မ​ဟော်​သဓာဝင်​ခွင့်​​​ဖြေဆိုရန်

မ​ဟော်​သဓာဝင်​ခွင့်​​​ဖြေဆိုရန်​အတွက်​ ​အောက်​​ဖော်​ပြပါ
ဝင်​ခွင့်​အရည်​အချင်းနှင့်​ကိုက်​ညီသူများကို
၀၉၇၇၇၂၂၉၆၀၄/၀၉၅၁၈၇၆၂၆ ဖုန်းကို မိမိတို့ဖုန်းများ
အတွင်းသို့ရိုက်​ထည့်​ပြီး Viber နှင့်​ချိတ်​ဆက်​​စာရင်း​ပေးပို့နိုင်​ပါသည်​။
အောင်​စာရင်းထွက်​ပြီးမှ ​အောင်​သည့်​ခုံအမှတ်​နှင့်​အတူ ​ပေးပို့ရပါမည်​။
သက်​ဆိုင်​ရာ မြို့နယ်​ တိုက်​နယ်​ မ.ဘ.သ
ဆရာ​တော်​များထံစာရင်း​ပေးသွင်းထားသည့်
သူများအတွက်​..ဆရာ​တော်​များမှ စာရင်း​ပေး
ပို့ပါလိမ့်​မည်​။အောင်​စာရင်းက (၂၃)ရက်​​နေ့မှထွက်​မည်​ဟု
ဝန်​ကြီးဌာနက တရားဝင်​​ကြေညာထားပြီးဖြစ်​ပါသည်​။
♕ မဟော်သဓာ ဝင်ခွင့်​ ​ဖြေဆိုနိုင်​ရန်​♕
➳ မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းသို့ တက်ရောက်
ပညာသင်လိုကြသူများအတွက် မဟော်သဓာဝင်ခွင့်
နှင့်ပတ်သက်၍ လိုအပ်သည်များကို
ယခု ဖော်ပြပေး
သွားမည်ဖြစ်ပါသည်။
၁။၂၀၁၆/၂၀၁၇ ပညာသင်နှစ်တွင် (ပူပူနွေးနွေး)
သတ္တမတန်းအောင်မြင်ပြီးသူဖြစ်ရပါမည်။
(သတ္တမတန်း ​အောင်​စာရင်းထွက်​ပြီးမှသာ
အမည်​စာရင်းစတင်​လက်​ခံပါမည်​)။
၂။အဋ္ဌမတန်းကျရှုံးသူ မဖြစ်စေရ။
(အရင့်အရင် နှစ်များက သတ္တမတန်းအောင်မြင်ပြီး
အကြောင်းအမျိုးမျိုးကြောင့် အဋ္ဌမတန်းမတက်ဖြစ်
ပါဘဲ ပညာရေးရပ်နားခဲ့ဖူးသူများ မဖြစ်စေရ)။
၃။ကာယကံရှင် ကျောင်းသား/သူ ကိုယ်တိုင်
မဟော်သဓာ၌ ပညာသင်ကြားလိုသည့် ဆန္ဒအမှန် ရှိသူဖြစ်​ရပါမည်​။

၎။ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
၅။၂၀၁၆/၂၀၁၇ ပညာသင်နှစ် သတ္တမတန်း အောင်စာရင်းထွက်ပြီးသည်နှင့်တစ်ပြိုင်နက် မဟော်သဓာသို့ အောက်ပါအတိုင်း အမည်စာရင်းပေးသွင်းရမည်
ဖြစ်ပါသည်။
(က)ကျောင်းသားအမည်။
(ခ)အဘအမည်။
(ဂ)သတ္တမတန်းအောင်ခဲ့သည့်
ကျောင်းအမည်။
(ဃ)နေရပ်လိပ်စာ။
(င)ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ဖြစ်​ပါ
သည်​။
❆ အထက်ပါအချက်အလက်များကို.....➳
★ မိမိတို့​နေထိုင်​ရာ​ဒေသရှိ...
ုမြို့နယ်​..အမျိုးဘာသာသာသနာ ​စောင့်​-
ရှောက်​​ရေးအဖွဲ့ ဥက္ကဋ္ဌ(သို့)အတွင်း​ရေးမှူး
ဆရာ​တော်​။
တိုက်​နယ်​..အမျိုးဘာသာ သာသနာ​စောင့်​-​ရှောက်​​ရေးအဖွဲ့ ဥက္ကဋ္ဌ(သို့)အတွင်း​ရေးမှူး
ဆရာ​တော်​များထံ​တော်​မှာ အမည်​စာရင်း
တင်​သွင်း၍လည်း​ကောင်း။
★ မိဘများကိုယ်​တိုင်​..​အောက်​ပါ မ​ဟော်​သ
ဓာ တာဝန်​ရှိ ပုဂ္ဂိုလ်​များထံ ဆက်​သွယ်​၍
လည်း​ကောင်း အမည်​စာရင်း.တင်​သွင်းနိုင်
ပါသည်​။
(က)​ဒေါ်သန်းနွယ်​=၀၉၅၁၈၇၆၂၆
(ခ)သူရိန်​စိုး(ဓမ္မဒူတ) ၀၉၇၇၇၂၂၉၆၀၄။
✔ မ​ဟော်​သဓာ ဝင်​ခွင့်​အမည်​စာရင်းတင်
သွင်းဖို့အတွက်​ မည်​သူ့ကိုမျှ ​ငွေ​ကြေးတစ်​စုံ
တစ်​ရာ ကိုယ်​တိုင်​လည်း ​ပေးရန်​မလိုပါ
သူတစ်​ပါးကိုလည်း​ပေးခိုင်းစရာမလိုအပ်​ပါ။
 အထက်​ပါ အချက်​အလက်​များသာ ပြည့်
စုံရန်​လိုအပ်​ပါသည်​။✔
၆။ ၂၀၁၇ မေလ ဒုတိယအပါတ်တွင် မဟော်သဓာ
ဝင်ခွင့်စာမေးပွဲကို ရန်ကုန်၌ ဖြေဆိုရပါမည်။
လူတွေ့ နှုတ်ဖြေလည်း ဖြေဆိုရပါမည်။
၇။မဟော်သဓာ ဝင်ခွင့်ဖြေဆိုမည့်ကျောင်းသားများ
လေ့လာထားရမည့် ဘာသာရပ်များမှာ....
(၁)သတ္တမတန်း အင်္ဂလိပ်စာ။
(၂)သတ္တမတန်း သင်္ချာ။
(၃)စာရိတ္တ ဘာသာရပ်။
(ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းသတ်မှတ်ထားသော သတ္တမတန်း-
စာရိတ္တနှင့်​လောကနီတိ။
၈။မဟော်သဓာ ဝင်ခွင့်ဖြေဆိုရသည့်အခါ..
အမည်စာရင်းပေးသွင်းထားသူများကို အသိပေး​ကြေညာသွားမည်​ဖြစ်​ပါသည်​။
➳ ​အောက်​တွင်​..2016ခုနှစ်​က..
မ​ဟော်​သဓာဝင်​ခွင့်​ ​မေးခွန်း​ဟောင်းများကို ​ဖော်​ပြ​ပေးပါမည်​။
ဝင်​ခွင့်​ဘာသာရပ်​များကို မိမိတို့ကိုယ်တိုင်
ရှာ​ဖွေ​လေ့လာရပါမည်​။
✔ ၇တန်း​အောင်​စာရင်း ဒီ​နေ့ထွက်​ရင်
ဒီ​နေ့ အမည်​စာရင်း​ပေးလို့ရပါပြီ ။
အောင်​စာ
ရင်းမထွက်​​သေးပါဘဲစာရင်းမ​ပေးပို့ကြပါရန်
လည်း ​မေတ္တာရပ်​ခံအပ်​ပါသည်​။✔
(အမည်​စာရင်း တင်​သွင်းတယ်​ဆိုတာ
ဝင်​ခွင့်​​ဖောင်​တင်​ခြင်းပင်​ဖြစ်​သည်​)
ဝင်​ခွင့်​​ဖောင်​ လာထုတ်​စရာမလိုပါ။
.............
သူရိန်စိုး (ဓမ္မဒူတ)
မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်း ​ကျောင်း​။ရန်​ကုန်​တိုင်း​ဒေသကြီး ၊လှည်းကူး။
သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ.....။
၀၉၇၇၇၂၂၉၆၀၄။၀၉၄၅၅၀၄၁၃၃၀။


Share: