မင်္ဂလာဆွမ်းကပ်ပွဲ အနုမောဒနာ


2.4.2017 မန္တလေး ချမ်းအေးသာစံမြို့နယ်၊ မိုးကုတ်ရတနာရွှေဆိုင်ပိုင်ရှင် ဦးဝင်းမောင်+ဒေါ်နန်းခင်မာလာ တို့အိမ်မှာ ကျင်းပပါတယ်။
ဦးဝင်းမောင်+ဒေါ်နန်းခင်မာလာ တို့ရဲ့ သားထွေး မောင်ဖြိုးဇေငယ်ငယ် နှင့် မဖြူစင်ဝေအောင် တို့ရဲ့ မင်္ဂလာဆွမ်းကပ်ပွဲပါ။
စာရေးသူရဲ့ အကိုဝမ်းကွဲရဲ့သား အငယ်ဆုံး ဖြိုးငယ်လေးတောင် အိမ်ထောင်ကျပါပြီ။ 
ဆွမ်းကပ် ပရိတ်ရွတ် ရေစက်မချခင် အနုမောဒနာတရားဟောပါတယ်။
မယားခုနစ်မျိုး လင်ရှစ်မျိုး တရားတော်ပါ။ မင်္ဂလာပွဲတိုင်း ဟောနေကျတရားတစ်ပုဒ်ပါ။
 “မယားခုနစ်မျိုး” 
မယားခုနစ်မျိုး ရှိမြဲရိုးတွင် ခိုးသူ အရှင် သူသတ်သွင်သို့ ထိုသည့်မယား လား၏အမြဲ ငရဲမှတ်ဘိ အမိတမျှ နှမ မယွန်း ခင်ပွန်းသဖွယ် ကျွန့်နှယ်လေးဖြာ မယားမှာကား နိမ္မာနတ်ပြည် လားမြဲမည်၏။
ထိုသည့်လေးသွယ် မယားဝယ်လည်း ကျွန့်နှယ်မခြား ထိုမယားမူ ယောက်ျားဆုပန် နိဗ္ဗာန်ဆုကောင်း တောင်းကမလွတ် မချွတ်တူတည် ပြည့်မြဲမည်၏။(မဃဒေဝ)
“လင်ရှစ်မျိုး”
လင်မွဲ လင်နာ လင်သူရာကျ လင်မိုက် လင်ဖျင်း လင်ပျင်း လင်အို အလိုမဖြည့် မပြည့်ဆန္ဒ ရှိတုံကမူ မိန်းမဟူသည် ဤရှစ်လီကြောင့် မကြည်မသာ အနာဒရ ပြုတတ်စွရှင့်။ (မဃဒေဝ)
(ဘုန်းကြီးဖြစ်ပြီး လင်ခန်းမယားခန်း မဟောကောင်းဘူးထင်နေရင်တော့ ဇာတ်တော်နှင့် မဃဒေဝကျမ်းကို လေ့လာလိုက်ပါဦး။)


Share: