ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်လုံးဆိုင်ရာ ချစ်ကြည်ရေးလမ်း မိသားစု ဓမ္မရက္ခိတ (ဝါတွင်း/ဝါပ) ဆွမ်းလောင်းအသင်းကြီး တတိယအကြိမ် ဆွမ်းအောင်ပွဲ ရေစက်ချ ဓမ္မပူဇာသဘင်ပါ။
အလုပ်ပြန်တရားနာပရိသတ်တွေကို ဦးစားပေးစီစဉ်ထားတာမို့ ၉ နာရီနီးမှ ပလ္လင်ပေါ်တက်ဖြစ်ပါတယ်။
ပလ္လင်နှစ်ခုစီစဉ်ထားပြီး စာရေးသူနှင့် ညီတော်မောင် အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတတို့ အပူဇော်ခံပါတယ်။
ငါးညတာ တရားပွဲပါ။
စာရေးသူက လေးညမြောက် ဟောရမှာပါ။
ပါမစ်ကျပြီးသော်လည်း ပွဲပိတ်ခံထားရတာကြောင့် ပါးစပ်ပိတ် နေခဲ့ရတာပါ။
တရားတော်က စာရေးသူဟောကြားထားတဲ့ “မုဒိတာစေတော ဝိမုတ္တိ (လွတ်မြောက်ရာ မုဒိတာတရား” ကို စီဒီခွေဖွင့်၍ နာယူခဲ့ကြပါတယ်။
လှိုင်သာယာမှာတော့ ထူးထူးခြားခြား အနှောက်အယှက်မရှိပါဘူး။
လုပ်သားပြည်သူတွေနေထိုင်ရာဆိုတော့ အနီတွေလို အတိုင်အတောလည်း မထူ၊ အရိုင်းအစိုင်းတွေလည်း မလုပ်ဘူးပေါ့။
MNN မှ ဦးဝင်းကိုကိုလတ်က စာရေးသူရဲ့ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပါတယ်။
ညီတော်မောင် အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတက သီလပေး ရေစက်ချ အနုမောဒနာပြု တရားအကျဉ်းဟောပါတယ်။
စည်းသုံးချက်တား ပဒိုင်းသီး တရား ဟောကြားသွားတာပါ။
တရားနာလုပ်သားပြည်သူများ အတော်နှစ်ခြိုက်ကြပါတယ်။

ပဒိုင်းသီးတရား သံပေါက်ကဗျာလေးပါ။
ဟိုကောင်တွေဆိုတာရယ်၊ ပဒိုင်းသီးနှင့် တူပါတယ်။
စားရင်လည်း ရူး-ရူးတော့တယ်။
ဆုပ်ရင်လည်း စူး - စူးတော့တယ်။
နမ်းရင်လည်း မူး - မူးတော့တယ်။
အဲဒါကြောင့် ပဒိုင်းသီးလူသား ရှောင်ရှားကြစေကွယ်။
(အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ)

ရင်ခုန်ကြသူတွေလည်း ရှိရဲ့။
ငိုရှိုက်သူတွေလည်း ရှိရဲ့။
မျိုသိပ်သူတွေလည်း ရှိရဲ့။
တစ်ကမ္ဘာလုံး ကြည့်ရှုခံစားရင်း ဣဋ္ဌလောကဓံရော အနိဋ္ဌလောကဓံကိုပါ ချစ်သူ/မုန်းသူတွေထံမှ ရရှိခံစားခဲ့ရပါတယ်။
အရပ်သားအစိုးရနဲ့ ပလာစတာ ဓမ္မသဘင်တွေကတော့ အင်မတန် ပနံတင့်လျက် ရှိပါကြောင်း။ ။
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာကို တသွေမတိမ်း လိုက်နာတဲ့အနေနဲ့ တစ်ခွန်းမှ မဟောတဲ့အပြင် ချောင်းမဟန့် နှာမချေဘဲ အကြည်ညိုခံ အပူဇော်ခံသက်သက် ကျင်းပနေတာကိုတောင်မှ ငှက်ဆိုးတွေက အငြိုးထားကာ အမျိုးမျိုး ဖိအားပေးနေတာကို တွေ့မြင်ကြားသိနေရပါတယ်။
အဲဒါမျိုးကျ လုပ်ကောင်းကြတယ်ပေါ့နော်........။)
ဝီရသူ (မစိုးရိမ်)
22.4.2017
9:45 PM