တပို့တွဲလဆုတ် ၇ ရက်၊ (18.2.2017) ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊
ပြည်ကြည်တံခွန်မြို့နယ်၊ စက်မှု(၂)၊ ၅၈ လမ်း၊ ကနောင်မင်းသားကြီးလမ်း၊
အဝါရောက်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း၊ (Y.G.W) (၅)နှစ်ပြည့် နှစ်ပတ်လည်
အထိမ်းအမှတ် အခမ်းအနားအကြို ဓမ္မသဘင်။
ဝါဆိုဆရာတော်ဘုရားကြီး ဈာပနပွဲမှ တရားပွဲသို့ တန်းသွားရတာပါ။
ညီတော်မောင်လေးများ လာကြိုကြပါတယ်။ YGW ရောက်တော့ မိဘမဲ့ ရက်သား လသား အရွယ် ကလေးငယ်များကို တွေ့ရပါတယ်။ ရင်သွေးနှင့်မခြားဘဲ ပြုစုနေကြတဲ့ ဆရာ ဆရာမတွေလည်း တွေ့ရပါတယ်။ မြန်မာ မာသာာထရီဇာလေးတွေပါ။ ကျောင်းသားကျောင်းသူလေးများ ကိုရင်လေးများ တရားနာကြတဲ့အတွက် ကလေးတရား
ဟောကြားခဲ့ပါတယ်။
ဇဋိလ သူဌေးရဲ့ ငယ်ဘဝ၊ (၇)နှစ်သားရဟန္တာ ရှင်သောပါကရဲ့ ငယ်ဘဝ၊ ရှင်သာရိပုတ္တရာရဲ့
သာသနာပြုနည်း စတာတွေကို အခြေပြုပြီး ဟောကြားခဲ့တဲ့ တရားကတော့ 'ယုံကြည်မြတ်နိုး ၉၆၉
တရားတော်'ပဲ ဖြစ်ပါတယ်။


