သားသမီးမကောင်း မိဘခေါင်း

တစ်သက်နှင့်တစ်ကိုယ် ဗိုလ်ချု ပ်ကို ကန့်ကွက်တဲ့သူ မတွေ့ဖူးဘူး။ ခုတော့ဗျာ --------
-------------------------------------------------------
ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမည့် အပေါ် ကန့်ကွက်ကြောင်း မွန်လူမျိုး ၃ ထောင်ကျော် ဆန္ဒပြ
မွန်ပြည်နယ် မော်လမြိုင်၊ ချောင်းဆုံမြိုနယ်ရှိ ဘီလူးကျွန်း တံတားနာမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် ဖေဖေါ်ဝါရီ ၂၈ ရက်က ဆွေးနွေးရန် အတည်ပြုချက်နှင့် တံတားနာမည်ကို ကန့်ကွက်ကြောင်းကို မွန်လူမျိုး ၃ ထောင်ကျော်က မတ်လ ၂ ရက် တွင် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာနှင့် တံတားကြီးကြားရှိ ချဉ်းကပ် လမ်းတလျှောက်တွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
တိုင်းရင်းသား ချစ်ကြည်ရင်းနှီးရေး၊ နယ်မြေတိုင်းရင်းသား ဆန္ဒ အသိအမှတ်ပြုပေးရေးနှင့် တိုင်းရင်းသားများ ဆန္ဒနှင့် မကိုက်ညီသည့် လုပ်ရပ် ချက်ချင်းရပ် စသည်ဖြင့် ကြွေးကြော်ကာ မွန်တိုင်းရင်းသားများ လိုချင်သည့် နာမည်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဓါတ်ပုံ-Aot Jae
Share: