''မင်္ဂလာပါ''လို့ နှုတ်ခွန်းဆက်သ ဂါရ၀ပြုလိုက်ပါတယ် ဆရာတော်ဘုရား။ ဆရာတော်၏ အမျိုး၊ ဘာသာ၊ သာသနာအပေါ် ထားရှိတဲ့ မူဝါဒနဲ့ စိတ်စေတနာကို အတွင်းကျကျ ရှုမြင်နားလည် ပါကြောင်းလည်း ဦးစွာ လျှောက်ထားပါတယ်ဘုရား။
စာတစ်တန် ပေတစ်တန် လျှောက်ထားရတဲ့အကြောင်းရင်းကတော့ ပုထုဇဉ်ရဟန်းတစ်ပါးရဲ့ သောကကို ဆရာတော့်ထံ ဖွင့်ဟခြင်းဖြင့် ထွက်ပေါက်ရှာလိုတာက တစ်ကြောင်း၊ တစ်ဖန် အမျိုးသမီးအခွင့် အရေး၊ အိမ်ရှင်မအခွင့်အရေးကို မခံစား မရရှိကြဘဲ သောက၊ ပရိဒေ၀များစွာနဲ့ မွတ်စလင်အမျိုးသားတွေရဲ့ ပြင်းထန်လွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြား လူမသိ သူမသိ တစ်ဘ၀ အဆုံးသတ်သွားကြရတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်မျှ အကျိုးရစေလိုတာက တစ်ကြောင်းကြောင့် အခုလို စာရေးသားလိုက်ရခြင်း ဖြစ်ပါတယ်ဘုရား။
အခုရက်ပိုင်း ဖတ်ရှုမြင်တွေ့နေရတဲ့ သတင်းကတော့ ကျုံးရေပြင် ထဲ ခုန်ချကာ ဘ၀ကို အဆုံးသတ်တဲ့ မန္တလေးမြို့က မိခင်ပျိုနဲ့ လူမမယ်ကလေး တစ်ယောက်ရဲ့ အကြောင်းပါ ဆရာတော်ဘုရား။ တပည့်တော်တို့ တိုင်းပြည်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုး ကွယ်သူ များပြားတဲ့ တိုင်းပြည်ဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ နှိုင်းဆကြည့်ရင် ကိုယ့်ကိုကိုယ် သေကြောင်းကြံသူ အင်မတန် နည်းပါးတယ်လို့ စစ်တမ်းတွေမှာ ဖတ်ရှုရပါတယ်ဘုရား။ တောင်ကိုရီးယားနိုင်ငံကတော့ ကိုယ့်ကိုကိုယ် သေကြောင်း ကြံမှု အမြင့်မားဆုံးတိုင်းပြည်လို့ မှတ်သားရဖူးပါတယ်ဘုရား။ ခြုံငုံသုံးသပ်ရရင် ခေတ်မီဖွံ့ဖြိုးခြင်းတွေနဲ့အတူ အများနည်းတူ မအောင်မြင်ခြင်း၊ လိုတာ မရခြင်း၊ မှန်းချက်နှင့် နှမ်းထွက်မကိုက်ညီခြင်းများကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေဟာ ကိုယ့်ဘ၀ကိုယ် ကိုယ်တိုင်ပဲ လုပ်ကြံသတ်ဖြတ်တဲ့အဆင့်ကို ရောက်ရတယ်လို့ ဆိုနိုင်မှာပါဘုရား။
အညတြသားအမိရဲ့ သတင်းကို ဖတ်ရတဲ့အခါ မထားအပ်တဲ့ သံသယလို့ပဲဆိုဆို၊ ဥပါဒါန်လို့ပဲ ပြောပြော တပည့်တော်တို့စိတ်မှာ တော့ ''ဒီကလေးမဟာ မွတ်စလင်မယား ဖြစ်မယ်''လို့ ချက်ချင်းဆိုသလို ခန့်မှန်းလိုက်တာပါပဲဘုရား။ မြန်မာပြည်ရဲ့ စီးပွားရေးကြောင့်၊ ဒါမှမဟုတ် မြန်မာလူမျိုးအချင်းချင်း ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုကိုယ် လုပ်ကြံသတ်ဖြတ် သေကြောင်းကြံတယ်ဆိုတာ တပည့်တော်တို့ရဲ့ တိုင်းပြည်မှာ အင်မတန်နည်းခဲ့ပါတယ်ဘုရား။
(အခုနောက်ပိုင်း စီးပွားရေးကြောင့် မိမိကိုယ်ကို သေကြောင်းကြံမှု ရှိလာပြီ ဖြစ်သည်) ဒါကြောင့်လည်း ''မွတ်စလင်မယားများ ဖြစ်နေမလား'' ဆိုတဲ့ သံသယက တပည့်တော်တို့ရဲ့ သန္တာန်ကို ၀င်ရောက်လာတာ ဖြစ်နိုင်ပါတယ်ဘုရား။ ထင်တဲ့အတိုင်းပါပဲဘုရား။ ဒီနေ့ ဖတ်ရတဲ့ စံတော် ချိန်သတင်းစာမှာ သေသွားတဲ့ မိခင်ရဲ့အမည်နဲ့ ဆေးရုံတက်ကုသမှု ခံယူနေတယ်ဆိုတဲ့ ကလေးရဲ့ အမည်ကို သတိထားကြည့်တဲ့အခါ ကလေးရဲ့ အမည်မှာ ''မောင်ရှိန်းအာကာအောင်(ခ)မွတ်စတာဖာရ်'' လို့ တွေ့လိုက်ရတဲ့အတွက် ဒီကလေးမလေးဟာ သေချာပေါက် မွတ်စလင်မယားဆိုတာ သိလိုက်ပါပြီဘုရား။ တစ်ခါ ''ဗုဒ္ဓဘာသာကို ကိုးကွယ်မယ်ဆိုလို့ လက်တွဲခဲ့မိတာ မှားလေးခြင်း'' ''ငါ့ရင်က ဖြစ်တဲ့ ငါ့သားကို မွတ်စလင်အဖြစ်တော့ မထားခဲ့နိုင်ဘူး'' ဆိုတဲ့ ဒီမိခင်ပျိုရဲ့ သတ္တိတွေ သေ၀ိတဗ္ဗမာန်မာနတွေကိုလည်း ခန့်မှန်း ကြားယောင်မိ တာ အမှန်ပါ ဆရာတော်ဘုရား။
တစ်ဆက်တည်းမှာပဲ တိုးတိုးတိတ်တိတ် ထာဝရအိပ်စက်သွားတဲ့ တပည့်တော်တို့ရွာက မနူးမနပ် ဗုဒ္ဓဘာသာမိန်းမပျိုလေးတစ်ယောက် ရဲ့ အကြောင်းကိုလည်း သတိရှပ်မိပါတယ်ဘုရား။ သတင်းအချက် အလက်ရရှိမှု အင်မတန်နည်းပါးတဲ့ ကာလမှာဖြစ်လို့ တပည့်တော်တို့ အပါအ၀င် ဘယ်သူမှ မကယ်လိုက်နိုင်တဲ့ သံသယဖြစ်စရာ လူသေမှု တစ်ခုကို လျှောက်ထားပါရစေဘုရား။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ ရှိတဲ့ တပည့်တော်တို့ ရွာကလေးက ရွာသူရွားသားတွေဟာ လယ်သိမ်း ယာသိမ်း လုပ်ငန်းသိမ်းတဲ့အခါ ပျဉ်းမနားမြို့က ရိပ်သာတစ်ခုကို သွားရောက်ပြီး တရားအားထုတ် အနားယူလေ့ ရှိပါတယ်ဘုရား။ ဒါက တပည့်တော်တို့ မမွေးမီကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုလို့ ဆိုရမှာပါဘုရား။ ဒီအစဉ်အလာကောင်းက ယခုတိုင် ရှိနေပါသေးတယ်ဘုရား။
ပြီးခဲ့သော နှစ်များဆီက တပည့်တော်ရွာကို ရောက်ခိုက် သတင်းတစ်ခု ကြားရပါတယ်ဘုရား။ သတင်းကတော့ တပည့်တော်တို့ရွာ မြောက်ပိုင်းက အသက်(၁၆)နှစ်စွန်းစ အမျိုးသမီးငယ်လေးတစ်ဦးဟာ အဲဒီရိပ်သာကြီးမှာ တရားအားထုတ်ဖို့ သွားကြောင်း၊ ရက်စေ့လို့ရိပ်သာစခန်းက ထွက်ခါနီး လုပ်အားပေး ဝေယျာဝစ္စကုသိုလ်အဖြစ် ထင်းခွဲ ထင်းသယ် လုပ်ရကြောင်း၊ အဲဒီလို လုပ်ရစဉ်မှာ ထင်းလာပို့တဲ့ မွတ်စလင်အမျိုးသားနဲ့ တွေ့ဆုံချစ်ကြိုက် ခိုးရာလိုက်ပြေးကြောင်း၊ အဆက်အသွယ် မရတဲ့အတွက် မိဘတွေက ဥပေက္ခာပြုလိုက်ကြကြောင်း၊ အိမ်ထောင်သက် တစ်နှစ်မပြည့်ခင်မှာ အဆက်အသွယ်ရ
ကြောင်း၊ အဲဒီလို အဆက်အသွယ်ရတယ်ဆိုတာဟာလည်း မိန်းမပျိုလေးရဲ့ နောက်ဆုံးခရီး ဖြစ်နေကြောင်း၊ ရွာက ရပ်မိရပ်ဖ အချို့သာ လူမှုရေးအရ ရန်ကုန်ကို အသုဘရှုလာကြောင်း၊ ဘာကြောင့်သေတာလဲဆိုတာကို မေးသော်လည်း ဝေ့လည်ရှောင်ပတ် လုပ်နေကြောင်း၊ မွတ်စလင်မိသားစု တစ်စုလုံးက ဒရောသောပါးဆိုသလို အသုဘချကြောင်း စသဖြင့် ကြားလိုက်ရပါတယ်ဘုရား။ အယဉ်နဲ့အရိုင်း၊ အနုအကြမ်း တစ်လမ်းစီရှိကြတဲ့ အစ္စလာမ်ဝါဒနဲ့ ဗုဒ္ဓ၀ါဒကြားမှာ ဘယ်လို လူမြင်မခံဝံ့တဲ့ သေပုံ သေနည်းမျိုးနဲ့ သေသွားရသလဲ ဘယ်သူမှ စုံစမ်းမေးမြန်းခြင်း မရှိဘဲ ရပ်မိရပ်ဖဆိုသူတွေလည်း ရွာကို ပြန်လာကြသတဲ့ဘုရား။
(၁) ရိပ်သာတွေမှာ ရုပ်နာမ်သာ ခွဲပေးပြီး ဒီလို အနှစ်သာရပြည့်ဝတဲ့ တရားတွေ ရေရှည်တည်တံ့အောင် အပြစ်ကင်းတဲ့
ဗျူဟာတွေနဲ့ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို မညွှန်ကြားတာ။
(၂) နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို အန္တရာယ်ကင်းကင်းနဲ့ နာကြားအားထုတ်နိုင်ဖို့ဆိုတာဟာ ခေတ်နဲ့အညီ အကာအကွယ် ယူထားဖို့လည်း လိုအပ်ကြောင်း နည်းပေးလမ်းပြ မလုပ်တာစတဲ့ အားနည်းချက်များကလည်း မနူးမနပ်ကလေးတွေကို လမ်းလွဲရောက် စေတယ်လို့ သုံးသပ်ပါတယ်ဘုရား။
တင်ပါ့ဘုရား။ ဒါကတော့ တပည့်တော်များရဲ့ ရွာက ဖြစ်ရပ်မှန်ပါဘုရား။ ဒီလို ဘာသာရေးအရ အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ အိမ်ရှင်မ အခွင့်အရေး ပိတ်ဆို့ခံထားရတာတွေ၊ ဗုဒ္ဓဘာသာ မိဘပတ်ဝန်းကျင်နဲ့ အဆက်အသွယ် မဖြစ်မနေ
ဖြတ်ရတာကစပြီး လူသားတစ်ယောက် ရသင့်တဲ့အခွင့်အရေး မှန်သမျှ ဘာမှ ရမသွားရှာဘဲ တိုးတိုးတိတ်တိတ် ဘ၀ကူးသွားကြတဲ့ ဗုဒ္ဓဘာသာမိန်းမသားတွေ ဘယ်လောက်များနေမလဲဆိုတာ တွေးတော ပူပန် အဖြေရှာစရာလို့ မြင်ပါတယ်ဘုရား။
လောကီနယ်မှာတော့ ''လူ့အခွင့်အရေး''ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်နိုင်သူတွေက အခွင့်အရေး အမျိုးမျိုး ရအောင် တိုက်ပွဲဝင် အပင်ပန်းခံနေကြပေမယ့် ဘာသာရေးနယ်ပယ်မှာတော့ ဒီလို အညတြပန်းပွင့်များရဲ့ အခွင့်အရေးကို ရဟန်းတော်များနဲ့ စိတ်ပါဝင်စားသူ ဗုဒ္ဓဘာသာဝင်အနည်းစုကသာ လုပ်ကိုင်နေကြတာကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရပါတယ်ဘုရား။ မီဒီယာရှေ့မှာ အချီးမွမ်းခံရမယ့် တိုက်ပွဲမျိုး၊ အနောက်ဥရောပက ဖူးဖူးမှုတ်ထား တာကို ခံရမယ့် တိုက်ပွဲမျိုးကိုသာ ဆင်နွဲ့ကြရိုး ရှိပါတယ်ဘုရား။
ပင်ပန်းသလောက် လူမုန်းများတဲ့ ဆွေရင်းမျိုးရင်းတို့အတွက် ဆင်နွှဲရတဲ့ တိုက်ပွဲမျိုးကိုတော့ ရှောင်ကြ ခွာကြတာဟာလည်း စိတ်မသက်သာစရာပါ ဆရာတော်ဘုရား။ ဘာအကျိုးအမြတ်မှ ပြန်မရတဲ့ အညတြပန်းတွေကို ဘယ်သူတွေက ကယ်ကြမှာလဲ၊ ရဟန်းတော် သံဃာတော်များကရော နိုင်နိုင်နင်းနင်း ကယ်တင်နိုင်မှာလား စဉ်းစားတွေးတော ရင်မောစရာကြီးပေါ့ဘုရား။
ထိုင်းနိုင်ငံက ကျားကျောင်းကို ဖျက်သိမ်းပြီး ယဉ်ပါးနေတဲ့ ကျားတွေ ကို တောထဲ ပြန်ပို့ပေးလိုက်တယ်လို့ သိရပါတယ်ဘုရား။ ဒီလို ပို့ပြီးတဲ့နောက် ကျားတို့ရဲ့ အရှင်သခင်ဖြစ်တဲ့ ဘုန်းတော်ကြီးတစ်ပါးက သူ့သားတော်ကြီး ကိုရွှေကျားနဲ့ နောက်ဆုံးတွေ့ချင်လို့ ဆိုပြီး သွားတွေ့ပါသတဲ့။ ဒီအခါ လုံခြံရေးဝန်ထမ်းက ''တောစိတ်ဝင်သွားပြီ ဖြစ်တဲ့အတွက် တွေ့လျှင် အန္တရာယ်ရှိကြောင်း'' ပြောပြတာကို လက်မခံဘဲ တွေ့ဖို့ဆိုပြီး တောထဲ ၀င်ရှာပါသတဲ့ဘုရား။ ခဏနေ တော့ သင်္ကန်းမနိုင် ဖိနပ်ချွတ်ကာ ပြေးခဲ့ရသတဲ့ဘုရား။
ဒီဥပမာလိုပဲ မွတ်စလင်ကို ကာကွယ်နေသူတွေ၊ မွတ်စလင်ကို အကောင်းမြင်နေသူတွေ၊ မွတ်စလင်ကို အန္တရာယ်လို့ လက်မခံနိုင်သူ တွေဟာလည်း တောစိတ်ဝင်လို့ ရိုင်းနေတဲ့ကျားကို တွေ့ဖို့ကြိုးစား တဲ့ ဘုန်းကြီးနဲ့ တူလှပါတယ်ဘုရား။ ၀ရုန်းသုန်းကား ပြေးရတဲ့ အခြေအနေရောက်မှ သတိဝင်ရင်တော့ အများကြီး နောက်ကျသွား နိုင်တယ်လို့ သုံးသပ်ပါတယ်ဘုရား။
သေမှသိရတဲ့ မွတ်စလင်မယားတွေ နည်းပါးသွားဖို့၊ နည်းပါးရာကနေ ပပျောက်သွားဖို့ ဆရာတော်အနေနဲ့ ရှေ့ကရပ်ပြီး အားတင်းထားပါ ဦးဘုရား။ ဒီအလုပ် လုပ်လို့ ပစ္စည်းလေးပါး လာဘ်လာဘ နည်းပါးခြင်း၊ အကြည်ညိုမဲ့သွားကြခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆရာတော် ခံစားနေရလိမ့်မယ်လို့ သိနေပါတယ်ဘုရား။ ''ဆင်ပိန်တော့ ကျွဲလောက်'' ဆိုသလို ပညာအခြေအနေနဲ့ ဂုဏ်ဒြပ် ကြွယ်ဝတဲ့ ဆရာတော့်အနေနဲ့ တော့ ရပ်တည်လို့ မရလောက်အောင် ဖြစ်နေပြီလို့ မယူဆမိပါဘုရား။
တပည့်တော်တို့မှာကတော့ မူလကတည်းက ကျွဲလောက်တောင် ခွန်အား မရှိတဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ဒီစာကို ရေးတာတောင် နာမည်ဝှက်နဲ့ ရေးရပါတယ်ဘုရား။ အဓိကအားဖြင့်တော့ မန္တလေးက သားသည်အမေနဲ့ ဆက်စပ်ပြီး စိတ်မကောင်း ဖြစ်ရခြင်း၊ တောင်တောင်အီအီတွေးတောကာ သောကများရခြင်း၊ ဒီလို အဖြစ်မျိုးတွေ ပပျောက်စေလိုခြင်းဆိုတဲ့ စေတနာအာသီသကြောင့်သာ ဒီစာကို ရေးဖြစ်တာပါ ဘုရား။ ''ဆင့်ပါးစပ် နှမ်းပက်''ဆိုသလို ဆရာတော်တို့လို ရှေ့တန်းက ထွက်ပြီး အလုပ် လုပ်နေသူ ရဟန်းတော်များနဲ့ စာလျှင် တပည့်တော်ရဲ့ စာက မစို့မပို့သာ ဖြစ်မှာပါဘုရား။ ဒါပေမယ့်လည်း ''ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာ'' ဆိုသလို တပည့်တော်လည်း နိုင်သလောက်နဲ့ အားဖြည့်ရခြင်းပါဘုရား။
#ဆုတောင်းစာ
အဝေရော ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊
သုခီ အတ္တာနံ ပရိဟရတုပါဘုရား။
========================
#အညတြဘိက္ခု(ရန်ကုန်)
၁၃၇၈ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့
အဝေရော ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊
သုခီ အတ္တာနံ ပရိဟရတုပါဘုရား။
========================
#အညတြဘိက္ခု(ရန်ကုန်)
၁၃၇၈ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ့