တပို့တွဲလဆန်း (၈)ရက်၊ (4.2.2017) ညနေ ၅း၀၀ နာရီ၊ ဖြူး မဟာစည်ရိပ်သာသို့ ရောက်ပါတယ်။
ဖြူးဆရာတော်ကြီးအား ရည်မှန်းဖူးမြော်ခဲ့ပါတယ်။ လက်ရှိ ဖြူးမဟာစည်ရိပ်သာ နောင်တော်ကြီး ဦးအဂ္ဂဝရအား ဂါရဝပြု ပူဇော်ခဲ့ပါတယ်။
ဖြူးဆရာတော်ကြီးရယ်၊ နောင်တော်ကြီး ဦးအဂ္ဂဝရရဲ့ မယ်တော်ကြီး ဒေါ်ခင်ရွှေနှင့် ညီဖြစ်သူ မောင်ဝင်းစိုးရယ်၊ ဆရာသမား၊ မိခင်၊ ညီ တို့အား ရည်စူး၍ ဦးအဂ္ဂဝရလှူဒါန်းမှုအစုစုကို ရေစက်ချ အမျှဝေခဲ့ပါတယ်။
ဖြူးဆရာတော်ကြီးသာ သက်တော်ထင်ရှားရှိနေသေးရင် မဘသ အဖွဲ့ကတော့ တိုင်တန်းနစ်ဝင်ဆောင့်တာတောင် လုံးဝမဖြုံခဲ့တဲ့ ရေခဲတောင်ကြီးအလား တွေးမိနေတော့တာပါ။ အနန္တကျေးဇူးတော်တွေကို အစဉ်အောက်မေ့လျက်ပါ ကျေးဇူးရှင်ဆရာတော်ကြီးဘုရား....။


