အစ္စလာမ်မိုက်ဇေးရှင်းကို လေ့လာခြင်း(၇)

အစ္စလာမ်မိုက်ဇေးရှင်းဆိုတာ အစ္စလာမ်ဇာတ်သွင်းခြင်းကိုပြောတာပါ။
ကမ္ဘာတစ်ဝှမ်း အစ္စလာမ်ဇာတ်သွင်းပုံတွေကို အခန်းဆက် တင်ပြပါ့မယ်။
အစ္စလာမ်ဇာတ်အသွင်းခံရပုံတွေလည်း ပါမှာဖြစ်သလို ဂျီဟဒ်အလုပ်ခံရပုံတွေလည်း ပါမှာပါ။
ဒီစာအုပ်မှာ ကုရ်အာန်ကျမ်းလာ ကျမ်းစာပိုဒ်များကို အတိအကျ ညွှန်းဆိုထားပါတယ်။
Hate Speech- အမုန်းစကား အမုန်းတရားနဲ့ပတ်သက်ပြီး ကုရ်အာန်ကျမ်းမှာ ဘယ်လောက် ဘယ်လို ဘာတွေ ဘယ်ကဲ့သို့ ဘယ်ညာ ဘယ်ဝါ ဘယ်ပြာ ဘယ်အရာ စတာတွေကို အတိအကျ ထောက်ပြသွားမှာပါ။
အားလုံးပြီးဆုံးသွားရင်တော့ အမုန်းတရားပါတဲ့ ကုရ်အာန်ကျမ်းပိုဒ်များကို ဖြုတ်ပေးဖို့နဲ့ ဆက်လက် မထုတ်ဝေဖို့ အရင်ဦးဆုံး တောင်းဆိုသွားမှာပါ။
အလ္လာဟ်ကပဲ အမုန်းစကားဆိုသလား?
မျိုးချစ်တွေကပဲ အမုန်းစကားဆိုသလား?
ဒီပွဲကတော့ သိပ်ကြည့်ကောင်းမည့်ပွဲပါ။
ဝီရသူ(မစိုးရိမ်)
==========================================================
(ဒီကနေ့တော့ ဂျီဟဒ်ကဏ္ဍကို ဖေါ်ပြလိုက်ပါပြီ။
ဂျီဟဒ်အမျိုးအစား သုံးခုရှိကြောင်း ကုရ်အာန်ကျမ်းမှာဖွင့်ဆိုထားပါတယ်။
ပထမအမျိုးအစား ရန်သူနှင့်ဂျီဟာဒ်လုပ်ခြင်းကိုပဲ ကုရ်အာန်ကျမ်းမှာ ဦးစားပေး ညွှန်ကြားထားတာ တွေ့ရပါတယ်။
အဲဒီရန်သူတွေကတော့ ကာဖိရ်-မူဆလင်မဟုတ်သူနှင့် မိုနာဖက်စ်-အစ္စလာမ်ကို အခြေအနေအရ ယုံကြည်သူ (မူဆလင်အယောင်ဆောင်)။
နောင်တရခြင်းကဏ္ဍ၉၊ စာပိုဒ် ၇၃ မှာ ကာဖိရ်နှင့် မိုနာဖက်စ်တို့ကို ဂျိဟာဒ်ပြုဖို့ အတိအလင်း ညွှန်ကြားထားပါတယ်။
၎င်းကို ဖွင့်ဆိုရာမှာ ဝါဒမျိုးစုံ ကွဲပြားနေပြီး ကာဖိရ်တွေကို လက်နက်ဖြင့် ဂျီဟာဒ်ပြုရမည်၊ မိုနာဖက်စ်တို့ကို နှုတ် ကလောင် သင့်တော်သောအခြားနည်းတစ်နည်းဖြင့် ဂျီဟာဒ်ပြုလုပ်နိုင်ကြောင်း ဖွင့်ဆိုထားပါတယ်။
မိုနာဖက်စ်တောင်မှ အပြစ်ကြီးတဲ့မိုနာဖက်စ်ဆိုရင် လက်နက်ဖြင့်ဂျီဟာဒ်ပြုနိုင်ကြောင်း ဖွင့်ဆိုထားတာ တွေ့ရမှာပါ။
မူဆလင်မဟုတ်တဲ့ မည်သည့်ဘာသာဝင်ပြည်သူမဆို တစ်နေ့နေ့မှာ မွတ်ဆလင်တွေရဲ့ ဂျီဟာဒ်စစ်တလင်းထဲ က ကာဖိရ်ပစ်မှတ်အဖြစ် တစ်နည်းနည်းနဲ့အသတ်ခံရနိုင်တယ်ဆိုတာကိုတော့ မမေ့ကြနဲ့ပေါ့။)
==========================================================
ဧကန်မုချ အကြင်သူတို့သည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြ၏။ ထို့ပြင် အကြင်သူတို့သည် (မိမိတို့၏နေရင်းဌာနများကိုပင်) စွန့်၍ ထွက်ခွာသွားကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် ဂျိဟာဒ် အလ္လာဟ်အရှင်မြတ်၏ လမ်း၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်၏။ ဤသူများသည်ပင် အလ္လာဟ် အရှင်မြတ်၏ ကရုဏာတော်ကို မြှော်လင့်တောင့်တကြကုန်သည်။
ကုရ်အာန်ကျမ်း ပထမတွဲ အစောင်၂၊ ဂါဝီကဏ္ဍ ၂၊ စာပိုဒ် ၂၁၈၊ စာမျက်နှာ ၁၈၂။
ဂျိဟာဒ် ဟူသောပုဒ်သည် ရန်သူကို တွန်းလှန်ကာကွယ်ရန်အတွက် အစွမ်းသတ္တိများကို အစွမ်းကုန် အသုံးပြုခြင်း အနက်ဟောသည်။(ရာဃိဗ်)
ဂျိဟာဒ် သည် သုံးမျိုးသုံးစားရှိ၏။
(က) ရန်သူနှင့် ဂျိဟာဒ်လုပ်ခြင်း။
(ခ) ရှိုင်တွာန် နှင့် ဂျိဟာဒ်ပြုလုပ်ခြင်း။
(ဂ) အကုသိုလ်စိတ်နှင့် ဂျိဟာဒ်ပြုခြင်း။ ကြည့်-ရာဃိဗ်။
ဖော်ပြပါ ဂျိဟာဒ် နှင့်စပ်လျဉ်း၍ နဗီတမန်တော် မုဟမ္မဒ်(ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့လေသည်။
အသင်တို့သည် မိမိတို့ရန်သူများနှင့် ဂျိဟာဒ် ပြုကြသကဲ့သို့ မိမိတို့၏ အကုသိုလ် စိတ်များနှင့်လည်း ဂျိဟာဒ်ပြုကြကုန်။ ရာဃိဗ်။
အသင်တို့သည် မိမိတို့၏လက်များဖြင့်၎င်း၊ မိမိတို့၏နှုတ်လျှာများဖြင့်၎င်း၊ ကာဖိရ်မိစ္ဆာဒိဋ္ဌိတို့နှင့် ဂျိဟာဒ်ပြုကြကုန်။ ရာဃိဗ်။
အထက်တွင် ဖေါ်ပြပါအတိုင်း ဂျိဟာဒ် သည် အစ္စလာမ်သာသနာကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလို့ငှာ အစွမ်းသတ္တိများကို အသုံးပြုခြင်း၊ ကြိုးပမ်းအားထုတ်ခြင်းပင်ဖြစ်သည်။ သာသနာကို ထိမ်းသိမ်းကာကွယ်ရန် လမ်းစဉ်အရပ်ရပ်အနက် လက်နက်ဆွဲကိုင်၍ ရန်သူတို့အားခုခံကာကွယ် တိုက်ခိုက်ခြင်းသည် ဂျိဟာဒ်၏ လမ်းစဉ်တရပ်သာဖြစ်ချေသည်။
ဂျိဟာဒ် ပြုသူကို မုဂျာဟိဒ် ဟုခေါ်သည်။
၇၃။ အို နဗီတမန်တော် အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ မုနာဖစ်က် မွတ်စ်လင်မ် အယောင်ဆောင်သူတို့အားလည်းကောင်း ဂျိဟာဒ်ပြုပါလေ။ ထို့ပြင် ၄င်းတို့အပေါ်၌ အသင်သည် ပြင်းထန်ကျပ်တည်းမှုကို ပြုပါလေ။ ထိုမှတပါး ၄င်းတို့၏ ခိုကိုးရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား ထိုစခန်းသည် အလွန်ဆိုးရွာလှပေသည်တကား။
ကုရ်အာန်ကျမ်းပထမတွဲ အစောင်၁၀၊ နောင်တရခြင်းကဏ္ဍ၉၊ စာပိုဒ် ၇၃၊ စာမျက်နှာ ၁၀၃၉။
(၁)
ဂျိဟာဒ်၏အဓိပ္ပါယ်မှာ မနှစ်မြိုဖွယ်ရာကိစ္စတရပ်ကို တွန်းလှန်ကာကွယ်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခြင်းဟူ၍ဖြစ်သည်။ ဤသို့ကြိုးပမ်းအားထုတ်ခြင်းသည် တခါတရံ လက်နက်ဖြင့် ဆောင်ရွက်ရ၏။ တခါတရံ နှုတ်ဖြင့်ဆောင်ရွက်ရ၏။ တခါတရံ ကလောင်ဖြင့် ဆောင်ရွက်ရ၏။ တခါတရံ အခြားတနည်းနည်းဖြင့် ဆောင်ရွက်ရ၏။
စိတ်တွင်းမှမပါ နှုတ်ဖြင့်သာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုနေသော မွတ်စ်လင်မ်အယောင်ဆောင် မုနာဖစ်က်များနှင့် လက်နက်ဖြင့် ဂျိဟာဒ်ပြုလုပ်ရန် မွတ်စ်လင်မ်တို့အား ဂျွန်မ်ဟူရ် အွန်မ္မတ်ခေါ် အာလင်မ်ပညာရှင် သုခမိန်အကြီးအကဲအများစုက ခွင့်မပြုခဲ့ကြပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)လက်ထက်တော်တွင်လည်း မုနာဖစ်က်များအား လက်နက်ဖြင့် ဂျိဟာဒ်ပြုလုပ်ခဲ့သည့် အဖြစ်အပျက်တစုံတရာမပေါ်ပေါက်ခဲ့ပေ။ ထို့အတွက်ကြောင့် ဤအာယက်တော်တွင် ဂျိဟာဒ်၏ အနက်အဓိပ္ပါယ်ကို ကျယ်ပြန့်စွာ ဖွင့်ဆိုထားရှိခြင်းဖြစ်သည်။ သို့မှသာလျှင် လက်နက်ဖြင့်သော် လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ ကလောင်ဖြင့်သော်လည်းကောင်း၊ အခြေအနေအရ သင့်တော်သလို ဂျိဟာဒ်ပြုလုပ်နိုင်ပေမည်။
အချို့အာလင်မ်ပညာရှင်များက အကယ်၍ မုနာဖစ်က်များ၏ နိဖာက် မွတ်စ်လင်မ် အယောင်ဆောင်မှုသည် လုံးဝထင်ရှားလာလျှင် ထိုသို့သော မုနာဖစ်က်များအား လက်နက်ဖြင့် ဂျိဟာဒ်ပြုလုပ်နိုင်သည်ဟု ယူဆကြသည်။
တဗူးက်စစ်ပွဲတွင် မုနာဖစ်က်တို့၏ နီဖာက်သည် အတော်ပင် ပေါ်လွင်ထင်ရှား၍ လာခဲ့လေသည်။ ထို့အတွက်ကြောင့်ပင် ဤအာယက်တော်တွင် ၄င်းတို့နှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုကျပ်တည်းစွာ ဆက်ဆံရန်မိန့်ဆိုထားတော်မူခြင်းဖြစ်သည်။
ဂျိဟာဒ်ဟူသော ပုဒ်သည် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းအနက်ပေးသော ကိတာလ် ဟူသောပုဒ်နှင့် အဓိပ္ပာယ်တူ မဟုတ်ပေ။ ကိတာလ်သည် ဂျိဟာဒ် ၏ တစိတ်တဒေသမျှသာဖြစ်သည်။
ကာဖိရ်များနှင့် ဂျိဟာဒ်ပြုလုပ်ခြင်းသည် တနည်းဖြစ်၏၊ မုနာဖစ်က်များနှင့် ဂျိဟာဒ်ပြုလုပ်ခြင်းသည် တဖုံဖြစ်၏။ မတူချေ။ ကာဖိရ်များနှင့် ပြုလုပ်ရသော ဂျိဟာဒ်သည် လက်နက်အားဖြင့်ဖြစ်သည်။ မုနာဖစ်က်များနှင့် ပြုလုပ်ရသော ဂျိဟာဒ်သည် နှုတ်အားဖြင့်လည်းကောင်း၊ လက်တွေ့ ဆက်ဆံခြင်းအားဖြင့်လည်းကောင်း ဖြစ်သည်။ ဤသည် မုဟက္ကိကီန် ပညာရှင်သုတေသီတို့၏ ယူဆချက်ဖြစ်သည်။
ကုရ်အာန်ကျမ်းပထမတွဲ စာမျက်နှာ ၁၀၄၀။




Share: