နာအောင်လဲ နွှာတတ်တယ် သာအောင်လည်းကာတတ်တယ်

ပြည်သူကို ကြည့်မရလို့ အရေးယူစရာတွေ့ပြီဆိုရင် ဥပဒေနှင့်အညီဆိုတဲ့စကားလုံးတွေ သုံးလာတတ်ကြပြီး ပြည်သူတွေက နစ်နာလို့ တိုင်ကြားလာပြီဆိုရင်တော့ ဥပဒေနှင့်အညီဆိုတဲ့စကားလုံး လုံးဝမသုံးကြတော့ဘဲ ဥပဒေအထက်တက်ထိုင်သူကထိုင် ဥပဒေကိုကျောခိုင်းသူကခိုင်း ဥပဒေကိုနင်းချေသူကချေနဲ့ သူတို့ကိုယ်တိုင် ဥပဒေမဲ့လုပ်လာတာတွေလည်း တွေ့ရပါတယ်။

တရားဥပဒေစိုးမိုးရေး ကြွေးကြော်ပြီး တက်လာတဲ့ဒီအစိုးရဟာ ပြည်သူတွေကို တရားဥပဒေနဲ့အကာအကွယ် မပေးသလို စစ်အစိုးရအတိုင်း အပြစ်ရှာထောင်ချလမ်းစဉ်ကို ကျင့်သုံးနေတာ တွေ့ရပါတယ်။
ဒါကိုပဲ အရပ်သားဒီမိုကရေစီအစိုးရလို့ ခေါ်တာပေါ့။ ဒီမိုကရေစီအစိုးရအမျိုးအစားတစ်ခု တိုးလာတာပေါ့ဗျာ။ (ဒီလိုဖိအားမျိုးတွေကြောင့် အပြစ်မဲ့ပြည်သူများ ထောင်ထဲနေခဲ့ရတာ များနေပြီ။ ေ

နမျိုးဝေလည်း ဒီဖိအားကြောင့်ပါပဲ။
စန္ဒီမြင့်အောင်လည်း ဒီဖိအားကြောင့်ပါပဲ။
သန်းထွဋ်အောင်လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။
………………လည်း ဒီဖိအားကြောင့်ပါပဲ။

ဝီရသူ(မစိုးရိမ်)
11.5.2017
PM 9:16
==========================================================

မင်္ဂလာတောင်ညွန့်တွင် ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်သူများကို ဥပဒေနှင့်အညီအရေးယူပေးရန် အစိုးရထံ ဒေါ်ဖြူဖြူသင်းတောင်းဆို
By
ငြိမ်းချမ်း
ထက်အာကာကျော်
On
Thu, 2017-05-11 06:30
Location
ရန်ကုန်
Issue No.
No.1439 Thursday, May 11, 2017
မင်္ဂလာတောင်ညွန့် မြို့နယ် မြယာကုန်းလမ်းတွင် ပဋိ ပက္ခဖြစ်ပွားစေရန် လုပ်ဆောင် ခဲ့သူများကို တရားဥပဒေနှင့်အညီ အရေးယူပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ စာတင်၍ တောင်း ဆိုထားကြောင်း မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
‘‘ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကို ဒီနေ့ပဲ စာတင်ပါတယ်။ စာ တင်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေး မှူးအဖွဲ့ကိုလည်း မိတ္တူပို့ပါမယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့။ ကျွန်မတို့ ဥပဒေတွေရှိပါတယ်။ ၅၀၅ (ဂ) ဆူပူလှုံ့ဆော်မှုတွေ၊ ဘာသာရေး အရ၊ လူမျိုးရေးအရ လုပ်နေတဲ့ ကိစ္စရပ်တွေကို တရားဥပဒေအရ ဥပဒေနဲ့အညီ အရေးယူပေးဖို့ ရန် ကုန်တိုင်းအစိုးရနဲ့ မြို့နယ်အုပ် ချုပ်ရေးအဖွဲ့ကို စာတင်မယ်။ အဲ ဒီလိုပဲ သာသနာရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း စာတင် ဖို့ ပြင်နေပါတယ်’’ဟု ဒေါ်ဖြူဖြူ သင်းက ယမန်နေ့က ပြောသည်။
ဒေါ်ဖြူဖြူသင်းသည် မေလ ၁၀ ရက်က မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးနှင့် တွေ့ဆုံရာတွင်လည်း မြို့နယ်၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန် ယူဆောင်ရွက်ပေးရန် ပြောကြား ခဲ့သည်။
ယခုဖြစ်စဉ်တွင် မြယာကုန်း လမ်းရှိ နေအိမ်တစ်အိမ်၌ ဘင်္ဂါ လီအချို့ ရောက်နေသည်ဟုဆို ကာ ဝင်ရောက်စစ်ဆေးရာတွင် အာဏာပိုင်အဖွဲ့အစည်းများက သံဃာတော်အချို့နှင့် အမျိုးသား ရေးလှုပ်ရှားသူဟုဆိုသူများကို ခေါ်ဆောင်သွား၍ ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ၏ လုံခြုံရေးအတွက် အစိုးရအဖွဲ့ အနေဖြင့်အလားတူကိစ္စရပ်များ ထပ်မံမပေါ်ပေါက်အောင် အမြန်ဆုံး ဖြေရှင်းဆောင်ရွက် သင့်ကြောင်း ရန်ကုန်တိုင်း လွှတ် တော် ကိုယ်စားလှယ် အချို့က တိုက်တွန်းသည်။
အာဏာပိုင် အဖွဲ့အစည်းများမှအပ အခြားသူ၏နေအိမ်ကို ၀င်ရောက်စစ်ဆေးခွင့်မရှိ
ပြည်သူတစ်ဦးအနေဖြင့် မိမိ ရရှိထားသော သတင်းကို နယ် မြေခံရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး များသို့ သွားရောက်သတင်းပေးပို့ နိုင်သော်လည်း သတင်းပေးပြီး နောက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် လိုက်ပါခြင်းသည် ဥပဒေ နှင့်မညီညွတ်ဘဲ ဝတ္တရားနှောင့် ယှက်မှုသာဖြစ်ကြောင်း သင်္ဃန်း ကျွန်းမြို့နယ် ရန်ကုန်တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က သုံးသပ်ပြောကြားသည်။ ထိုသို့ လိုက်ပါခွင့်ပြုသော အာ ဏာပိုင်အဖွဲ့အစည်းများကို ၎င်း က မေးခွန်းထုတ်သည်။
‘‘အဲဒါတွေကို အစကတည်း က ခွင့်မပြုရဘူး။ ရဲစခန်းကိုလာ၊ ပြောချင်တာပြော၊ တိုင်ချင်တာ တိုင်လို့ရတယ်။ ဒါကို လက်ခံလိုက်။ နားထောင်လိုက်။ ပြီး တော့ ပြန်လွှတ်လိုက်။ ဘာမှ အဲဒီအိမ်ကို အဲဒီလူတွေကို ခေါ်သွား စရာအကြောင်းမရှိဘူး။ ဘုန်းကြီး မကလို့ ဘယ်သူဖြစ်ဖြစ် ခေါ်သွား စရာအကြောင်းမရှိဘူး။ ဘာလို့ အဲဒီကိစ္စတွေ ခွင့်ပြုနေလဲ’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယင်းပြဿနာ များနှင့်ပတ်သက်၍ အမြန်ဆုံးဖြေ ရှင်းဆောင်ရွက်သင့်ကြောင်းနှင့် အရေးယူဆောင်ရွက်ခြင်းမရှိပါ က အလားတူ ပြဿနာများ ထပ် မံပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က မှတ်ချက်ပြု သည်။
‘‘ဒီကိစ္စကို အစိုးရက ထိထိ ရောက်ရောက်နဲ့ ကိုင်တွယ်ပြီး တော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ နဲ့ အမြန်ဆုံးဆောင်ရွက်သင့်တယ် လို့ ယုံကြည်တယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် သိပ်အားမရဘူး’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်က ပြော ကြားသည်။
‘‘အခုဖြစ်နေတဲ့ ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်တာ တွေ့ရတယ်။ တည် တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ဟာကို ပျက်ပြားအောင်လုပ်တဲ့ပုံစံတွေ့ ရတယ်။ အိမ်တစ်အိမ်ကို ဝင်စစ် မယ်ဆိုရင် သာမန်လူတွေ၊ ဘာ သာရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေ လုံးဝဝင်စစ်ခွင့်မရှိပါဘူး။ အဲဒီလိုပဲ ရဲစခန်းကနေ ရဲတပ်ဖွဲ့ ဝင်တွေက စစ်ဆေးမယ်ဆိုရင် သူ့ ရဲ့ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပဲ လုပ်ခွင့်ရှိပါတယ်။ အာဏာပိုင် တွေတောင် အဲဒီလို လုပ်ထုံးလုပ် နည်းတွေရှိပါတယ်။ လမ်းဘေး မှာ သွားလာတဲ့သူတွေကို ဆဲဆို တာတွေ၊ ကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေပါလာတာက တော်တော်လေးကို အခြေအနေ ဆိုးရွားနေတယ်လို့ ပြောလို့ရ တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ် ကိုင်ဆောင်ရွက်နေတာလို့ ကျွန်မ အနေနဲ့ မြင်တယ်။ ဆူပူအောင် လှုံ့ဆော်တာ၊ ပြဿနာဖြစ်အောင်ဖန်တီးတာတွေ လက်ခံလို့မရပါ ဘူး’’ဟု ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။
ပြည်သူများ ဧည့်စာရင်းတိုင် ကြားရန်မလိုသည့် ရပ်ကွက် (သို့ မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၆ နိုဝင်ဘာ ၂၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ သည်။ ယင်းဥပဒေအရ ပြည် သူများ ဧည့်စာရင်းတိုင်ကြားစရာ မလိုတော့ဘဲ နေရပ်တစ်ခုမှ အ ခြားနေရပ်တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ရာတွင် တစ်လထက် ပိုမို နေထိုင်မည်ဆိုမှသာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများထံ အသိပေးရန် လိုအပ်ခြင်းဖြစ်သည်။ ရဟန်းသံဃာများ နှင့် လူပုဂ္ဂိုလ်များက မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းရှိ အမှတ် (၁၀၅-၁၀၇)နေအိမ်သို့ ဝင်ရောက်ခဲ့မှုသည် အိမ်ကျော်နင်းမှုမြောက်ပြီး ရာဇသတ် ကြီးပုဒ်မ ၄၄၈ ဖြင့် ငြိစွန်းကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင် ဇော် (မရမ်းကုန်း)က ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၄၄၈ ဖြင့် ပြစ်မှုမြောက်ကြောင်း ထင် ရှားပါက ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဖြစ်စဉ်အကျဉ်း
ဖြစ်စဉ်မှာ မြယာကုန်းလမ်း၁၂၂ လမ်းနှင့် ၁၂၃ လမ်းရှိ တိုက် တစ်တိုက်ရှိ အခန်းငါးလွှာတွင် ဘင်္ဂါလီလူမျိုးအချို့ ရောက်ရှိနေ ကြောင်း သံဃာတော်အချို့အပါ အဝင် အမျိုးသားရေးလှုပ်ရှားသူ ဟုဆိုသူများက မေလ ၉ ရက်ညတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားပြီး ည ၁၁ နာရီတွင် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများက ယင်းတိုက်ကို သွားရောက်စစ်ဆေးရာတွင် သံဃာတော်များ၊ အမျိုးသားရေးလှုပ်ရှားသူများနှင့်အတူ ပါဝင်စစ်ဆေး ခဲ့သည်။ သို့သော် အဆိုပါ တိုက် ခန်းတွင် လူမရှိသောအခါ တိုက် ၏ ရှစ်လွှာရှိ အခန်းသို့ လာရောက်စစ်ဆေးခဲ့ကြောင်း ယင်းတိုက်ခန်း တွင်နေသူ ဒေါ်ဝင်းက ပြောသည်။
‘‘ရဲက ၁၀ ယောက်လောက် ပါတယ်။ အပြင်လူတွေက အများ ကြီး။ ပထမ ငါးလွှာကို လာရှာ တာ။ ငါးလွှာမှာ လူမရှိတော့ ကျွန်မတို့အပေါ်ထပ်ကို တက်လာ တာ။ မှတ်ပုံတင်နံပါတ်တွေ တောင်းကြည့်တယ်။ အကုန် တစ် ယောက်ချင်းမေးတယ်။ အားလုံး မှတ်ပုံတင်တွေ ပြနိုင်တော့မှ မဟုတ်ဘူးဆိုတာ ဖြစ်သွားတယ်။ အဲဒါကို ပါလာတဲ့သူတွေက မရ ဘူး။ ကျွန်မတို့ကို ရဲစခန်းခေါ်ခိုင်း တာ’’ဟု ဒေါ်ဝင်းက ပြောသည်။
ယခုကဲ့သို့ ဖြစ်ပွားခြင်းမှာ ၎င်းထံမှ ပွဲခ ဆယ်သိန်းရလိုသော ဧပြီထွန်းဆိုသူက ယခင်ကတည်းကခြိမ်းခြောက်ငွေတောင်းခဲ့ပြီး ရပ်ကွက်လူကြီးနှင့် ညှိ၍ သုံးသိန်းပေးထားသော်လည်း မကျေနပ်သဖြင့် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူများကို သတင်းမှားပေးခြင်းဖြစ်နိုင်ကြောင်း ဒေါ်ဝင်းက သူ၏ ထင်မြင်ချက်ကို ပြော သည်။
အမျိုးသားရေးလှုပ်ရှားသူ ၁၀၀ ခန့်ပါဝင်ပြီး ကားငါးစီးခန့် ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကာထိုသို့ စစ်ဆေးစဉ် အများစုက အောက်၌ စောင့်နေခြင်းဖြစ်ကြောင်း မင်္ဂ လာတောင်ညွန့်မြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးလှဌေးက ပြောသည်။
‘‘တိုက် အခန်း(၅)နဲ့ (၈)ကို စစ်တာ။ အထောက်အထားတွေ က မှန်လို့ ဒီလူတွေကလည်း နေ နေတာ ဟုတ်တယ်လို့ ရဲစခန်းမှူး ကပြောတော့ မျိုးချစ်တွေက သိပ် ပြီးမကြည်ဘူးပေါ့။ သူတို့ကို ရဲ စခန်းကို ခေါ်စေချင်တာပေါ့။ အဲ ဒါနဲ့ အောက်ဆင်းလာတော့ ပတ် ဝန်းကျင်မှာလည်း လူတွေက စူး စမ်းနေတော့ ဇာနည်မောင်ဆိုတဲ့ လူကို ဘာကြည့်တာလဲမေးပြီး ရိုက်လိုက်တာပေါ့။ အဲဒါနဲ့ ခဲတွေ နဲ့ ထုကြတယ်။ အကုန်ထွက်ပြေး ကုန်တယ်။ မျိုးချစ်တွေကလည်း ကားတွေနဲ့ ထွက်ပြေးကြတာပေါ့’’ဟု ဦးလှဌေးက ပြောသည်။
တိုက်ပေါ်သို့တက်၍ စစ်ဆေးပြီးအောက်သို့ ပြန်ဆင်းလာချိန်တွင် ဖြစ်စဉ်ကို လာရောက် စူးစမ်းသော ရပ်ကွက်တွင်းနေသူ များထဲမှ အနီးရှိ အသက် (၃၇) နှစ်အရွယ် ဇာနည်မောင်ဆိုသူကို အမျိုးသားရေးလှုပ်ရှားသူများက ရိုက်နှက်ရာမှ ပြဿနာများ စတင်ဖြစ်ပွားခဲ့ကြောင်း မြယာကုန်း လမ်းနေ ပြည်သူများက ပြောကြားသည်။
‘‘ပြန်ဆင်းလာတာကျတော့ သူတို့က မကျေနပ်ကြဘူး။ အဲဒါ နဲ့ ကားနားမှာ ရပ်နေတဲ့ ဇာနည် မောင်ကို ဘာကြည့်တာလဲမေးပြီး ရိုက်တာပဲ’’ဟု အခင်းဖြစ်ပွားရာ အနီးတွင်ရှိနေသော ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သော ထိုရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ် ရပ်ကွက်နေထိုင်သူအချို့ကခဲများဖြင့် ပစ်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်ကားတစ်စီးနှင့် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူများ၏ ကားတစ်စီး ပျက်စီးခဲ့သည်ကိုတွေ့ရသည်။
အခင်းဖြစ်ပွားရာနေရာသို့ 7Day Daily သတင်းထောက် ရောက်ရှိချိန်တွင် မြယာကုန်း လမ်းတစ်လျှောက် အုတ်ခဲကြိုး များ၊ ပုလင်းကွဲများ၊ တုတ်များ၊ ဖိနပ်များ ပြန့်ကျဲလျက် ရှိနေသည် ကို တွေ့ရသည်။
ရဲတပ်ဖွဲ့အင်အား ၃၀၀ ခန့် ကလည်း ယင်းလမ်းတစ်လျှောက် လုံခြုံရေးယူထားသည်။ နံနက် ၁နာရီတွင် လိုက်ထရပ်ကားတစ်စီးက လမ်းပေါ်တွင်ရှိနေသောသူ များကို ဆဲဆိုရာမှ အုတ်အော် သောင်းတင်းဖြစ်၍ လူစုလူဝေး ထပ်မံဖြစ်ပွားခဲ့သည်။ ထို့ကြောင့်ရဲတပ်ဖွဲ့က သေနတ်နှစ်ချက်ပစ် ဖောက်ခဲ့သည်။
ထို့နောက် မြယာကုန်းလမ်း ကို ရဲတပ်ဖွဲ့က တစ်နာရီကြာ ပိတ်ထားခဲ့သည်။ နံနက် ၂ နာရီ ကျော်တွင် လူစုကွဲသွားပြီး ပြန် လည်တည်ငြိမ်သွားခဲ့သည်။
ရိုက်နှက်ခံရသဖြင့် ဇာနည် မောင်သည် ပေါက်ပြဲဒဏ်ရာ နှစ်ချက်ရရှိပြီး ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင် ကြားထားခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်တွင် ဖော်ပြထားသည်။ မြယာကုန်းလမ်း ပြဿနာ စတင်ဖြစ်ပွားမှုသည် ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားမှုနှင့် ယင်းလမ်းရှိ ပြည်သူများ၊ လွှတ် တော်အမတ်အချို့၏ ပြောစကား များတွင် အချက်အလက်ကွဲလွဲမှု ရှိနေသည်။ တိုက်ပေါ်မှ ပြန်ဆင်းလာသည့်အမျိုးသားရေးလှုပ်ရှားသူ များက ဇာနည်မောင်နှင့် စကား များပြီး စတင်ရိုက်နှက်ခဲ့သည်ဟု ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူ များက ပြောပြီး ရဲမှတ်တမ်းတွင် တိုက်ပေါ်မှ ပြန်လည်ထွက်ခွာလာ စဉ် လာရောက်ကြည့်ရှုသူအချို့ က အော်ဟစ်၍ ခဲများဖြင့် ပစ် ပေါက်ခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ သည်ဟု ဖော်ပြထားသည်။
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု ယူဆ
သာကေတနှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်တို့တွင် ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များသည် ရည် ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့သည်ဟု ယူဆကြောင်းနှင့် အလားတူ ဖြစ်စဉ်များ ပိုမိုများပြားကျယ်ပြန့် လာမည်ကို စိုးရိမ်ကြောင်း အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ တွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က သာကေတမြို့နယ် အနော်မာ(၁)ရပ်ကွက်တွင် သံဃာများနှင့် အ မျိုးသားရေး လှုပ်ရှားသူများက အုပ်ချုပ်ရေး အာဏာပိုင်များကို အစ္စလာမ်စာသင်ကျောင်း လေးခု ကို ဗလီလုပ်၍ ဘုရားဝတ်ပြုသည်ဟုဆိုကာ ၀င်ရောက်စစ်ဆေးရန်ကြိုးပမ်းခဲ့သည်။ အနော်မာ ဖြစ်စဉ်ဖြစ်ပွားအပြီး ၁၁ ရက်အကြာတွင် မြယာကုန်းလမ်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘ပြဿနာ ဖန်တီးချင်တဲ့သူ တွေကို ဆွေးနွေးဖို့၊ မလုပ် အောင် တိုက်တွန်းဖို့ ဘယ်လိုရ မလဲ။ သူတို့ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာကိုး။ ဒီရက်ပိုင်းအ တွင်းမှာ သာကေတမှာလုပ်တယ်။အခု မင်္ဂလာတောင်ညွန့်မှာလုပ် တယ်။ ဒါသဘောရိုးလား၊ မရိုး လား ပြောရခက်တယ်’’ဟု ဦးဝင်း ထိန်က ဆိုသည်။
ပြဿနာဖြစ်ပွားရန် လှုံ့ဆော်သူများကို အရေးယူရန်လို
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်း ပြဿနာဖြစ်ပွား မှုမတိုင်မီ ဖေ့စ်ဘွတ်ခ်အကောင့် များမှ လှုံ့ဆော်ခြင်းများ ဖြစ်ပေါ် ခဲ့ပြီး ယင်းကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်သူများကို ချက်ချင်းအ ရေးယူဆောင်ရွက်ရန် လိုအပ် ကြောင်းနှင့် အရေးယူမှုမရှိပါက အလားတူဖြစ်စဉ်များ ထပ်မံဖြစ် ပွားနိုင်ကြောင်း ဦးနေဘုန်းလတ် က မှတ်ချက်ပြုသည်။
‘‘အရင်တစ်ခေါက် မိတ္ထီလာ မှာဖြစ်သလိုပဲ ဖေ့စ်ဘွတ်ခ်အ ကောင့်တွေကနေ စပြီးလှုံ့ဆော် တယ်။ နောက်ပြီး အပြင်မှာသွား ပြီး ပြဿနာရှာတယ်။ အဲဒီလိုဆို တော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ပြဿနာဖြစ်အောင် လုပ်နေတယ် လို့ပဲ သုံးသပ်တယ်။ အဲဒီလို ဘာ ဖြစ်လို့ အတင့်ရဲလာလဲဆိုတော့ ထိရောက်တဲ့ အရေးယူမှု၊ ဆောင် ရွက်မှုမရှိလို့ပေါ့နော်။ မရှိတဲ့အခါ မှာ ပိုပြီးအတင့်ရဲလာတာ တွေ့ရ တယ်။ မင်္ဂလာတောင်ညွန့်ကိစ္စ မဖြစ်ခင်ကတည်းက အွန်လိုင်း ပေါ်မှာ တော်တော်ပြန့်နေပြီ။ ကို လတ်ဆိုတဲ့ ပုဂ္ဂိုလ်က by name တွေ တပ်ပြီး သိသိသာသာလှုံ့ ဆော်တာတွေ မြင်နေရတယ် လေ။ ဖြစ်နိုင်ရင် ချက်ချင်းကို အ ရေးယူဆောင်ရွက်ရမယ့် ကိစ္စမျိုး၊ အခုအချိန်အထိ ဘာမှ ဖြစ်မလာ သေးဘူး။ ဒီလိုကိစ္စမျိုးတွေ ထပ် မဖြစ်အောင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေနဲ့ ထိရောက်တဲ့ အရေး ယူဆောင်ရွက်တာ ခပ်မြန်မြန် လုပ်ဖို့ လိုပြီလို့ ထင်တယ်’’ဟု ဦးနေဘုန်းလတ်က ဆိုသည်။
Ko Latt နာမည်ဖြင့် ဖေ့စ် ဘွတ်ခ်သုံးစွဲသူက ‘‘အမျိုးသား ရေးအင်အားစုများနှင့်ရန်ကုန်အ မျိုးသားရေးညွန့်ပေါင်းအင်အားစု များ ခင်ဗျား မနက်ဖြန် ၉ ရက် ၅ လ ၂၀၁၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ထုံးစံအတိုင်း ဇာတ်ပွဲအကြီး အကျယ်ကဖို့ ရှိပါသည်။ ရွာအ လယ်ကောင်တည့်တည့်၌ ကပြရ မည်ဖြစ်ပါသဖြင့် လုံခြုံရေးအင် အား အပြည့်အဝ ပေးနိုင်ရန် နှိုး ဆော်အပ်ပါသည်။ သာကေတဇတ်ပွဲထက် ပိုမိုကြီးမားနိုင်ပါ ကြောင်း အသိပေး အကြောင်း ကြားအပ်ပါသည်။ ကိုလတ် မင်္ဂ လာတောင်ညွန့်’’ဟု မေလ ၈ ရက်ည ၈ နာရီ ၄၄ မိနစ်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသား ထားသည်။
တင်လင်းထိုက် နာမည်ဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူကလည်း ‘‘ကုလားဖမ်းပွဲမသွားခင် လူစုနေ တာ’’ဟု စားသောက်ဆိုင်တစ်ဆိုင် တွင် လူ ၁၀ ဦး ထိုင်နေသည့် ဓာတ်ပုံနှင့်အတူ သူ၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ မေ ၉ ရက်ညက ရေးသားထားသည်ကို တွေ့ရသည်။
အထက်ပါပြဿနာမဖြစ်ပွား မီ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၌ ကြိုတင်လှုံ့ဆော်ရေးသားမှုများရှိ ခဲ့သည့်အပြင် ပြဿနာဖြစ်ပွားနေ စဉ်လည်း ပြဿနာပိုမိုကြီးထွား စေရန် ရည်ရွယ်သည့် ‘‘ဂျီဟတ် လုပ်နေပါပြီ။ ရရာလက် နက်စွဲ ကိုင်ထွက်ခဲ့ကြပါ’’ ဟူသော စာ သားများကိုလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် လွှင့်တင်သူများရှိခဲ့သည်။ သို့ရာတွင် အဆိုပါ ပြဿနာဖြစ်ပွားနေချိန်၌ 7DayDaily သတင်းထောက်များရောက်ရှိနေချိန်တွင် ဂျီဟတ်ဟုအော်သည်ကို မတွေ့ရပေ။
အထက်ပါ မင်္ဂလာတောင် ညွန့်ပြဿနာနှင့်ပတ်သက်၍ အ စိုးရက နိုင်ငံပိုင် ရုပ်သံမီဒီယာမှ တစ်ဆင့် သတင်းထုတ်ပြန် ဖြေ ရှင်းခြင်းမရှိသေးပေ။
မြယာကုန်းလမ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေ၊ မင်္ဂလာတောင်ညွှန့် ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးမျိုးသွင်တို့ထံ မေ ၁၀ ရက်က ဆက်သွယ်ခဲ့ရာဆက်သွယ်မရခဲ့ပေ။
မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂအဖွဲ့မှ ဆရာတော် ဦးသုစိတ္တသို့ထံသို့လည်း ဆက်သွယ်မေးမြန်းရာ မရခဲ့ပေ။
‘‘ဘာသာရေးလူမျိုးရေးဆို တဲ့ အသုံးအနှုန်းတော့ ကိုယ်တို့ မသုံးဘူး။ အဲဒီအသုံးအနှုန်း ကိုယ်တို့တွေက မသုံးဘူးကွ။ အစ်ကိုတို့ တော့ မသိသေးဘူး။ ညီလေးပြော မှ သိတယ်။ အစ်ကိုတို့ဆီ တရား ဝင်တင်ပြတာတော့ မရှိသေးဘူး ပေါ့လေ။ ဒီနေ့ တင်လားတော့ မသိသေးဘူး။ ကိုယ်တို့က ရုံးမ ရောက်သေးတော့ မသိသေးဘူး’’ ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာန ညွှန်ကြားရေးမှူး ဦး အောင်ဆန်းဝင်းက ပြောကြားသည်။
ယခုကဲ့သို့ ဖြစ်စဉ်မျိုးထပ်မံမဖြစ်ပွားရန် ‘‘အစိုးရအဖွဲ့က အလေးအနက်ထားပြီး နောက်နောင် ဒီလိုကိစ္စတွေမဖြစ်အောင် ကြိုတင် ကာကွယ်အရေးယူမှုတွေလည်း အမြန်ဆုံး လုပ်သင့်တယ်’’ ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။
http://www.7daydaily.com/story/95807




Share: