ပြည်သူ့နီတိကို ခုတုံးလုပ်ပြီး အစ္စလာမ်ဇာတ်သွင်းလေပြီ


ပညာရေးဌာန တာဝန်ယူဖြေရှင်းပါ။
လွှတ်တော်မှာဆွေးနွေးသလား?
ပြည်သူကို ရှင်းလင်းတင်ပြသလား?
ပညာရေးမှာ ဘာသာတရားပြဌာန်းစရာ မလိုပါ။
နုနယ်တဲ့ ကလေးငယ်တွေကို ဘာသာရေးမှိုင်းတိုက်တာ ထင်ရှားပါတယ်။
ပြဌာန်းချင်ရင် ဗုဒ္ဓအဆုံးအမတွေပဲ ပြဌာန်းပါ။
ဗုဒ္ဓအဆုံးအမတွေဟာ အရွယ်သုံးပါးအတွက် အသင့်တော်ဆုံးဖြစ်လို့ပါပဲ။
ဘာသာပေါင်းစုံပြဌာန်းမည့်အစား
အများစုကိုးကွယ်ရာ ဘာသာတစ်ခုပဲပြဌာန်းပါ။
ဒါဟာ ဒီမိုကရေစီသဘောတရားပါပဲ။
အဲလိုမှလက်မခံရင် အခုရေးသားပြီးသား ပြဌာန်းစာတွေကို အာရဗီစာသင်ကျောင်းက မူဆလင်ကလေးတွေကို အရင်သင်ကြားပေးပါ။
မူဆလင်တွေကသာ အခြားဘာသာတရားကို အသိအမှတ်မပြု ကြတာပါ။
ဒါကြောင့် တိုင်းရင်းသားများကို အစ္စလာမ်ဇာတ်သွင်းခြင်းတွေ ရပ်တန်းကရပ်လိုက်ပါ။
ဝီရသူ ( မစိုးရိမ် )
4.3.2017
pm 3:29
---------------------------------------------------------
ပြည်သူ့နီတိ သင်ရိုးတွေညှိနေပါပြီ
======================
�မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ ပါလီမန် ဒီမိုကရေစီ နှင့် လိုက်လျောညီထွေသည့် ပြည်သူ့နီတိစာအုပ်များကို ပြဋ္ဌာန်းကာ သင်ကြားသင်ယူခဲ့ကြရပါသည်။ ၁၉၆၂ ခုနှစ် တွင် တပ်မတော်က အာဏာသိမ်းလိုက်သောအခါ ပြည်သူ့ နီတိကို ပြည်ဖုံးကားချလိုက်ပေ၏။ ''အရင်းလဲတော့ အဖျား ထင်းဖြစ်''ကိန်းဆိုက်ခဲ့သည်။
ပညာတန်ဆောင်တည်ထောင်သည့် ဆရာကြီး ဦးထွန်းအောင်က ပညာ့ဗိမာန်တည်ဆောက်ရာတွင် အခြားဘာသာရပ်တွေက တိုင်၊ ထုပ်၊ အခင်း၊ အကာ၊ ပြည်သူ့နီတိက ခေါင်မိုးဟူ၍ တင်စားရေးသားခဲ့ဖူး၏။ ပြည်သူ့နီတိစာအုပ်များကို သင်ရိုးမှ နုတ်ပယ်လိုက်သော အခါ ပညာ့ဗိမာန်ခေါင်မိုးကို ဖြုတ်ချရာရောက်သည်။
�ခေါင်ကအစ မိုးမလုံသည့်ကိန်းဆိုက်ခဲ့ပါလေ၏။ မဆလ ခေတ်မှာ အစားထိုးကျင့်သုံးခဲ့သော ''ဆိုရှယ်လစ်စာရိတ္တ'' မှာလည်း အထမမြောက်ခဲ့ပါ။ မျှော်မှန်းသည့် ဆိုရှယ် လစ်စာရိတ္တဝေးစွ၊ သမားရိုးကျ ရှိရင်းစွဲဘာသာစာရိတ္တပါ ပျောက်ကွယ်ခဲ့ရပေသည်။ ''ဖွတ်မရ ဓားမဆုံး'' ခဲ့ရသည့် နှယ်။
