ကုလားမသုတ္တန်လို့
စာဖတ်သူများအထင်အမြင်
လွဲမှားအောင်ရေးသားမိတဲ့အတွက်
စံတော်ချိန်သတင်း
ဂျာနယ် စာဖတ်သူများသို့ပြန်လည်တောင်းပန်ပြီ။
ဘုရားဟောမှာ
ကာလာမအမျိုးသားတွေကို
ဟောကြားတာဖြစ်လို့
ကာလာမသုတ္တန်လို့သာ
ရှိပြီး စံတော်ချိန်အယ်ဒီတာ
ဦးဌေးဝေမှ
ဆရာတော်တစ်ပါးဟောထားသည့်
တရားစာ(၆)ကြောင်းခန့်ရေးသားကာ
တရားအမည်ကို
အကိုးအကားပုံဖြင့်
ကုလားမသုတ္တာန်လို့
စာဖတ်ပြည်သူတွေ
အထင်အမြင်လွဲမှားအောင်
ရေးသားဖြန့်ဝေခဲ့သည့်အပေါ်
လူမှုကွန်ယက်များပေါ်သို့ပျံ့နှံ့ပြီး
ရှုံ့ချကန့်ကွက်မှုတွေ
များခဲ့ပါတယ်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့
ရန်ကုန်အနေနဲ့
ကတော့ ဖုန်းဆက်ထောက်ပြတာရှိသလို
ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်
ပြန်လည်ပြီး
အမှားပြင်ဆင်ချက် ထည့်ပေးမည်လို့
ပြောတဲ့အတွက်
အမှားပြင်ဆင်ချက်လောက်နဲ့တော့
မရဘူး စာဖတ်ပရိတ်သတ်ကို
ထင်ယောင်ထင်မှား
ဖြစ်အောင်ရေးသားဖော်ပြခဲ့မိတဲ့အတွက်
ပြန်လည်တောင်းပန်သင့်တယ်လို့ဆိုတဲ့အခါမှာ
ကတိပေးခဲ့ပါတယ်
ယနေ့ ၇.၉.၂၀၁၆ ရက်နေ့မှာတော့
စံတော်ချိန်သတင်းဂျာနယ်ကနေ
တောင်းပန်ဖြေရှင်း
ခဲ့တာဖြစ်ပါတယ်။
ဘာသာသာသနာစော်ကားလို့
တရားစွဲဆိုမယ်ဆိုရင်လည်း
ရပါတယ်
ဒါကတော့ လူပုဂ္ဂိုလ်တွေ
အပိုင်းပါ
ှရဟန်းသံဃာတွေအနေနဲ့ကတော့
လူပုဂ္ဂိုလ်တွေအပေါ်
တရားစွဲဆိုပိုင်ခွင့်မရှိပါဘူး
လူပုဂ္ဂိုလ်တွေကသာ
ရဟန်းသံဃာအပေါ်တရားစွဲခွင့်
ပြုထားတဲ့ဥပဒေကြီးရှိနေတော့
စော်ကားရင်
ခံပေးအုံးတော့
တောင်းပန်ရင်ခွင့်လွတ်ပေအုံးတော့ပေါ့ဗျာ
တောင်းပန်ရင်
ကြေအေးခွင့်လွတ်ရတဲ့အပိုင်းသာ
ရှိပါတယ်။
။
၇.၉.၂၀၁၆
အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ)