရယ်စရာတွေပြောရင် အားရပါးရ ရယ်ကြတာကြောင့် ဟောလို့အတော်ကောင်းပါတယ်။