''When Character is Lost, everything is Lost'' ဟူသော အင်္ဂလိပ်ဆိုရိုးစကားအတိုင်း အကျင့်စာရိတ္တပျက်လျှင် အရာရာပျက်စီးသည့်ကိန်းဆိုက်ကာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရသည်။ တပ်မတော်က အာဏာသိမ်းသဖြင့် အာဏာရှင်စနစ် တစ်ကျော့ပြန် နဝတခေတ် (SLORC) ရောက်ခဲ့ရပြန်လေ၏။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို သင်ခန်းစာယူပြီး ''မြန်မာ့ကိုယ်ကျင့်လမ်းညွှန်'' စာအုပ်ရေးသားထုတ်ဝေခဲ့ သည့် စာရေးသူအား အခြေခံပညာဦးစီးဌာန စာရိတ္တနှင့် ပြည်သူ့နီတိကျောင်းသုံးစာအုပ်များပြုစုရေး သင်ရိုးအတွင်း ရေးမှူးအဖြစ် ခေါ်ယူတာဝန်ပေးပါသည်။ သင်ရိုးဥက္ကဋ္ဌက ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ဖြစ်၏။
စာရိတ္တနှင့် ပြည်သူ့နီတိသင်ရိုးဘောင်ကို ဤသို့ချမှတ် ပေးသည်။
(၁) ဇာတိမာန်နှင့် မျိုးချစ်စိတ်
(၂) ကိုယ်ကျင့်တရား
(၃) ယဉ်ကျေးမှု
(၄) သန့်ရှင်းကျန်းမာရေး
(၅) တာဝန်နှင့် ဝတ္တရား
ဤဘောင်အတွင်းရေးသားပြုစုခဲ့သော ''မူလတန်း ပြည်သူ့နီတိ'' ဆရာလက်စွဲစာအုပ် အုပ်ရေ (၅ဝဝဝဝ) ပုံနှိပ်မူ ၁၉၉၃-၁၉၉၄ ခုနှစ်မှစ၍ ထုတ်ဝေပြဋ္ဌာန်းခဲ့ပါ၏။ သစ်မရောက်မီစပ်ကြား ဝါးနှင့်ပေါင်းကွပ်သည်ဟု ဆိုနိုင် ပါ၏။
ထို့နောက် ၁၉၉၄-၁၉၉၅ ပညာသင်နှစ်မှစ၍ လက်နှိပ်စက်မူ ဆရာလက်စွဲ စာအုပ်သုံးအုပ်ကို ဤသို့ ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။
(၁) အလယ်တန်းဆင့် ပဉ္စမတန်းမှ အဋ္ဌမတန်း စာရိတ္တနှင့် ပြည် သူ့နီတိ
(၂) အထက်တန်းဆင့် နဝမတန်း --၄င်း ---
(၃) ---၄င်း--- ဒသမတန်း -----၄င်း-----
ငါးနှစ်တာ ပြဋ္ဌာန်းသင်ကြားသင်ယူစေပြီးနောက် ၁၉၉၈ ဖောင်ကြီးပညာရေးနှီးနှောဖလှယ်ပွဲအပြီးတွင် ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ ပြည်သူ့နီတိကို ဖြုတ်ပြီး လောကနီတိကို အစားထိုးခဲ့ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမရေးဆွဲရသေး၍ ပြည်သူ့နီတိကို ဆိုင်းငံ့ ထားကြောင်း
သိရ၏။
ပဉ္စမတန်းမှ ဒသမတန်းထိ ''စာရိတ္တ နှင့် လောကနီတိ'' ဆရာလက်စွဲစာအုပ်များ တစ်တန်း တစ်အုပ်ပြဋ္ဌာန်းခဲ့ရာ ခြောက်အုပ်ရှိပါသည်။
ယခုမူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ် ပေါ်ပေါက်ကျင့်သုံးနေပြီဖြစ်၍ ပြည်သူ့နီတိကို ပြန်လည် ပွဲထုတ်နေပါပြီ။
အခြေခံပညာကျောင်းများက ''စာရိတ္တနှင့် ပြည်သူ့နီတိ'' ဟူ၍ ပညာရပ်ဝေါဟာရသုံးပြီး ပထမတန်းမှစ၍ အတန်းလိုက် သင်ရိုးမူကြမ်းကို ညှိနေဆဲ၊ တည်းဖြတ်ဆဲဖြစ်ပါသည်။
ငြိမ်းချမ်းရေးပံ့ပိုးမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Peace Support Fund -PSF) ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Hanmony- CDNH) ကလည်း အခြေခံ ပညာမူလတန်းအဆင့် ပြည်သူ့နီတိပြဋ္ဌာန်းချက်စာအုပ်များ ပထမတန်းမှ စတုတ္ထတန်းထိ ပေါ်ထွက်နေပြီဖြစ်ပါ၏။ ရောင်စုံသရုပ်ဖော်ပုံများ ဝေဝေဆာဆာထည့်ထား၍ ဆွဲဆောင်မှုရှိပါသည်။ ကျန်အတန်းများ ပုံနှိပ်ဆဲဟုသိရ ပါ၏။
မူလတန်းအဆင့် သင်ရိုးအညွှန်းဘောင်စီစဉ်ထားပုံ တင်ပြပါရစေ။ ပထမတန်းမှ စတုတ္ထတန်းထိ
(၁) ကျန်းမာရေး
(၂) တာဝန်နှင့်ဝတ္တရား
(၃) လူမှုဆက်ဆံရေး
(၄) သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု
(၅) ပြည်ထောင်စုစိတ်ဓာတ်
ဟူ၍ဖြစ်ပြီး မူလတန်းအထက်ဆင့် တတိယတန်းနှင့် စတုတ္ထတန်းတွင်
(၆) ဘာသာတရားများ မိတ်ဆက်
(၇) လက်တွေ့လုပ်ငန်းများဟူ၍ ထပ်ဖြည့်ပါသည်။
ဘာသာတရားများမိတ်ဆက်တွင် တတိယတန်း၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူ၊ စတုတ္ထတန်း၌ ခရစ်ယာန်နှင့် အစ္စလာမ်တို့ကို အကျဉ်းချုပ်ဖော်ပြထားပါ၏။
CDNH က ထုတ်ဝေပြဋ္ဌာန်းသည့် ပြည်သူ့နီတိ စာအုပ်များကို ဘုန်းတော်ကြီးသင် ပရဟိတကျောင်းများ၊ ကျောင်းပြင်ပရောက်ကလေးများ၊ စစ်ဘေးရှောင်စစ်ပြေး ဒုက္ခသည်ကလေးများ စသည်ဖြင့် သင်ကြားပေးမည်ဖြစ် ကြောင်းနှင့် လက်တွေ့စမ်းသပ် သင်ကြားပေးလျက်လည်း ရှိကြောင်း သိရပါသည်။
ဒီမိုကရေစီအစိုးရခေတ်တွင် ပြည်သူလူထုအနေဖြင့် လူ့အခွင့်အရေးနှင့်အညီ ရပိုင်ခွင့်များပိုလာသလို တာဝန် သိသူမှာ တာဝန်တွေပိုရှိ ပိုထမ်းဆောင်ဖို့ လိုလာပါပြီ။ သို့မှသာ နိုင်ငံ့သားကောင်းများ ပီသမည်။ ပြည်သူ့နီတိက ပြည်သူတို့လှမ်းရမည့် လမ်းကြောင်းကို ညွှန်းပြပါလိမ့်မည်။
''တိမ်ဖုံးပါလို့ လမသာ'' ဆိုသလို နှစ် ၅ဝမျှ ပြည်သူ့ နီတိအသိအကျင့်တွေ ကင်းဝေးယိုယွင်းလာသော မြန်မာ နိုင်ငံတွင် ပြည်သူ့နီတိအပင်ပြန်လည်အသက်ဝင် ရှင်သန် ဖွံ့ဖြိုးစပြုလာသည်ကို ဝမ်းမြောက်နုမော် သာဓုခေါ်လိုက် ကြပါစို့ဟူ၍--။ ။








Share: