စံတော်ချိန်ရဲ့
ကုလားမ သုတ္တန်လို့စော်ကား ရေးသားဖြန့်ဝေခဲ့ခြင်း
အပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ
ထိပ်တိုက်
သွားရောက်ဖြေရှင်း
ပြန်လည်တောင်ပန်ဖြေရှင်းမည်ဟု
အယ်ဒီတာကတိပေး။
စံတော်ချိန်သတင်းစာရဲ့
၎.၉.၂၀၁၆ ရက်နေ့ထုတ်
နေ့စဉ်သတင်းစာမှာ
ကုလားမသုတ္တန်လို့ရေးသား
ထားသည် အကိုးအကားပုံစံစာသား
လူမှုကွန်ယက်
ပေါ်မှာပျံနှံ့ပြီး
ဝေဘန်မှုတွေမြင့်တက်လာခဲ့ပါတယ်
ထိုအကြောင်းနဲ့ပတ်သက်လို့
စာရေးသူကိုယ်တိုင်
စံတော်ချိန်ဖုန်းနံပါတ်ကိုစုံစမ်းပြီး
အကျိုးအကြောင်းကို
၆.၉.၂၀၁၆
ရက်နေ့ နေ့လည်(၁၁)နာရီ ၁၅မိနစ်အချိန်မှာ
စံတော်ချိန်သတင်းစာသို့
ဖုန်းဆက်မေးမြန်းပါတယ်
အမျိုးသမီးငယ်လေးတွေဖုန်းကိုင်ပါတယ်
ကုလားမသုတ္တန်လို့
ရေးသားထားတာနဲ့ပတ်သက်လို့
မေးမြန်းတဲ့အခါမှာ
ဒါဟာစာရေးသားသူနဲ့သာ
သက်ဆိုင်ပါတယ်လို့ဖြေကြားခဲ့ပါတယ်။
ဒါဆိုရင်
သတင်းစာတိုက်အနေ့နဲ့
လုံးဝမသက်ဆိုင်ဘူးလားမေးတော့
အမျိုးသမီးငယ်လေးကပြန်မေးပါတယ်
ဒီလိုရေးသားတာဟာ
အန်ကယ်နဲ့
ဘယ်လိုသက်ဆိုင်လို့လည်းတဲ့
ငါ အန်ကယ်မဟုတ်ဘူး
ဘုန်းကြီးလို့ပြောလိုက်တော့
တစ်ဖက်မှာ
အမျိုးသမီးတော်တော်များက ခနဲ့သလို
ရယ်နေကြပါတယ်
။
နင်တို့ရယ်မနေကြနဲ့
အန်ကယ်ဘဲဖြစ်ဖြစ်
ဘုန်းကြီးဘဲဖြစ်ဖြစ်
အဓိကပြဿနာက
နင်တို့ဂျာနယ်ကရေးတာမှားနေတာ
အဲဒိအမှားကို
စာဖတ်သူတွေကထောက်ပြနေတာလို့
ပြောလိုက်တော့
သမီးတို့က မသိလို့အန်ကယ်လို့
ခေါ်မိတာပါလို့ထပ်ပြောပါတယ်
ဒါတွေအရေးမကြီးဘူး
ဘယ်လိုတာဝန်ယူဖြေရှင်း
ပေးမလည်းပြောပါဆိုတော့
လူကြီးတွေကိုပြောပေးပါမယ်
ပြောပြီးဖုန်းပြန်ဆက်ပါမယ်
အရှင်ဘုရားဖုန်းနံပါတ်
ထားခဲ့ပါဆိုလို့
ဖုန်းနံပါတ်နဲ့ ဘွဲ့အမည်ပေးလိုက်ပါတယ်။
နေ့လည်(၂)နာရီအထိ
တစ်စုံတစ်ရာ အကြောင်း
ပြန်ကြားခြင်းမရှိသည့်အတွက်
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့
စံတော်ချိန်သတင်းစာတိုက်တည်ရှိရာ
မင်္ဂလာတောင်ညွန့်မြို့နယ်
ချမ်းသာပလာဇာသို့
သွားရောက်တွေ့ဆုံခဲ့ပါတယ်။
စုံစမ်းရန်ဆိုသည့်နေရာမှာ
စုံစမ်းပြီး
အယ်ဒီတာနဲ့တွေ့ချင်လို့ပါပြောလိုက်တော့
လုံခြုံရေးအစောင့်သမားမှဘာအတွက်လည်းလို့
မေးပါတယ်
စံတော်ချိန်ကရေးသားထားတဲ့
သတင်းတစ်ပုဒ်အတွက်ပါလို့ပြောလိုက်တော့
ဒါဆိုနှစ်ပါးလိုက်ခဲ့ပါ
ကျန်တာတွေဒီနေရာမှာဘဲ
စောင့်နေပါတဲ့
ကြည့်လိုက်တော့ ဓာတ်လှေကားအတက်
အဆင်း လှေကားထစ်နားမှာဖြစ်နေပါတယ်
ဒါနဲ့ဘာမှ
မပြောသေးပါဘူး
ဓာတ်လှေကားပွင့်လာတဲ့အခါကြမှ
တစ်ပါးမှ
မလိုက်တော့ပါနဲ့ လူကြီးအောက်ကိုခေါ်လာ
ပါမည်တဲ့ဗျာ။
လုံခြုံသမားကအမျိုးမျိုးပြောနေလို့
ဒါဆို တစ်ပါးမှလည်းမလိုက်ဘူး
တွေ့ခွင့်ရရင်(၁၁)ပါးလုံးတွေ့မယ်
တွေ့ခွင့်မရဘူးဆို
လှည့်ပြန်မယ်ပြောလိုက်ပါတယ်။
သိပ်ကြာခင်မှာ
လုံခြုံရေးသမားကပြန်ဆင်းလာပြီး
ဓာတ်လှေကားအတက်အဆင်းနားမှာဘဲ
စောင့်နေပါ
လူကြီးတွေပါလာ
ပါတယ်ပြောလို့
ပြန်ပြောလိုက်ပါတယ်
ငါတို့ကလည်း
မင်းတို့လှေကားထစ်မှာတော့မတွေ့နှိုင်ဘူး
တွေ့ခွင့်ပေးမယ်ဆို
မင်းတို့လူကြီးကို လမ်းပေါ်အထိသာ
ဆင်းခဲ့လို့ပြောလိုက်ပါတယ်
သိပ်မကြာခင်ဆင်းလာပါတယ်။
စံတော်ချိန်သတင်ူစာရဲ့
အယ်ဒီတာဦးဌေးဝေ ပါ
သူရေးတာက
ဆရာတော်တစ်ပါးဟောထားတဲ့
တရားစာအုပ်က
သူကြိုက်နှစ်သက်ရာကိုထုတ်နှုတ်
ရေးသားတာဖြစ်တယ်လို့ဆိုပြီး
မိတ္တူဆွဲထားတဲ့
စာအုပ်လေး(၃)အုပ်ကိုလက်ထဲမှာကိုင်ထားပါတယ်
အဲဒိစာအုပ်ကိုပြတော့
မင်းတဲဦးကျောင်းတိုက်ပဓာနနာ
ယကဆရာတော်ဘဒ္ဒန္တကုသလမထေရ်ဟောကြားတော်
မူအပ်သော
ကုလားမသုတ္တန်တရားတော် ဆိုတဲ့စာအုပ်
ကလေးထုတ်ပြပါတယ်။
စာရွက်ကလေးက(၈)ရွက်ပဲပါတယ်
အထက်ပါဆရာတော်က
ကုလားမလေးတစ်ယောက်ကို
အကြောင်းပြုပြီးဟောခဲ့လို့
တရားခေါင်းစဉ်ကို
ကုလားမသုတ္တန်လို့
သူ့အာဘော်အရ တရားအမည်
ပေးခဲ့တာပါ
ကုလာမသုတ္တန်နဲ့ ထင်ယောင်းထင်မှား
ဖြစ်မှာစိုးလို့ကို
ဆရာတော်ကိုယ်တိုင်က ဒီကုလားမသုတ္တန်ဆိုတဲ့ တရားဟာ
ဘုရားဟောသုတ္တန်လည်းမဟုတ်ဘူး
ရဟန္တာဟောခဲ့တဲ့သုတ္တန်လည်းမဟုတိဘူး
လယ်တီသေက္ချတောင်ဆရာတော်ဟောခဲ့တဲ့တရားကို
သေက္ချဘာသိတလို့ဟောခဲ့သလို
။
အခု
ဦးကုသလက
ကုလားမလေးကိုဟောမှာဆိုတော့
ကုသလဘာသိတ
ကုလားမသုတ္တန်လို့ အမည်ပေးကြ
ပါစို့ဆိုပြီးတော့
ဆရာတော်ရဲ့တရားထဲမှာပလ္လင်ခံထား
ပါတယ်။
ဒါကို
စံတော်ချိန်သတင်းစာရဲ့
အယ်ဒီတာ ဦးဌေးဝေက
အကြောင်းအကျိုးပြည့်စုံအောင်မရေးသားပါဘဲ
စာလိုဆိုရင်တော့
မိဂပဒဝလဉ္စနနည်းသုံးကာ
မီဒီယာသမားပီပီ
လိုချင်တဲ့အကြောင်းအရာလေးကိုဘဲ
ရေးသားပြီး
ဇာတ်ကြောင်းရဲ့ ကျောရိုးတစ်ခုလုံးမြုပ်
ကွက်လုပ်ထားပြီး
စာလေး(၆)ကြောင်းဘဲရေးကာ
အောက်ဆုံးမှာ
ကုလားမသုတ္တန်လို့ ရေးသားထားသည့်
အတွက် စာဖတ်ပရိတ်သတ်နှင့်
အများပြည်သူတွေ
အဓိပ္ပါယ်ကောက်
လွဲမှားကုန်ကြတာဖြစ်ပါတယ်။
ဒီလိုလုပ်ရတာဟာ
ရည်ရွယ်ချက်ရှိလား
မသိလို့မှားမိတာလားမေးတော့
ရည်ရွယ်ချက်မရှိပါဘူးလို့ငြင်းဆိုပါတယ်
ဒကာကြီးတို့မီဒီယာဆိုတာ
သတင်းမရေးဘဲ
အတင်းရေးမှာလား
ပြည်သူတွေကိုထင်ရောင်
ထင်မှားဖြစ်စေတဲ့
သတင်းအမှောင်တွေနဲ့ အဆိပ်တွေ
မကျွေးကြပါနဲ့ဗျာလို့
မျိုးချစ်သမဂ္ဂမှ သံဃာတော်များက
တစ်ပါးတစ်မျိုးပြောဆိုကြပါတယ်။
အဖွဲ့မှ နောက်တစ်ပါးက
မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ဘဲ
တိုင်းပြည်ရဲ့
စတုတ္ထမဏ္ဍိုင်ကြီးလည်းဖြစ်သေးတယ်
စာလည်းရေးနေတဲ့
အယ်ဒီတာတစ်ယောက်ဖြစ်ပြီး
ဒီလောက်ကလေးကိုမှ
နားမလည်ဘူးလားဆိုတော့
အယ်ဒီတာဦးဌေဝေကြီး
ဒေါသထွက်သွားပါတယ်
ဘာကြောင့်လည်းတော့
မသိဘူး
အရှင်ဘုရားအဲဒိလိုမပြောနဲ့ဆိုပြီး
လက်ညှိုးငေါက်ငေါက်ထိုးကာ
ပြောဆိုသည့်
သံဃာအားထိုးကြိတ်မည်ပြုလို့
သံဃာငယ်တွေ
မနည်းကိုသီးခံထားရပါတယ်။
ဒါနဲ့
အခုကိစ္စကို
ဒကာကြီးတို့ သတင်းစာတိုက်အနေနဲ့
တာဝန်ယူပြီးဘယ်လိုဖြေရှင်းပေးမလည်းဆိုတော့
မနက်ဖြန်
၇.၉.၂၀၁၆ ရက်နေ့စံတော်ချိန်သတင်းစာမှာ
ဖြေရှင်းတောင်းပန်စာပြန်လည်
ထည့်ပေးမယ်လို့ဆိုပါတယ်။
နောက်ထပ်ကျန်သေးတယ်
စံတော်ချိန်ရဲ့
ဘာသာရေးစော်ကားမှုတွေဟာ
ဒီတစ်ခုထဲမဟုတ်ဘူး
သရုပ်ဆောင်
မော်ဂန်ဖရီးမင်းပုံကို ကိုဖီအာနန်ပုံပါဆိုပြီး
မဘသ မှမှားတင်တယ်ဆိုပြီးတော့လည်း
မဘသ အဖွဲ့ကြီး
ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ထားပါသေးတယ်
အဲဒိကိုက်စ္စကိုလည်းတာဝန်ယူဖြေရှင်းပေးရမယ်လို့
တောင်းဆိုတဲ့အခါ
ဦးဌေးဝေမှ ဒါကတော့သူမသိဘူး
လူကြီးတွေကို
တင်ပြပြီးဆောင်ရွက်ပေးမည်လို့
ဆိုပါတယ်။
ဒီလိုပြောလို့ဦးဇင်းတို့က
မဘသ မဟုတ်ဘူးနော်
တစ်ခါထဲ သေသေခြာခြာမှတ်ထား
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)လို့
ပြောဆိုခဲ့ပါတယ်
ဘာဖြစ်လို့လည်းဆိုတော့
မဘသ ကို အပြစ်မရှိအပြစ်ရှာကာ
မီဒီယာတွေက
ပိုပြီးစော်ကားတိုက်ခိုက်တတ်ကြလို့ပါ။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်းစီကထုတ်ထားတဲ့
မီဒီယာကျင့်ဝတ်မှာ
အကယ်၍မတိကျသော
အနက်ကောက်လွဲစေသော
ပုံဖျက်ထားသော
အချက်အလက်များကိုဖော်ပြမိပါကလည်း
အချိန်မဆိုင်းဘဲ
ပြင်ဆင်ချက်ထုတ်ပြန်ရမည်လို့
အတိအလင်းပြဌာန်းထားပါတယ်။
တရားစွဲဆိုမည့်
သူရှိမည်ဆိုလျှင်တော့
လူတစ်စားကိုယ်းကွယ်သည့်
ဘာသာသာသနာကို
ကိုယ်ဖြင့်ဖြစ်စေ
နှုတ်အမူအယာဖြစ့်ဖြစ်စေ စာဖြင့်ဖြစ်စေ
စိတ်ညစ်ညူးနားကြည်းအောင်ပြုလုပ်လျှင်
၂၉၅(က)အရ
ထောင်ဒဏ်(၂)အထိချမှတ်နှိုင်ပါသည်။
၆.၉.၂၀၁၆
အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ)