တပို့တွဲလဆန်း(၁၁)ရက်၊ (7.2.2017) ရန်ကုန်မြို့၊
မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သစ္စာလမ်းမိသားစု ပထမအကြိမ်
ဓမ္မအလှူတရားပွဲ။
တရားမဟောခင် တရားပွဲဦးဆောင်ကျင်းပတဲ့အိမ်မှာ ခဏနားပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ဆရာတော်သံဃာတော်များ
ကြွရောက်ချီးမြှောက်ကြပါတယ်။
စာသင်သားသံဃာများအား သြဝါဒပေးခဲ့ပါတယ်။ အစွယ်နှင့်တူသော၊ အဆိပ်နှင့်တူသော၊
ဦးချိုနှင့်တူသော၊ လက်သည်းနှင့်တူသော မိမိတို့ရဲ့ အတ္တများကို
နေရာမှန်အသုံးချတတ်ဖို့ လိုင်းပေါ်မှာဖြစ်စေ၊ အရပ်ထဲမှာဖြစ်စေ အချင်းချင်း
ရန်မဖြစ်ကြဖို့ ဟောကြားခဲ့ပါတယ်။ စာသင်သားသံဃာများအား သြဝါဒပေးအပြီးမှာ
အမျိုးသားလွှတ်တော်အမတ်ကြီး (ငြိမ်း) ဒေါ်ခင်ဝိုင်းကြည်တို့အဖွဲ့နှင့်
တွေ့ဆုံခဲ့ကြပါတယ်။ လမ်းမတစ်ခြမ်းပေါ် မဏ္ဍပ်ဆောက်ထားတာကြောင့် တစ်ခြမ်းမှာ
ကားသွားကားလာ တွေ့ရပါတယ်။ အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့မှ
ဆရာတော်သံဃာတော်များနှင့် ညီအစ်ကိုမောင်နှမများ လာရောက်စောင့်ရှောက်ကြပါတယ်။ ကာကွယ်ရေးဗျူဟာ (၅)ပါး ဟောကြားခဲ့ပါတယ်။
"ကာကွယ်ရေးဗျူဟာ (၅)ပါး"
အမျိုးဘာသာ သာသနာ
ဝါစာနှင့်လည်း ကာကွယ်ပါ။
အသပြာနှင့်လည်း ကာကွယ်ပါ။
ပညာနှင့်လည်း ကာကွယ်ပါ။
အာဏာနှင့်လည်း ကာကွယ်ပါ။
ခန္ဓာနှင့်လည်း ကာကွယ်ပါ။
အမျိုးဘာသာ သာသနာ
ဝါစာနှင့်လည်း ကာကွယ်ပါ။
အသပြာနှင့်လည်း ကာကွယ်ပါ။
ပညာနှင့်လည်း ကာကွယ်ပါ။
အာဏာနှင့်လည်း ကာကွယ်ပါ။
ခန္ဓာနှင့်လည်း ကာကွယ်ပါ။


