“မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ကိုထွန်းမင်းလတ်+မဖွေးဖွေးလှိုင် (သား) မောင်သဏ္ဌာန်ဖုန်းဇော်၊ (သမီး) မရွှေပြည့်အိမ် (ရတနာကုန်စုံဆိုင်) မိသားစုမှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်လှူဒါန်းစဉ်။ (10.5.2017)
မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊
ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ သိန်း(၁၀၀)ကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၁,၀၁၅,၅၀၀ စုစုပေါင်း - ၁၆၇,၇၁၅,၅၀၀ (တစ်ထောင့်ခြောက်ရာ့ခုနစ်ဆယ့်ခုနစ်သိန်း တစ်သောင်းငါးထောင့်ငါးရာကျပ်) ရရှိပြီဖြစ်သည်။

အလှူရှင် မိသားစုနှင့်အတူ အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
Share: