
ဒီနေ့ တန်ခူးလကွယ် 25.4.2017 မနက် ၉း၀၀ နာရီမှာ အခမ်းအနားကျင်းပပါတယ်။
ဆရာတော်ကြီးသီတင်းသုံးတော်မူခဲ့ရာ ဓမ္မကာယကျောင်းတော်ကြီးမှာ ကျင်းပတာပါ။
မိုးဃ်ကောင်းကျောင်းတိုက်မှ သ.စ.အ ဝဋံသကာဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ တရားဟောရေစက်ချ အနုမောဒနာပြုပါတယ်။
မနက် ၁၀း၀၀ နာရီမှာ ဆရာတော်ကြီး၏ တပည့်ကြီးဖြစ်သူ လက်ရှိမဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ သီတင်းသုံးရာ ဓမ္မသမိဒ္ဓိကျောင်းမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။
ရွှေကိန္နရီဆရာတော်ကြီး၊ တိုင်းဥက္ကဋ္ဌပါဠိဆရာတော်ကြီး အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် တပည့်ဒကာ ဒါယိကာမများ တက်ရောက်ကြပါတယ်။
စာရေးသူလည်း သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေ၊ တပည့်တွေနဲ့ စုံစုံလင်လင် ဝမ်းပန်းတသာ ချစ်ကြည်ရင်းနှီးစွာ ဆုံဆည်းခွင့်ရလိုက်ပါတယ်။
ကျေးဇူးအဂ္ဂါဘိဓဇဆရာတော်ကြီး ပျံလွန်တော်မူတာ (၁၄) နှစ်တောင်ရှိပါပြီ။
၁၃၆၆ ခု တန်ခူးလကွယ်မှာ ပျံလွန်တော်မူခဲ့တာပါ။
အဲဒီတုန်းက ၂၀၀၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ပေါ့။
စာရေးသူအတွက်တော့ ၂၀၀၃ ရဲ့ ဧပြီ ၃၀ မေ ၃၀ ကတော့ မမေ့နိုင်တဲ့ ကြေကွဲဖွယ်တွေဖြစ်ပါတယ်။