သာသနာနှစ် ၂၅၆၀
ကောဇာသက္ကရာဇ် ၁၃၇၉
ခရစ်နှစ် ၂၀၁၇
နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏
တရားဥပဒေမဲ့လုပ်ဆောင်မှုများအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏သဘောထားကြေညာချက်။
ရက်စွဲ။ ၁၃၇၉ ခု၊ တန်ခူးလပြည့်ကျော်(၁၁)ရက်။
၂၀၁၇ ခုနှစ်၊ ဧပြီလ(၂၂)ရက်(စနေနေ့)။
စာအမှတ် ။၈၉/မ.မ.ရ.သ/၂၀၁၇
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့်လုပ်ရပ်များနှင့် အမျိုးသားရေး ရဟန်းရှင်လူပြည်သူများအပေါ် မတရား ပုဒ်မတပ် စွပ်စွဲချက်များကို လုပ်ကိုင်ဆောင်ရွက်နေခြင်းအပေါ် မျိုးချစ်မြန်မာရဟန်းတော်
များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်သည်။
၂။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)သည် တိုင်းပြည်နဲ့
လူမျိုး ဘာသာသာသနာအကျိုးကို အရှည်ခန့်၍ တည်တံနိုင်ပါစေခြင်း
အကျိုးငှာ မိမိတို့စွမ်းနိုင်သည့်ဘက်မှ ကာယအား၊ဥာဏအား၊ဓနအားဖြင့်
တရားဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အပြစ်
ဟုမြင်ကာ မလျော်သြဇာသုံး၍ အတင်းအဓမ္မ ဖိနှိပ်ပြီး လူ့အခွင့်အရေး
များကို လိုသလိုအသုံးချကာ အရေးယူဖို့လုပ်ကိုင်ဆောင်ရွက်နေခြင်းများ
ထပ်မံ မပြုလုပ်ဘဲ တိုင်းပြည်တိုးတက်အောင်၊ပြည်တွင်းငြိမ်းချမ်းအောင်၊
ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီး အရှည်ခန့်၍ တည်တန့်နိုင်အောင်
တရားသောဥပဒေများ စိုးမိုးမှုရှိအောင် တရားရေးမဏ္ဍိုင်၊အုပ်ချုပ်ရေး
မဏ္ဍိုင်များကိုမယိုင်မလဲအောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးနိုင်
ရန်တိုက်တွန်းတောင်းဆိုသည်။
၃။ ၁၉.၄.၂၀၁၆ ခုနှစ်၊ ရခိုင်ပြည်နယ်၊ သဲချောင်းအနီး စက်လှေမြုပ်ရာတွင်
မြန်မာတိုင်းရင်းသားများနှင့် ခိုးဝင်ဘင်္ဂလီများသေဆုံးနှင့်ပတ်သက်၍
မြန်မာတိုင်းရင်းသားများအတွက် ဝမ်းနည်းခြင်းမရှိဘဲ ခိုးဝင်ဘင်္ဂလီများ
သေဆုံးခြင်းအားအမည်မှန်ဖော်ပြ ဝမ်းနည်းခြင်းမပြုဘဲ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံအတွင်းရှိ(၁၃၅)မျိုးသော တိုင်းရင်းသားမျိုးနွယ်စု
စာရင်းတွင်မပါဝင်သော ကမ္ဘာ့လူမျိုးစုစာရင်းတွင်မရှိခဲ့ဘူးသော
ရိုဟင်ဂျာအသိုက်အဝန်းဟုရေးသားသုံးနှုံးမှုပြုခဲ့ခြင်းအပေါ် ပြည်ထောင်
စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ တာဝန်ယူဖြေရှင်းပေးခဲ့ခြင်းမရှိသည့်
အတွက် တာဝန်သိသော အမျိုးသားရေးအဖွဲ့ မြန်မာ့အမျိုးသားရေးကွန်
ယက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်မှ သက်ဆိုင်ရာမြို့နယ် ရဲစခန်းသို့ ငြိမ်းစု
စီ ဥပဒေနှင့်အညီ ဆန္ဒပြခွင့်တောင်းခံကာ ရန်ကုန်တက္ကသိုလ်ဝင်
ပေါက်ရှေ့မှ လမ်းတဖက်ထိစီတန်းလမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့
သည်။ ထိုဆန္ဒထုတ်ဖော်ပွဲသို့ အမျိုးသားရေးအသိရှိကြကုန်သော ရဟန်းရှင်လူပြည်သူများကသွားရောက်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
ထိုသို့ပါဝင်ဆန္ဒထုတ်ဖော်သူအားလုံးဟာလည်း ဥပဒေကိုအလွဲသုံးစား
လုပ်ကာ သွားရောက်ပူးပေါင်းပါဝင်ခြင်းမဟုတ်ဘဲ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ၊ အခန်း(၈)၊ နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်
များအခန်းကဏ္ဍ၊ ပုဒ်မ(၃၈၅)တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကြီး၏လွတ်လပ်ရေးအချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေး
ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်
ဟု ပါရှိသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာအမေရိ
ကန်သံအမတ်ကြီး စကော့မာစီရယ်၏ မြန်မာအမေရိကန် သံတမန်
ဆက်ဆံရေးကိုအလေးမထားဘဲ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
တော်ကြီး၏ အချုပ်အခြာအာဏာကိုဝင်ရောက်စွက်ဖက်စော်ကားနေခြင်း
အား မခံနိုင်ဖြစ်ကာ သွားရောက်ပူးပေါင်းပါဝင်ကြခြင်းဖြစ်ပါသည်။
ထိုအထဲတွင်မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)လည်း
ပါဝင်ခဲ့ပါသည်။
၎။ အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခြင်းအတွက် မြန်မာ့အမျိုးသား
ရေးကွန်ယက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်မှအားလုံးကိုတာဝန်ခံကာ
ဦးဆောင်လျှောက်ထားခဲ့ခြင်းသာဖြစ်ပါသည်။ မျိုးချစ်မြန်မာရဟန်းတော်
များသမဂ္ဂ(ရန်ကုန်)မှ ဥက္ကဋ္ဌဆရာတော်ဦးဥာဏဓမ္မ၊ အတွင်းရေးမှူး
ဦးသုစိတ္တတို့သည် ဦးဆောင်လျှောက်ထားသူလည်းမဟုတ်၊တာဝန်ခံသူ
လည်းမဟုတ်၊ခေါင်းဆောင်သူလည်းမဟုတ်ပဲ ထိုအမှုတွင် ထည့်သွင်း
တရားစွဲဆိုထားခြင်းမှာ တရားဥပဒေကို လိုသလိုအသုံးချကာနိုင်ငံသား
အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်လိုက်သည်သာ ဖြစ်သည့်အတွက်လည်း
များစွာ စိတ်မကောင်းဖြစ်မိပါသည်။ မြန်မာ့လူမျိုးစုတွင်သာမက ကမ္ဘာ့
လူမျိုးစုအမည်နာမတွင်ပါ ဘယ်တုန်းကမှ မရှိခဲ့ဘူးသော လူမျိုးအတု
အမည်ကိုသုံးနှုံးလိုက်ခြင်းအပေါ်တွင်သာ မရှိကြောင်းပြောဆိုဆန္ဒထုတ်
ဖော်ကြခြင်းဖြစ်သည့်အတွက် ပြောတဲ့အမေရိကန်သံအမတ်မှာ
အပြစ်ရှိသလား မရှိသည့်လူမျိုးအမည်ကို မရှိပါဘူးဟုပြောဆိုကြသူတွေ
တွင် အပြစ်ရှိသလားဆိုတာ အဖြေကရှင်းနေပါသည်။ထို့ကြောင့်ပြည်
ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ တရားဥပဒေမဲ့
နိုင်ငံသားအခွင့်ရေးမဲ့ လုပ်ကိုင်ဆောင်ရွက်နေခြင်းများအား ထပ်မံလုပ်
ဆောင်ခြင်းမပြုကြရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ
ဤသဘောထားကြေငြာချက်အားထုတ်ပြန်တောင်းဆိုလိုက်သည်။
ဥက္ကဋ္ဌ (က/စ)
ဦးပညာသာရဇောတိ (ဗဟိုအလုပ်အမှုဆောင်)
အတွင်းရေးမှူး (က/စ)
ဦးပညာဝံသ (ဗဟိုအလုပ်အမှုဆောင်)
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)
Share: