စဥ့်ကိုင်မြို့နယ် ကံသာအေးကျေးရွာ တရားပွဲ

တပို့တွဲလဆုတ် ၆ ရက်၊ (17.2.2017) ည ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ အင်္လျှားအရှေ့/အနောက် ကံသာအေးရွာ၊ သောကြာလူငယ် ဘုံဆွမ်းလောင်းအဖွဲ့ စတုတ္ထအကြိမ် အထူးဓမ္မသဘင်။
တရားမဟောခင် အင်္လျှားအနောက်ရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခဏနားပါတယ်။ 
စဥ့်ကိုင်မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး၊ ရပ်/ကျေး သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အင်္လျှားအနောက်ကျောင်းဆရာတော် ဦးစန္ဒိမာတို့အား ဖူးမြော်ပူဇော်ပြီး စာအုပ်စာစောင်များ လှူဒါန်းပါတယ်။ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးက တဘက်စွဲရွာတရားပွဲတုန်းက ညစဉ် လာရောက်စောင့်ရှောက်တဲ့ ဆရာတော်ကြီးပါ။ ရွာသူရွာသားများနှင့် ယခင်တစ်ကြိမ်လည်း ဆုံခဲ့ဖူးတာကြောင့် သုတ္တန်သက်သက်ပဲ ဟောကြားခဲ့ပါတယ်။ တရားတော်ရဲ့အမည်က နမောတဿတန်ဖိုး တရားတော်ပါ။



Share: