အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ (၄)နှစ် ပြည့် ညီလာခံကျင်းပနိုင်ရေးအကြိုညှိနှိုင်း အစည်းအဝေးအား (၂၉.၄.၂၀၁၇)ရက်နေ့ နေ့လည် ၂း၀၀ နာရီအချိန်တွင်အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ညီလာခံကြီးကိုယခင်နှစ်များကဲ့သို့စည်ကားသိုက်မြိုက်စွာ ကျင်း ပနိုင်ရန်အတွက်မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၊မဘသ(ဗဟို)အတွင်းရေးမှူး(မြစေတီဆရာတော်)၊မဘသ(ဗဟို)၀န်ဆောင်ဆရာတော်များဖြစ်ကြသည့်ရှင်မတောင်ဆရာတော်၊ဓမ္မဒူတအရှင်ပညာဝရ(သိမ်ဇရပ်ဆရာတော်၊ အရှင် သဒ္ဓမ္မ(မြနန်း ဆရာတော်)၊အရှင် ဝိမလာဘိဝံသ (ဟိတဓရ ဆရာတော်)ဒေါက်တာအရှင် သောပါက (ဇေတဝန်) ၊ ဓမ္မ၀ီရဒေါက်တာ အရှင်တေဇနိယ တို့မှညှိနိုင်း ဆွေးနွေးခဲ့ကြသည်။
၂၀၁၇ ခုနှစ် မေလ ၂၇-၂၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ညီလာခံကြီးသို့ ထေရ၀ါဒ (၄)နိုင်ငံမှသာသနာ့ဦးဆောင် ဆရာတော်များ လည်း ကြွရောက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
``မဘသ(ဗဟို)Online Media``


